နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန် အဆင့်မြင့်အရာရှိတစ်ဦးက သတိပေးပြောကြား ထားသည်။

CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်

အီရန်၏ ခေါင်းဆောင်သစ်အဖြစ် လုပ်ကြံခံလိုက်ရသည့် ရေရှည်အုပ်ချုပ်သူ အလီ ခါမေနီ၏ ဒုတိယမြောက်သား မော့ဂျတာဘာ ခါမေနီအား နိုင်ငံ၏ နောက်ထပ် အာဏာအရှိဆုံး ခေါင်းဆောင်ကြီး (Supreme Leader) အဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခါမေနီ၏သားကို ရွေးချယ်ခြင်းသည် “လက်ခံနိုင်ဖွယ် မရှိသော” ရွေးချယ်မှုဖြစ်ကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။ တီဟီရန်မြို့ရှိ ရေနံ သိုလှောင်ရုံ များကို အစ္စရေးက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ပြီး နာရီပိုင်း အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် စစ်သည်တစ်ဦး သေဆုံးခဲ့။ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အမေရိကန် စစ်ဘက်ဝင် သတ္တမမြောက်တစ်ဦး ထပ်မံသေဆုံး သွားခဲ့သည်။

ကျောင်းတိုက်ခိုက်ခံရမှုဖြစ်ခဲ့သည့်လက ကျောင်းသား ၁၆၀ ကျော် သေဆုံးခဲ့ရသည့် အီရန်မူလတန်းကျောင်းနှင့် ကပ်လျက်ရှိသော ရေတပ်အခြေစိုက်စခန်းတစ်ခုကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဗီဒီယိုအသစ်များက အတည်ပြု နေပုံရသည်။ ကာကွယ်ရေးဝန်ကြီး ပိ့ ဟက်ဆက်သ် (Pete Hegseth) က အမေရိကန် အနေဖြင့် “စုံစမ်းစစ်ဆေးနေဆဲ” ဖြစ်သည်ဟု ဆိုသော်လည်း၊ ထရန့်ကမူ ၎င်းကိစ္စအတွက် အီရန်ကိုသာ လက်ညှိုးထိုး အပြစ်တင်နေသည်။

ရေနံစျေးနှုန်းများ ထိုးတက်သွားခြင်း။ အမေရိကန်တွင် ရေနံစျေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့ပြီး၊ ယင်းမှာ ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်း ကျူးကျော်မှုနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

မော့ဂျတာဘာ ခါမေနီသည် မဖြစ်နိုင်လောက်သော အလုပ်တစ်ခုကို ဆက်ခံရရှိထားခြင်း ဖြစ်ပြီး ၎င်းသည် “ယာယီအကူးအပြောင်းကာလ ခေါင်းဆောင်” သာ ဖြစ်လာနိုင်ခြေ ရှိကြောင်း CNN ၏ ကမ္ဘာ့ရေးရာလေ့လာဆန်းစစ်သူက ပြောကြားခဲ့သည်။

“သူဟာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းမှာ စစ်ရေးအင်အား အတောင့်တင်းဆုံး အစ္စရေး၊ ပြီးတော့ သူ့ရဲ့ကိုယ်ပိုင် လူ့အဖွဲ့အစည်းတို့နဲ့ စစ်ဖြစ်နေတဲ့ အစိုးရအဖွဲ့ကို ဆက်ခံနေရတာပါ” ဟု Carnegie Endowment for International Peace မှ ဝါရင့်သုတေသနအဖွဲ့ဝင် ကရင် ဆဒ်ဂျာပူရ် (Karim Sadjdapour) က CNN မှ အန်ဒါဆန် ကူးပါး (Anderson Cooper) ကို ပြောကြားခဲ့သည်။

ထို့အပြင် မော့ဂျတာဘာသည် လက်ရှိတွင် ဒဏ်ရာရရှိထားပြီး “ပစ်မှတ်ထားခံထားရသည့် အခြေအနေ” ဖြင့် ပုန်းအောင်းနေထိုင်နေရကာ အီရန်ပြည်သူများကလည်း ၎င်း “သေဆုံးပါစေ” ဟု ကြွေးကြော်နေကြပြီဖြစ်ကြောင်း ဆဒ်ဂျာပူရ်က ဆက်လက်ပြောဆိုသည်။

ယခုနှစ်အစောပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး အာဏာပိုင်များက လမ်းပေါ်ထွက်သူများကို အကြမ်းဖက် နှိမ်နင်းခဲ့ကြသည်။

“သူ့ကို အချိန်အကြာကြီး သိခဲ့တဲ့သူတစ်ယောက်ကို ကျွန်တော် မေးကြည့်ဖူးတယ်၊ သူ ဘယ်လိုများ အုပ်ချုပ်မလဲဆိုတော့… သူက အုပ်ချုပ်ဖို့ကို အာရုံစိုက်နေတာမဟုတ်ဘူး၊ အသက်ရှင်သန်ဖို့ကိုပဲ အာရုံစိုက်နေတာလို့ အဲဒီလူက ဖြေတယ်” ဟု ဆဒ်ဂျာပူရ်က ဆိုသည်။

တနင်္ဂနွေနေ့က တီဟီရန်အနောက်မြောက်ပိုင်းရှိ ရှာရန် (Shahran) ရေနံချက်စက်ရုံကို ညလုံးပေါက် လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် လူနေအဆောက်အအုံတစ်ခုအနီးတွင် မီးခိုးအမည်းရောင်များ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

တီဟီရန်မြို့ခံတစ်ဦးက CNN သို့ ပြောကြားရာတွင် အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲများ ပြင်းထန်လာနေသဖြင့် မြို့မှ ထွက်ခွာသင့်၊ မသင့်အပေါ် သူနှင့် ဇနီးဖြစ်သူတို့ သဘောထားကွဲလွဲနေကြသည်ဟု ဆိုသည်။

“စစ်စတင်ကတည်းက စနေနေ့ညက လောင်စာဆီသိုလှောင်ရုံတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အပြင်းထန်ဆုံး ဗုံးကြဲမှုပဲ” ဟု ၎င်းက ပြောသည်။ “လူတွေဟာ စိုးရိမ်နေကြပြီး ဖိအားတွေ အများကြီးအောက်မှာ ရောက်နေကြတယ်။ ဒီနေ့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ရန်ဖြစ်ကြပြီး သူကတော့ တီဟီရန်ကနေ ထွက်ပြီး သူ့မိဘတွေဆီ သွားနေဖို့ စဉ်းစားနေတယ်…”

သို့သော် သူကမူ မထွက်ခွာလိုပေ။ သူသည် သူ၏လုပ်ဖော်ကိုင်ဖက်များအတွက် စိုးရိမ်နေသလို၊ ဇန်နဝါရီလက ဖြစ်ပွားခဲ့သော ကြီးမားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကဲ့သို့ လမ်းပေါ်ထွက်ရန် အခွင့်အရေး တစ်ဖန်ပြန်ရလာနိုင်သည်ဟုလည်း ယုံကြည်နေသည်။

“ကျွန်တော် မြို့ကနေ မထွက်ချင်ဘူး။ ပြီးခဲ့တဲ့ အရေးအခင်းတုန်းက နှိမ်နင်းမှုတွေအတွက် တာဝန်ရှိတဲ့သူတွေအားလုံး သေတာကို စောင့်ကြည့်ချင်တယ်။ ကျွန်တော့်ရဲ့ မောင်နှမတွေကို ပစ်သတ်ခဲ့တဲ့သူတွေရဲ့ အလောင်းပေါ်မှာ ကခုန်ချင်တယ်။ ကလဲ့စားချေချင်တယ်” ဟု ၎င်းက ဆိုသည်။

သို့သော် စစ်ပွဲကြာရှည်လာသည်နှင့်အမျှ အစိုးရထောက်ခံသူများကလည်း ပိုမိုရဲတင်း လာကြ ကြောင်း ၎င်းက ပြောသည်။ တီဟီရန်မြို့တွင် ညတိုင်းလိုလို အစိုးရထောက်ခံသူများက အီရန် အလံများကို ဝှေ့ယမ်းကာ နိုင်ငံရေးကြွေးကြော်သံများဖြင့် “မော်တော်ယာဉ် စီတန်းလှည့်လည် ပွဲ” များကဲ့သို့ စုဝေးမှုများ ပြုလုပ်နေကြသည်။

“သူတို့က ဒါကို အစိုးရအဖွဲ့ဝင်တွေနဲ့ တခြားထောက်ခံသူတွေကို အားပေးဖို့ လုပ်နေကြတာ။ တစ်ချိန်တည်းမှာပဲ ‘ငါတို့ အပြင်းအထန် တိုက်ခိုက်ခံနေရပေမဲ့ လမ်းမတွေကိုတော့ ဆက်ပြီး ထိန်းချုပ်ထားတုန်းပဲ’ ဆိုတာကို အတိုက်အခံတွေကို ပြသနေတာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက