နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲအကြောင်းပြုပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်အုပ်စုကို အရေးယူဖို့ NUG တိုက်တွန်း

နိုဝင်ဘာလ (၁၉)ရက်။

နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ပြုလုပ်တဲ့ Press Briefing မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ အင်တာနက် လွတ်လပ်ခွင့်တွေကို အကြီးအကျယ် ချိုးဖောက်နေတာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်တယ်ဆိုတာကို တိုက်တွန်းလိုပါတယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံတကာကို NUG က အရေးတကြီး တိုက်တွန်းတဲ့အချက် (၄)ချက်ရှိပြီး စစ်အုပ်စု ကျူးလွန်တာတွေကို စောင့်ကြည့်လေ့လာကာ အရေးယူနိုင်အောင် ပြုလုပ်ဖို့နဲ့ တရားလက်လွှတ်ဖမ်း‌ဆီးတာတွေကို ပြင်းထန်စွာ ရှုတ်ချပြီး ဖမ်းဆီးခံရသူတွေ အမြန်ဆုံးလွတ်မြောက်အောင် ဖိအားပေးဖို့တို့ ပါဝင်ပါတယ်။

နောက်ပြီး စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို နှုတ်ဆိတ်မနေဘဲ မြန်မာပြည်သူတွေကိုယ်စား ဖွင့်ဟပြောဆိုတာအပြင် မြန်မာနိုင်ငံမှာ စစ်အာဏာတည်မြဲဖို့နဲ့ စစ်ရာဇဝတ်ကောင်တွေ ပြစ်ဒဏ်ကင်းလွတ်ဖို့ ရည်ရွယ်တဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် အမည်ခံအစိုးရကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ဖို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတဲ့ ခေါင်းစဉ်နဲ မတရားဥပဒေတခုကို ထုတ်ပြန်ကာ တရားမဲ့ဖမ်းဆီးနေပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် ထိပါးနှောင့်ယှက်တာတွေ ကျူးလွန်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလို အကြမ်းဖက်စစ်အုပ်စုက မတရားဥပဒေပြဋ္ဌာန်းပြီးနောက် ပြည်သူ (၁၀၀)နီးပါးကို အမှုဖွင့်ဖမ်း‌ဆီးထားကာ အဲ့ဒီအထဲ အသက်မပြည့်သေးသူတွေနဲ့ အနုပညာရှင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို