နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ထရန့်သည် သူ၏အရှေ့အလယ်ပိုင်းခရီးစဥ်တွင် အစ္စရေးကို သွားရောက်မည်မဟုတ်

၎င်း၏ ဒုတိယသမတ သက်တမ်း၏ ပထမဆုံးသော နိုင်ငံတကာခရီးစဉ်တွင် သမ္မတ ‌ဒေါ်နယ်ထရန့် သည် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယခုအခါ ကာတာနိုင်ငံသို့ ထွက်ခွာကာ ယူအေအီးသို့ သွားရောက်မည်ဖြစ်သည်။

သို့ရာတွင် သူက အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သည့် အစ္စရေးကို သွားရောက်မည် မဟုတ်ဟုသိရသည်။

အများရှေ့ဆွေးနွေးမှုတွင် ဂါဇာကမ်းမြောင်စစ်ပွဲနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်း မရှိချေ။ ထရန့်သည် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆာလ်မန် (Mohammed bin Salman) နှင့် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးခဲ့ပြီး ကြားဖြတ် ဆီးရီးယားသမ္မတ အာမက်အယ်ရှာရာ (Ahmad al-Sharaa) နှင့် တွေ့ဆုံပြီးနောက် ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်သော်လည်း ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ပြောဆိုခြင်း မရှိခဲ့ပေ။

အစ္စရေး၏ ညတွင်းချင်း တိုက်ခိုက်မှုများ

ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် တစ်ညတည်းတွင် အနည်းဆုံး လူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အများစုမှာ Jabalya ဒုက္ခသည်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း အင်ဒိုနီးရှားဆေးရုံမှ သူနာပြုတစ်ဦးက CNN သို့ ပြောကြား ခဲ့သည်။ အစ္စရေးတောင်ပိုင်းကို ဒုံးကျည်သုံးစင်း ပစ်ခတ်ခံရပြီးနောက် အင်္ဂါနေ့ည နှောင်းပိုင်းတွင် အဆိုပါဒေသကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

စစ်ပွဲကိုအဆုံးသတ်လိုကြောင်း ထရန့်က ရှင်းရှင်းလင်းလင်းပြောကြားထားပြီး ၎င်း၏ ခရီးစဉ်အတွင်း ဂျေရုဆလင် သို့မဟုတ် တယ်အဗစ် (Tel Aviv) တွင် ရပ်တန့်နိုင်ခြေကို အစ္စရေးတာဝန်ရှိသူများက မေးမြန်းရန် ကြိုးပမ်းခဲ့သည်ဟု CNN က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ သို့သော်၊ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ထရန့်အတွက် “ ရလဒ်” မရှိဘဲ၊ သူ့အနေနှင့် အစ္စရေးနိုင်ငံသို့ လည်ပတ်မည်မဟုတ်ကြောင်းသတင်းရင်းမြစ်တစ်ခုက CNN သို့ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမြို့တော်သည် ပြန့်ပွားနိုင်ဖွယ်ရှိသည့် ‘လူဖန်တီးသော’ အငတ်ဘေးကို ခံစားနေရသည်ဟု ကုလသမဂ္ဂ ကျောထောက် နောက်ခံပြုထားသည့် ပဏာမအစီအစဥ်တခုက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 18 Views
CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၂ရက် ဂါဇာကမ်းမြောင်ဒေသ၏ အစိတ်အပိုင်းများသည် “လူဖန်တီးသော” အငတ်ဘေးကို တရားဝင် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ဖြင့် ရပ်တန့်နေချိန်တွင် ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် ထရန့် ၏ သဘောထားပြောင်းလဲလာခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 15 Views
CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၂ရက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ဖြင့် ရပ်တန့်နေချိန်တွင် ရုရှားကို ဆန့်ကျင် တိုက်ခိုက်ရန်အတွက် ယူကရိန်းကို ကျိုးကြောင်းဆီလျော်မှုရှိသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမြို့ကို အစ္စရေးက စတင်ထိုးစစ်ဆင်နေချိန်မှာ အင်အားကုန်ခန်းနေသည့် အစ္စရေးစစ်တပ်သည် လူအင်အားပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 36 Views
CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၁ရက် ဂါဇာမြို့တော်ကို အကြီးအကျယ် ချေမှုန်းရေး၏အစောဆုံးအဆင့်များ အကောင်အထည် ဖော်နေချိန်တွင် အစ္စရေးက လာမည့်စစ်ရေးစစ်ဆင်ရေးတွင် ပါဝင်ရန် အရန်တပ်သား ထောင်ပေါင်းများစွာကို ခေါ်ယူနေခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုက ဂါဇာမြောက်ပိုင်းတွင် အကြီးဆုံးမြို့ကို သိမ်းပိုက်မှုသည်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိလူများကို အစုလိုက်အပြုံလိုက်နေရာ ရွှေ့ပြောင်းခြင်းသည် ‘အနီရောင်မျဉ်း’ ဖြစ်သည်ဟု အီဂျစ် သတိပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 44 Views
CNN-ရာဖာ၊ အီဂျစ်။ ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းများကို ရွှေ့ပြောင်းခြင်းမှာ အနီရောင်မျဉ်းဖြစ်ပြီး ကိုင်ရိုသည် မည်သည့်ပါတီကိုမဆို အီဂျစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး သို့မဟုတ် အချုပ်အခြာအာဏာကို အန္တရာယ်ပြုစေခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အဘီလက်တီ (Badr Abdelatty) က
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဗလိုဒီမာဇလန်းစကီး နှင့် ဥရောပခေါင်းဆောင်များသည် အိမ်ဖြူတော်တွင် ဒေါ်နယ်ထရန့်နှင့် ယူကရိန်းအရေးဆွေးနွေးပွဲကို ကျင်းပနေကြသည် –

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 46 Views
BBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၉ရက် ယခုအခါတွေ့ဆုံမှုသည် ယခင်ဘဲဥပုံရုံးခန်းတွင်တွေ့ဆုံခဲ့စဥ်က တင်းမာစကားအခြေအတင် ပြောခဲ့စဥ်ကနှင့်မတူဘဲ နှစ်ဖက်ပြုံးပြုံးရွှင်ရွှင်ရှိခဲ့ကြသည်ကိုတွေ့ရှိရသည်။ ပထမအပစ်ရပ်ရေး ပထမပြုလုပ်ကြမည်ဖြစ်ပြီးထို့နောက်တွင် ငြိမ်းချမ်းရေးရရှိရန် ကိစ္စကို ဆက်လက်ဆွေးနွေးကြမည်ကိုဇလန်းစကီးနှင့်ဥရောပမဟာမိတ်များကလိုလားကြသည်။ ထရန့်ကအိမ်ဖြူတော်သို့အင်အားကြီးသောဥရောပနိုင်ငံ(၇)နိုင်ငံမှ ခေါင်းဆောင်များလည်း သူနှင့်ဇလန်းစကီးတို့နှင့်တွေ့ဆုံဆွေးနွေးရန် ရောက်နေပြီဖြစ်ကြောင်းပြောကြားခဲ့ သည်။ တွေ့ဆုံမှုအစတွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် အပစ်အခတ်ရပ်စဲရေး ရပ်တည်ချက်ကို ပြောင်းလိုက်ပြီး ရုရှား၏ ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူရန် ယူကရိန်းကို တိုက်တွန်းခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်
  • 47 Views
ဘီဘီစီ- ၂၀၂၅၊ သြဂုတ်လ ၁၇ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီးနောက် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကို ကျော်လွန်၍ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက် ကိုတိုက်ရိုက်ပြုလုပ်ရန် ပြုလိုကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အဓိက ရပ်တည်ချက် အပြောင်းအလဲတစ်ခုတွင်၊ အမေရိကန်သမတက
ပြင်သစ် ဗြိတိန် ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ရုရှားအပေါ် “ဖိအားပေးခြင်းကိုဆက်လက်ထိန်းထားရန်” အချိန်ဖြစ်သည်ဟု – ဥရောပ ခေါင်းဆောင်များက ဇလန်းစကီးကို တုံ့ပြန်အားပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 50 Views
ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင်များထံမှ မှတ်ချက်များ ထပ်မံထွက်ပေါ်လာသည်။ ယူကရိန်းမှာ ငြိမ်းချမ်းရေး မပြီးမချင်း ရုရှားအပေါ် ဖိအားတွေကို ဆက်လက်ထိန်းထားဖို့ ဥရောပခေါင်းဆောင်တွေက လုပ်ဆောင်ဖို့ မရှိမဖြစ် လိုအပ်တယ်” ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောခဲ့သည်။
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

လက်ယာစွန်းအစ္စရေးဝန်ကြီးက ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားကို ကဲ့ရဲ့ရှုတ်ချခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 45 Views
ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်အသစ်တွင် လက်ယာစွန်းအစ္စရေးဝန်ကြီး အီတာမာဘင်ဂဲဗီယာ (Itamar Ben Gvir) သည် အစ္စ‌ရေးအကျဉ်းထောင်အတွင်း အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာရာဝမ် ဘာရုဂူတီ (Marwan Barghouti) ကို ဝင်ရောက်တွေ့ပြီးနောက် ကဲ့ရဲ့ရှုတ်ချခဲ့ ခြင်းဖြစ်သည်။