နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း-ရုရှားစစ်ပွဲကိုရပ်ရန်အမေရိကန်အစိုးရ၏တွန်းအားပေးနေသည့်မူချမှတ်ထားမှုသည်မဟာမိတ်နိုင်ငံများကို စိုးရိမ်တပ်လှန့်သွားစေခဲ့သည်။

ဧပြီလ (၂၅) ရက်။

ထရန့်အစိုးရ၏ မူဘောင်ချမှတ်ထားမှုတွင် ယူကရိန်းမှ များပြားသည့် လိုက်လျောမှုကို လုပ်ဆောင် ပေးရမည်ဖြစ်သည်ဟုဆိုသည်။ ခရိုင်းမီးယားကို ရုရှား၏နယ်မြေအဖြစ် တရားဝင် အသိအမှတ်ပြုပေးရမည်ဖြစ်ပြီး နယ်မြေအများအပြားကိုလည်း ပေးအပ်လိုက်ရမည် ဖြစ်သည်ဟု သိရှိသောအရာရှိတဦးက ပြောခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ဒုသမတဂျေဒီဗန့်က “ ဒီနေ့ ရုရှားထိန်းသိမ်းထားတဲ့ နယ်မြေအခြေအနေတိုင်း ထိန်းထားပြီး နယ်ခြားကို သတ်မှတ်ရမယ်” ဟု ပြောဆိုထားသည်။

ရုရှားက ဘာတွေပြန်ပြီးပေးရမလဲလို့ မေးတဲ့အခါ ထရန့်က “စစ်ကို ရပ်မယ်” လို့ ပြောပြီး “ဒါကနိုင်ငံတစ်ခုလုံးကို ရယူဖို့ လုပ်တာမဟုတ်ရင်တော့ အရမ်းကို ကြီးမားတဲ့လိုက်လျောမှုပဲ” ဟု မှတ်ချက်ပေးခဲ့သည်။

မဟာမိတ်အများအပြားသည် ထရန့်အစိုးရ၏အဆိုပြုချက်ကြောင့် တုန်လှုပ်ခြောက်ခြား သွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဆိုပြုချက်သည် အလွန်အန္တရာယ်ရှိသော သတင်းစကားကို ပူတင်နှင့် ရှီကျင့်ဖျင့် အပါအဝင် အခြားကမ္ဘာ့ခေါင်းဆောင်များအား ပေးလိုက်ခြင်းဖြစ်ပြီး တရားမဝင်သိမ်းပိုက်အုပ်စိုးခြင်းကို ဆုလာဒ်အဖြစ် ရမည်ဆိုသည့် သတင်းကို ပေးလိုက်ခြင်းဖြစ်သည်။

“ဒါဟာ နိုင်ငံတကာဥပဒေရဲ့အခြေခံကျတဲ့စည်းမျဥ်းဥပဒေတခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ အခြားနိုင်ငံများရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရဲ့ ဘယ်အကာအကွယ်မျိုးကိုမဆို အားနည်းအောင် လုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့ တည်ရှိနေမှုကို ခြိမ်းခြောက်စေတဲ့ အကြောင်းဖြစ်ပါတယ်” ဟု အရှေ့ဥရောပသံတမန်တဦးက CNN ကို ပြောခဲ့ပါသည်။

ဥရောပရှိ နိုင်ငံတစ်ခုဟာ ဖိအားပေးခံရပြီးသူ့ တရားဝင်တည်ရှိနေတဲ့ နိုင်ငံပိုင်နက်နယ်မြေ တစိတ်တပိုင်းကို ပေးအပ်ခိုင်းစေမယ်။ အခုယူကရိန်းလို လုပ်ခိုင်းစေမယ်ဆိုရင် နေတိုးအဖွဲ့ဝင် ဖြစ်ဖြစ် မဖြစ်ဖြစ် ဥရောပမှာရှိတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လိုမှ လုံခြုံတယ်လို့ ခံစားရနိုင်လိမ့်မယ် မဟုတ်ပါဘူး” ဟု သံတမန်က ပြောကြားခဲ့ပါသည်။

ယူကရိန်းပိုင် ခရိုင်မီးယားကို ရုရှားက မတရားသိမ်းပိုက်ခဲ့သော်လည်း ရုရှားပိုင်အဖြစ် သတ်မှတ်ခြင်းကို လက်တွေ့ကျကျ အမေရိကန်က အသိအမှတ်ပြုပေးခြင်းသည် အမေရိကန်၏ နှစ်ပေါင်းများစွာ ကျင့်သုံးလာသည့် ရုရှားအပေါ်ထားရှိသည့်ပေါ်လစီ ပြောင်းလဲသွားကြောင်း အတည်ပြုချက် ဖြစ်သည်။ ဥရောပအရာရှိများက သူတို့အနေနှင့် အမေရိကန် အသိအမှတ်ပြုပေးမှုကို လက်မခံကြောင်း ပြောကြားခဲ့ကြပြီး အမေရိကန်ကို အထီးကျန် ဖြစ်စေခဲ့သည်။

အာရှရှိမဟာမိတ်များသည်လည်း သေကြေမှုများအများအပြားဖြစ်ခဲ့သည့် စစ်ကိုအဆုံး သတ်ရန် အတွက် ရုရှားကို မျက်နှာသာပေးသည့် သဘောတူညီကြောင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ကြသည်။

အမေရိကန်မိတ်ဖက်များ၏သီးသန့်ဆွေးနွေးမှုများတွင် အာရှသံတမန်များက ယူကရိန်း နယ်နမိတ်ကို သတ်မှတ်၍ဖြေရှင်းပေးခြင်းသည် နိုင်ငံတကာစည်းမျဥ်းကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေမည့်အရေးကို သူတို့အနေနှင့် စိုးရိမ်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်။

“ တရုတ်က စောင့်ကြည့်နေတယ်လို့ ကျွန်တော်တို့က ထရန့်အစိုးရကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့စိုးရိမ်တာက စစ်ပြီးဆုံးသွားရင် သူတို့အနေနဲ့သွေးထွက် သံယိုမှုတွေကို ကျူးလွန်ခဲ့တဲ့ရုရှားကို စစ်ရပ်ဆိုင်းနိုင်ဖို့အတွက် အသာပေးပြီး ပိုင်ဆိုင်ခွင့်ပေးလိုက်ဟာ နောက်လူတွေကိုလည်း ဒီလိုလုပ်နိုင်တယ်ဆိုတဲ့အချက်ပေးလိုက်မှာကို စိုးရိမ်တာဖြစ်တယ်” ဟု အာရှသံတမန်တဦးကဆိုသည်။

မျက်လုံးများအားလုံးသည် ထရန့်အထူးသံတမန် စတိ့ဗ်ဝတ်ကော့ဗ် (Steve Witkoff) နှင့် ပူတင်တို့ သောကြာနေ့တွင် တွေ့ဆုံမည့်အခြေအနေကို အာရုံစိုက်နေကြသည်။

ဥရောပနိုင်ငံများ

ယူကရိန်းနှင့် အမေရိကန်အရာရှိများ ဗုဒ္ဓဟူးနေ့က လန်ဒန်တွင် ဆွေးနွေးခဲ့မှုသည် တိုးတက်မှုရှိသည်ဟုဆိုသည်။ သို့ရာတွင် ဥရောပနိုင်ငံအများအပြားက တိုးတက်လာမှု အခြေအနေသည် ထရန့်၏ အမြန်ဆုံးစစ်ကို ရပ်ဆိုင်းချင်သည့် ရည်မှန်းချက်ကို ကျေနပ်လောက်အောင်ဖြစ်စေမည် မဟုတ်ကြောင်း စိုးရိမ်ခဲ့ကြသည်။

ပူတင်က အမေရိကန်၏ မျက်နှာသာရရှိရန် ဝတ်ကော့ဗ် (Witkoff) အား မည်သို့သော အပိုကတိများပေးမည်ကို စိုးရိမ်မှုများလည်း ရှိနေပြီး ရုရှားသမ္မတကို အယုံအကြည်မရှိရန် ဥရောပခေါင်းဆောင်များက သတိပေးထားခဲ့သည်။

ရုရှနိုင်ငံ ကိယက်ဗ်မြို့ကို အသေအပျောက်အပျက်အစီးများကို ဖြစ်စေသည့် ဒုံးကျည်ပစ်ခတ်မှုအပြီး ရုရှားခေါင်းဆောင်ကို မကျေနပ်ကြောင်း ကြာသပတေးနေ့ မနက်ပိုင်းမှာ ထရန့်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒါဟာ မလိုအပ်ဘဲနဲ့ အလွန်ဆိုးရွားတဲ့အချိန် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါသည်။

“ ဗလာဒီမာ၊ ရပ်လိုက်ပါတော့။ တစ်ပတ်မှာ စစ်သား ၅၀၀၀ သေဆုံးနေပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရရှိအောင် လုပ်ကြပါစို့” ဟု Truth Social တွင် ထရန့်က ရေးသားခဲ့သည်။

သို့သော် နာရီပိုင်းအကြာတွင် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးကို လိုလားသည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 66 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို
နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 21 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ရန် ကိဗ် (ယူကရိန်းအစိုးရ) ၏ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း အမေရိကန်ပြောကြား၊ လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားကြောင်း သတင်းရရှိ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို