နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနှင့် ယူကရိန်း သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ဘဲ စစ်သုံ့ပန်း လဲလှယ်ရေးသာ သဘောတူညီမှုရ

မေလ (၁၆) ရက်။

၁၆ ရက်နေ့က ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်လာမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ရရှိရန် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တူရကီ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးဆိုင်ရာ အချက်အလက်များတွင် ကြီးမားသော ကွာဟချက်ရှိပြီး အပစ်အခတ်ရပ်စဲရေးရရှိရန် အာရုံစိုက်မှုအပါအဝင် စေ့စပ်ညှိနှိုင်းမှုများမှာ ခက်ခဲနေပုံပေါ်သည်။ သို့သော်လည်း ယူကရိန်း စစ်သုံ့ပန်း ၁,၀၀၀ နှင့် ရုရှား စစ်သုံ့ပန်း ၁,၀၀၀ လဲလှယ်ရန် သဘောတူညီခဲ့ကြောင်း ကြေညာခဲ့သည်။

သမ္မတဇလန်းစကီးက ပူတင်နှင့် ထိပ်သီးအစည်းအဝေးကျင်းပရန် တောင်းဆိုခဲ့သော်လည်း အကြီးတန်းအရာရှိ အဆင့်မှာသာ တွေ့ဆုံမှု ရရှိခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၂ ခုနှစ် မတ်လတွင် အစ္စတန်ဘူလ်တွင် ပြုလုပ်ခဲ့သော ယခင်ညှိနှိုင်းမှုများတွင် ပါဝင်ခဲ့သည့် သမ္မတအကြံပေးက ဦးဆောင်ခဲ့သည်။ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဝန်ကြီးက ဦးဆောင်ခဲ့သည်။

တိုက်ရိုက်ညှိနှိုင်းမှုသည် ၁ နာရီ မိနစ် ၄၀ ခန့်အကြာတွင် ပြီးဆုံးခဲ့သည်။ ရိုက်တာသတင်းအရ ယူကရိန်းသံတမန်သတင်းရင်းမြစ်တစ်ခုက ရုရှား၏ တောင်းဆိုချက်များကို လက်တွေ့မကျဟု ဝေဖန်ခဲ့သည်ဟု သိရသည်။ ယူကရိန်းမီဒီယာများ၏ ဖော်ပြချက်အရ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် အခြေအနေတစ်ရပ်အနေဖြင့် ရုရှားတပ်များက မသိမ်းရသေးသော ယူကရိန်းပိုင်နေရာအချို့မှ ယူကရိန်းတပ်ဖွဲ့ဝင်များကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီးဖီဒန်က “ အခု လမ်းကြောင်းနှစ်ခု ရှိပါတယ်၊ တစ်ခုက ငြိမ်းချမ်းရေးပါ။ နောက်တစ်ခုက ဖျက်ဆီးမှုနဲ့ သေဆုံးမှုတွေ ပိုများတဲ့လမ်းပါ” ဟု ပြောကြားခဲ့သည်။

ကျိုဒိုသတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 41 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က