နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 26 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်း ဝန်မလေးကြပါဘူး။

ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက အဓိက လူသားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ဆန္ဒပြခွင့်၊ ထုတ်ဝေခွင့်တွေကို တန်ဖိုးထားတဲ့ ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံ အမေရိကန်မှာတောင် ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဥ်းလာနေပြီ ဖြစ်ပါတယ်။

ဒီကနေ့ကမ္ဘာ့အာဏာစဥ်မှာ အင်အားကြီးနိုင်ငံတွေက အင်အားကသာ အရာရာကို ဆုံးဖြတ်တယ်။ အင်အားကြီးတဲ့ နိုင်ငံလုပ်သမျှက တရားတယ် မှန်တယ်၊ ဘာမှ ပြန်ပြောနေစရာ မလိုဘူး။ နာခံရမယ်ဆိုတဲ့ အယူအဆတွေ လွှမ်းမိုးလာခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေကြားမှာ လာအိုနိုင်ငံငယ်လေးကလွဲပြီး မြန်မာနိုင်ငံထက် စီးပွားရေး၊ စစ်အင်အား၊ တိုးတက်မှုအရာတွေအားလုံး အိမ်နီးချင်းနိုင်ငံတွေက သာနေပါတယ်။ ဒါကြောင့် သူတို့ပြုသမျှကို ခေါင်းငုံခံရတဲ့ဘဝကို ရောက်လာတယ်လို့ မြင်ပါတယ်။ မြန်မာတော်လှန်ရေး အင်အားစုများအကြား ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်းကလည်း အားနည်းချက်တခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

မကြာသေးမီက အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင် ကမ္မကြီးကျေးရွာအနီး မြန်မာဖက်ခြမ်းနယ်စပ်မှာ ယာယီစခန်း ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတဲ့ ပကဖ ရဲဘော် (၁၀) ဦးကို မေလ ၁၄ရက်နေ့က အိန္ဒိယ နယ်ခြားစောင့်တပ် အာသံရိုင်ဖယ်တပ်ရင်း (၁) ကနေ မြန်မာပြည်တွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ညှင်းဆဲသတ်ဖြတ်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသည့် ပကဖ ရဲဘော် (၁၀) ဦးကို တွေ့ရစဉ်

ရဲဘော်များစခန်းတွင် ပျောက်ဆုံးနေကြောင်း သိရတဲ့အတွက် စုံစမ်းရာကနေ အိန္ဒိယနယ်ခြားစောင့်တပ်က သူတို့ကို ပကဖရဲဘော်တွေက အိန္ဒိယနိုင်ငံတွင်း ဝင်ရောက်လာပြီး စတင်ပစ်ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး ရဲဘော် ၁၀ ဦးစလုံး သေဆုံးသွားကြောင်း ပြောခဲ့ပေမဲ့ တိုက်ပွဲဖြစ်သံ သေနတ်သံတွေကို အနီးနားရှိ ကျေးရွာမှာ မကြားသိရဘဲ ရှိခဲ့သလို အိန္ဒိယဖက်ကို ရဲဘော် (၁၀) ဦးလုံးက ဘာမဟုတ်တဲ့အင်အားနဲ့ ဝင်ရောက် ကျူးကျော် တိုက်ခိုက်ရလောက်တဲ့ အငြင်းပွားမှုလည်း မရှိဘဲ (၁၀) ဦးလုံး တစ်ယောက်မကျန် သေဆုံးသွားခဲ့ခြင်းဟာ လုံလောက်တဲ့ ဆင်ခြေမဟုတ်ဘူးလို့ မြင်ရပါတယ်။

အဲ့ဒီကျဆုံးရဲဘော်တွေရဲ့ ရုပ်အလောင်းကို ပြန်ပေးဖို့ကိစ္စကိုလည်း အချိန်ဆွဲထားခဲ့ပြီး နှစ်ရက်အကြာမှ ပြန်လည်ပေးပို့တဲ့အခါ ရဲဘော်တွေရဲ့ ကိုယ်ခန္ဓာတွေ ပုတ်ပွမြင်မကောင်းအောင် ဖြစ်နေတယ်လို့‌ ပကဖတာဝန်ခံတဦးက ဆိုပါတယ်။

အဓိကပြဿနာကတော့ အိန္ဒိယဖက်ခြမ်းကမြန်မာပိုင်းနက်မြေကိုတိုးပြီး ခြံစည်းရိုး ခတ်နေတာ ဖြစ်ပြီး တောမီးလောင်တောကြောင်လက်ခမောင်းခတ်ဆိုသလို မြန်မာပြည်တွင်းစစ် ဖြစ်ပွားနေချိန်မှာ နယ်မြေကို ရသမျှဖဲ့ယူနိုင်အောင် ခြံစည်းရိုးကို မြန်မာ့မြေအထိ တိုးချဲ့ခတ်ဖို့ လုပ်နေတဲ့ကိစ္စမှာ ပကဖတွေက နယ်စပ်မှာ ရှိနေတာကြောင့် သူတို့အနေနဲ့ ခိုးယူလို့ မလွယ်တဲ့အတွက် သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်ခြေအများကြီး ရှိပါတယ်။

ခရိုင်ပကဖတွေ လာရောက်တွေ့ဆုံတဲ့အခါမှာလည်း သူတို့က လက်လွန်ထားတဲ့အတွက် ပြန်လက်စားခြေမှာစိုးတဲ့အတွက် တဦးကို ဓားစာခံအဖြစ် ခေါ်ထားပြီးမှ ရုပ်အလောင်းတွေ တင်ထားတဲ့ကားကို ပေးလိုက်တယ်လို့လည်း သိရတယ်။ ပိုဆိုးတာက သူတို့ ကျူးလွန်တာတွေကို ဖုံးကွယ်ဖို့ အလောင်းတွေ ပြန်ယူချင်ရင် ပကဖတွေက စပစ်တာကြောင့် ဖြစ်ပါတယ်ဆိုတာနဲ့ နယ်စပ်ခြံစည်းရိုး ကာတာကို မတားပါဘူးဆိုတဲ့အချက်တွေကို သဘောတူ လက်မှတ်ရေးထိုးခိုင်းခဲ့တာပါပဲ။ စစ်ကောင်စီကတော့ ကိုယ့်နိုင်ငံသားတွေ သေတာထက် သူတို့ကို ဆန့်ကျင်သူတွေ သေတာကောင်းတယ်ဆိုပြီး သဘောကျနေမှာတော့ ကျိန်းသေတယ်။ နောက်တချက် အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီ ဘယ်လောက်ထိ ချိတ်ဆက်အပေးအယူမှုတွေ ပြုလုပ်ထားတယ် ဆိုတာလဲ တွေးစရာရှိတယ်။

အိန္ဒိယအစိုးရက မြန်မာတော်လှန်‌ရေးအဖွဲ့အစည်းတွေကို နိုင်မြင်းလို့ မထင်ခဲ့ဘဲ စစ်အစိုးရ အဆက်ဆက် ကိုသာ အလေးပေး ဆက်ဆံခဲ့ပါတယ်။ အခုပူပူနွေးနွေး ဒီကိစ္စ မဖြစ်ခင် တော်လှန်‌ရေး သမားတွေကို သစ္စာဖောက်ခဲ့ဖူးပါတယ်။ ဒီအကြောင်းကို ပြောရရင် ရင်နာစရာတွေ အပြည့်ရှိပါတယ်။ နောက်ကြောင်းလှန်ပြောရမယ်ဆိုရင်- ၁၉၉၁ ခုနှစ် ပထမရက္ခိုင့်တပ်မတော် (AA)ကို မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ အပါအဝင် မျိုးချစ်ရခိုင်မျိုးချစ်အဖွဲ့တစ်ဖွဲ့ကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့ခြင်းကနေစပြောရပါလိမ့်မယ်။

အဖွဲ့ကို ဖွဲ့စည်းပြီးပြီးချင်း မကြာမီမှာ အနည်းဆုံး AA လက်နက်ကိုင်အဖွဲ့ ၆၀ ခန့်ရှိခဲ့ပြီး ၁၉၉၁ ခုနှစ် မေလ အစောပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းအရပ်ကနေ ရခိုင်ပြည်နယ်ကို ထွက်ခွာဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ လမ်းခရီးမှာ တစ်လကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးတဲ့နောက် သူတို့ထဲက ၄၀ လောက်ပဲ နယ်စပ်ကို ဘေးကင်းစွာရောက်ရှိလာခဲ့ပါတယ်။ ၁၉၉၂ နဲ့ ၁၉၉၃ ခုနှစ်များအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်က တပ်ဖွဲ့ဝင်တွေက လက်နက်တွေကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသကို ထပ်မံပို့ဆောင်ပေးခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ် ဇန်နဝါရီလရောက်လာတဲ့အခါ ရခိုင်တော်လှန်ရေးအဖွဲ့လေးဖွဲ့ကို ပူးပေါင်းခဲ့ကြပြီး ရခိုင်အမျိုးသားညီညွတ်ရေးပါတီ National United Party of Arakan (NUPA) အဖြစ် ပေါင်းစည်းဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်တရပ်ကို ချခဲ့ကြပြီး စစ်ရေးလက်တန် အဖွဲ့အစည်းအဖြစ် ရခိုင်တပ်တော် (AA) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ ရခိုင်ပြည်သူတွေ မိမိတို့ပြည်နယ်ကို မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးပဲ ဖြစ်ပါတယ်။ AA ကို ဗိုလ်ချုပ် ခိုင်ရာဇာနဲ့ ဗိုလ်မှူး စောထွန်းတို့ အပါအဝင် တပ်မှူး ခုနစ်ဦးနဲ့ ပြန်လည် ဖွဲ့စည်း ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ရောက်လာတဲ့အခါ ရိုင်ဖယ် သေနတ် အလက် ၂၀၀ ခန့် ကိုင်ဆောင်ထားနိုင်ပြီး တပ်ဖွဲ့ဝင် ၅၀၀ ခန့်အထိ တိုးလာခဲ့သလို ရေတပ်တပ်ဖွဲ့ငယ်တခုကိုလည်း ထူထောင်လာနိုင်ခဲ့ပါတယ်။

၁၉၉၁ ခုနှစ် ရက္ခိုင့်တပ်မတော် (AA) ဖွဲ့စည်းပြီးနောက် ခိုင်ရာဇာဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီတခုဖြစ်တဲ့ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာရေးဌာန Research and Analysis Wing (RAW) က အရာရှိတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။

နောက်သုံးနှစ်အကြာမှာ ၁၉၉၄ ခုနှစ်ရောက်တဲ့အခါ ရခိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ RAW အရာရှိတွေ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး RAW အရာရှိတွေက အိန္ဒိယစစ်တပ်က တပ်မှူးတွေ အပါအဝင် ထောက်လှမ်းရေးအရာရှိများစွာတို့ကို ခိုင်ရာဇာနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

အဲဒီထဲမှာ စစ်ထောက်လှမ်းရေး အရာရှိချုပ် ဒု-ဗိုလ်မှူးကြီး ဘစ်ဝါဂျစ်ဆိုင်း ဂရီဝဲလ် (Lt.-Col. Biswajit Singh Grewal) တယောက်လည်း ပါဝင်ခဲ့ပါတယ်။ ဂရီဝဲလ်ဟာ မြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ အိန္ဒိယလူမျိုးဖြစ်ပြီး မန္တလေးတက္ကသိုလ်မှာ ပညာသင် ကြားခဲ့တဲ့သူ ဖြစ်သလို မြန်မာဘာသာ စကားကို ကျွမ်းကျင်စွာ တတ်မြောက်သူလည်း ဖြစ်ပါတယ်။ သူ့ ရဲ့ ဗမာအမည်ကတော့ နေဝင်း ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် အစောပိုင်းမှာ NUPA/AA နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ တောင်ပိုင်းရှိ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်နိုင်ဖို့ ကပ္ပလီပင်လယ်ပြင်မှာ အခြေစိုက်စခန်းတစ်ခု ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဗိုလ်မှူးကြီးစောထွန်းက ဒု-ဗိုလ်မှူးကြီး ဂရီဝဲလ်နဲ့ စကားပြောဆိုခဲ့ပြီး ဂရီဝဲလ်က NUPA/AA ကို ပထမဦးဆုံး Narcondam ကျွန်းမှာ အခြေစိုက်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ကမ်းရိုးတန်းကနေ ကီလိုမီတာ ၃၀၀ ခန့် အကွာ အန်ဒမန်ကျွန်းစု မြောက်ဘက်မှာရှိတဲ့ Landfall ကျွန်းမှာ အခြေစိုက်ဖို့ နေရာပြောင်းလဲ ခွင့်ပြုပေးခဲ့ ပြန်ပါတယ်။

နောက်တစ်လအကြာမှာ ဗိုလ်မှူးကြီးစောထွန်းကို ဂရီဝေါလ်က သူနဲ့ အတူ အိန္ဒိယစစ်တပ် လေယာဉ်နဲ့ Landfall ကျွန်းကို ခေါ်ဆောင်သွားပြီး ပြသခဲ့ပါတယ်။ အဲ့ဒီနှစ် မေလမှာ NUPA/AA က မရိန်းတပ်မှူး ဗိုလ်မှူး ခိုင်ကျော်ခိုင်နဲ့ အဖွဲ့ ဟာ ကျွန်းကို ပင်လယ်ဘက်ကနေ တက်ရောက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပြင်းထန် တဲ့ မုန်တိုင်းကြောင့် ကျွန်းကိုမတက်တော့ဘဲ လက်လျှော့ပြီး ပြန်လှည့်ခဲ့ရပါတယ်။ အဲ့ဒီနောက် ဂျွန်လမှာ ဂရီဝေါလ်က KNU နဲ့ NUPA/AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဘန်ကောက်ကို ပျံသန်းခဲ့ပါတယ်။ ဘန်ကောက်မှာ တွေ့ဆုံခဲ့ကြပြီး ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျွန်းကို ပြောင်းရွှေ့အခြေစိုက်ဖို့ ဂရီဝေါလ်က သဘောတူခဲ့ပါတယ်။

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ NUPA/AA က ၂၇ ဦးနဲ့ KNU က ၁၃ ဦး ခိုင်ရာဇာနဲ့ စောထွန်းတို့ ဦးဆောင်တဲ့ အမျိုးသား ၄၀ ပါ အဖွဲ့ဟာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ ကမ်းရိုးတန်းကနေ သင်္ဘောနှစ်စင်းနဲ့ Landfall ကျွန်းကို ထွက်ခွာခဲ့ကြပါတယ်။ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ညနေမှာ သူတို့ Landfall ကျွန်းကို ရောက်လာပြီး အဲဒီကျွန်းမှာ တစ်ညအိပ်ခဲ့ကြတယ်။

နောက်တနေ့ နံနက်စောစောအချိန်မှာ ဂရီဝေါ အပါအဝင် အိန္ဒိယစစ်တပ်က အရာရှိတွေက ကေအဲန်ယူ ခေါင်းဆောင်နှစ်ဦး ဖဒိုမှူးလွယ်၊ ဗိုလ်ကြီးမြင့်ဆွေနဲ့ NUPA/AA က ခေါင်းဆောင်လေးဦးဖြစ်တဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးကြီးစောထွန်း၊ ဗိုလ်ကြီးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင် စုစုပေါင်း ၆ ဦးကို ကွပ်မျက်သတ်ဖြတ်ခဲ့ပြီး ကျန် ၃၄ ဦးကို ဖမ်းဆီးထားလိုက်ပါတော့တယ်။

ဗိုလ်ချုပ်ခိုင်ရာဇာ
ရခိုင်ရေတပ်ခေါင်းဆောင် ဗိုလ်မှူးစိန်မောင်၊ ဗိုလ်မှူး ခိုင်ကျော်ခိုင်၊ ဗိုလ်ချုပ် ခိုင်ရာဇာ၊ ဗိုလ်ကြီး မြအောင်
(Photo courtesy Maj. Khine Kyaw Khine)
၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ရှိ ဗာရာဗာစခန်းတွင် ရိုက်ကူးခဲ့သည့် NULA/AA မှ Khaing Mra Wa, ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူး ခိုင်ကျော်ခိုင် (Photo courtesy Maj. Khine Kyaw Khine)

အဲ့ဒီအကွက်ဆင် လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်ရှိ အိန္ဒိယခွဲထွက်ရေးသမားတွေကို ကူညီနေတဲ့ “လက်နက်အရောင်း အဝယ်လုပ်တဲ့အဖွဲ့” ကို မြှော့စစ်ဆင်ရေး Leech နဲ့ ချေမှုန်းခဲ့ကြောင်း အိန္ဒိယစစ်တပ်က နယူးဒေလီကို သူတို့ ကျူးလွန်တဲ့ရာဇဝတ်မှုကို ဖုံးကွယ်ပြီး အသိပေးသတင်းပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ AA ကို စတင်တည်ထောင်သူခုနစ်ဦးအနက်က တဦးဖြစ်တဲ့ တပ်မှူးဟောင်း ခိုင်ကျော်ခိုင်က မကြာသေးမီက မြန်မာစစ်အစိုးရကို တိုက်ထုတ်ဖို့ ရည်ရွယ်ပြီး အိန္ဒိယရဲ့ကတိအတိုင်း သူတို့ကို လုံခြုံတဲ့နေရာအဖြစ်ပေးခဲ့တဲ့ လင်း(ဒ)ဖောလ် (Landfall) ကျွန်းကို ခေါင်းဆောင်တွေ သွားရောက်ခဲ့ကြောင်း ပြောပြခဲ့ပြီး အိန္ဒိယစစ်တပ်ဟာ သန္ဓေတည်စ ရခိုင်တော်လှန်ရေး အင်အားစုကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့ကြောင်းနဲ့ အဲ့ဒီလုပ်ရပ်ကို “ကျွန်ုပ်တို့ရဲ့ ရခိုင်လူမျိုးများအားလုံးက မမေ့နိုင်တဲ့ သစ္စာဖောက်မှုတစ်ခု” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အိန္ဒိယထောက်လှမ်းရေးအရာရှိဟောင်းနဲ့ RAW လက်ထောက်အကြီးအကဲဟောင်း DB Nandi က အိန္ဒိယစစ်တပ်ရဲ့စစ်ဆင်ရေးဟာ ရခိုင်တော်လှန်ရေးလှုပ်ရှားမှုကို ဖျက်ဆီးဖို့ အတိအလင်း ရည်ရွယ်ထားကြောင်း ၂၀၀၇ ခုနှစ်မှာ The Guardian ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အငြိမ်းစားယူခဲ့တဲ့ Grewal က စစ်ဆင်ရေးကို စစ်တပ်တခုတည်းက ဦးဆောင်လုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ နယူးဒေလီက ခွင့်ပြုချက်ပေးခဲ့တာဖြစ်ကြောင်း ဒေသတွင်းသတင်းတွေကို ပြောကြားခဲ့ပါတယ်။

ကျန်ဖမ်းဆီးခံရဲဘော်၃၄ယောက်မှာ အိန္ဒိယအစိုးရ၏ ဖမ်းဆီးမှုခံခဲ့ရပြီး အမှုကိုစစ်ဆေးခြင်း တရားစွဲဆိုခြင်းမပြုဘဲ ၆ နှစ်ကြာထိမ်းသိမ်းခဲ့ပြီးမှ ၂၀၁၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ကာလကတ္တားအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြသည်။ သူတို့ကိုကုလသမဂ္ဂမှဒုက္ခသည်များအဖြစ်သတ်မှတ်ပေးခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုအရ နယ်သာလန်နိုင်ငံမှနေထိုင်ခွင့်ပေးခဲ့တဲ့အတွက် အခုခါ နယ်သာလန် နိုင်ငံမှာ လွတ်လပ်တဲ့လူသားများအဖြစ် နေထိုင်လျက်ရှိပါတယ်။

ဗိုလ်ချုပ် ခိုင်ဇာရာ ဦးဆောင်ခဲ့သော ရခိုင်အမျိုးသားညီညွတ်ရေးပါ တီ/ရခိုင်ပြည်တပ်မတော် (NUPA/AA)ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ NUPA က ထုတ်ပြန် ကြေညာခဲ့တယ်။

အိန္ဒိယက ရခိုင်တော်လှန်ရေးကို မြန်မာစစ်တပ်နဲ့ပင်းပြီးတော့ အသေသတ်ဖို့ကြိုးပမ်းခဲ့ပေမယ့် ရခိုင်တော်လှန်ရေးဟာ ပြန်လည်ရှင်သန်လာပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်လက်ထက်မှာ ရခိုင်ပြည်သူတွေရဲ့အိမ်မက်ဟာ ရရှိဖို့ လက်တကမ်းအလိုပဲ လိုပါတော့တယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

မှီငြမ်း။

The Diplomat စာစောင်မှာ ကိုကျော်ဆန်းလှိုင် (Kyaw Hsan Hlaing) ရေးသားခဲ့တဲ့ “ How India Betrayed the Rakhine People – And Why It Matters Today” ကို ကိုးကားထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာ့အိမ်နီးချင်းတွေယုတ်မာနေကြပြီလား?

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 25 Views
မြန်မာ့အိမ်နီးချင်းတွေယုတ်မာနေကြပြီလား? မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို
မြန်မာသတင်း

ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၄)ရက်။ မေလ (၂၂)ရက်နေ့ကစပြီး ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)
မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 20 Views
မေလ (၂၄)ရက်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NMSP-AD နဲ့ MLA တို့ဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 19 Views
မေလ (၂၄)ရက်။ မနေ့က ညနေ (၅)နာရီအချိန်က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့ ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒိုတပ်စခန်းကို KNLA
မြန်မာသတင်း

အနုပညာရှင်တွေဟာ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ရတာဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 21 Views
မေလ (၂၄)ရက်။ အနုပညာရှင်တွေဟာ ပါတီနိုင်ငံရေးထဲ ဝင်ရောက်‌ဆောင်ရွက်ခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာဆိုပြီး စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ရန်ကုန် ဗဟန်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အချို့အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ရမယ့်အစား
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 19 Views
မေလ (၂၄)ရက်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကျိုင်းတုံတပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်တပ်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်
မြန်မာသတင်း

မင်းကင်းနယ် မင်းစုရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ခြောက်ဦး အပါအဝင် ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း များပြား

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 29 Views
မေလ (၂၃) ရက်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို ဒီကနေ့ မေလ ၂၃ ရက်မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦး
မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 23 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုန်းကံရွာ