နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်အခြေအနေအပေါ် အစ္စရေးကို ဂျာမန်အဓိပတိ ဝေဖန်

“ အရပ်သားတွေရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ဒုက္ခတွေကြောင့် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ်က ဖင်လန်သို့ သွားရောက်လည်ပတ်စဉ် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ မြေပြင်စစ်ဆင်ရေးနှင့်ပတ်သက်၍ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

ဂျာမနီသည် အစ္စရေးနှင့် ဆယ်စုနှစ်များစွာ ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ဂျူးများကို နှိပ်စက်ညှဉ်းပန်းခဲ့သည့်သမိုင်းအတွက် အစ္စရေးအား ထောက်ခံမှုပေးသည့် ခေတ်မီမူဝါဒကို ပုံဖော်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို အံ့အားသင့်စွာ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးအရ ပံ့ပိုးကူညီမှုပြဿနာကို ဂျာမနီတွင် ပေါ်ပေါက်လာခဲ့သော်လည်း ထိုအချိန်က အဓိပတိရှုဇ်က ယင်းရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့သည်။

သို့သော်လည်း မကြာသေးမီရက်များအတွင်း မာ့ဇ်၏ မှတ်ချက်များသည် အစ္စရေးအတွက် ဂျာမနီ၏ ထောက်ခံမှုကို အာရုံစိုက်လာခဲ့သည်။

မာ့ဇ်၏ အစ္စရေးအပေါ် သဘောထား သိသိသာသာ ပြောင်းလဲလာရခြင်း အကြောင်းရင်းမှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ နိုင်ငံတကာနှင့် လုံခြုံရေးရေးရာ ဂျာမန်အင်စတီကျု (SWP) မှ ဂျာမန်-အစ္စရေး ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ ပီတာလင်တယ်လ် (Peter Lintl) က မာ့ဇ်သည် အဓိပတိအသစ်အနေဖြင့် အစ္စရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်၊ ဦးတည်ချက်ကို နားလည်ပြီး ၎င်း၏ကိုယ်ပိုင်ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုမည်ဟု ယုံကြည်သည်။

“ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးရဲ့ နိဂုံးချုပ်ချက်ကတော့ ဒီစစ်ပွဲဟာ ပြတ်သားတဲ့ ရည်မှန်းချက်တွေ မရှိတော့ဘဲ ကြောက်စရာကောင်းတဲ့ စစ်ပွဲကြီးပါပဲ။ ဒါက ဂျာမန်အစိုးရရဲ့ သဘောထားနဲ့ ရပ်တည်ချက် အပြောင်းအလဲ တစ်ခုပါပဲ” ဟု လင်တယ်လ်က CNN သို့ ပြောကြားခဲ့သည်။

ထို့အပြင် မာ့ဇ်ကလည်း ဂါဇာတွင် အစ္စရေးစစ်တပ်၏ လုပ်ဆောင်ချက်များကို မေးခွန်းထုတ်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးတိုးချဲ့မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ မာ့ဇ်က “ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ပြီး ဓားစာခံတွေကို အိမ်ပြန်ခေါ်ရေး ရည်မှန်းချက်တွေမှာ ကျိုးကြောင်းဆီလျော်မှု တစ်စုံတစ်ရာကို ကျွန်တော် မတွေ့နိုင်တော့ပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖြစ်အပျက်တွေကို ကျွန်တော် အလွန်ရှုပ်ချတဲ့ အမြင်နဲ့ ကြည့်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

မာ့ဇ်သည် အစ္စရေး၏ ဖြစ်နိုင်ချေရှိသော နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုများအကြောင်းလည်း ပြောခဲ့သည်။ ဂျာမန် အဓိပတိ၏ ဤကဲ့သို့ ပြောကြားချက်သည် ယခင်က မတွေးနိုင်စရာဖြစ်သည်။

အစ္စရေးအပေါ် ဂျာမနီ၏ နှစ်ရှည်လများ ရပ်တည်ချက်သည် ၎င်း၏ “ နိုင်ငံတော်အကျိုးစီးပွား” နှင့် ဆက်စပ်နေသောကြောင့် ဤလေသံပြောင်းလဲမှုသည် အထူးပင် ထင်ရှားလာသည်။

အစ္စရေးနှင့် ဂျာမနီ၏ ဆက်ဆံရေးကို ၂၀၀၈ ခုနှစ်တွင် ပထမဦးစွာ အဆိုပြုခဲ့ပြီး ထိုစဉ်က ဂျာမန်အဓိပတိ မာကယ်လ် (Merkel) က အစ္စရေးလွှတ်တော်တွင် စကားပြောကြားရာတွင် “ ဂျာမနီရဲ့ သမိုင်းဝင်တာဝန်ဟာ ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံတော်အကျိုးစီးပွားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆိုလိုတာက ဂျာမန်အဓိပတိအနေနဲ့ အစ္စရေးရဲ့ လုံခြုံရေးကို ကျွန်မတို့ ဘယ်သောအခါမျှ လျှော့မပေးနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

အဓိပတိဟောင်း ရှုဇ်သည် ဟားမတ်စ်တို့၏ စီးနင်းတိုက်ခိုက်မှုအပြီးတွင် အလားတူ ထုတ်ဖော်ပြောဆိုခဲ့သည်။

“ လေးစားရတဲ့ နိုင်ငံရေးသမားဖြစ်ချင်ရင် ဒီစကားလုံးကို သုံးကိုသုံးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီစကားလုံးဟာ အစ္စရေးရဲ့လုံခြုံရေးဟာ ဂျာမနီနိုင်ငံရဲ့ နိုင်ငံတော် အကျိုးစီးပွားဖြစ်ကြောင်း သတင်းစကားကို ပေးပို့နေကြ စကားလုံး ဖြစ်လာပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အတိတ်နဲ့ အကွာအဝေးတစ်ခု ခွာထားဖို့က ဂျာမနီအတွက် အနိမ့်ဆုံးစံနှုန်းတစ်ခုပဲ” ဟု SWP ၏ လင်တယ်လ်က ပြောကြားခဲ့သည်။

ယင်း “အတိတ်” ဆိုသည်မှာ အဓိကအားဖြင့် ဂျူးလူမျိုး ခြောက်သန်းကျော်ကို နာဇီဂျာမနီက သတ်ဖြတ်ခဲ့ခြင်းအား ရည်ညွှန်းသည်။

မာ့ဇ်သည် “ နိုင်ငံတော်အကျိုးစီးပွား” ကို လုံးဝစွန့်လွှတ်မည် မဟုတ်ကြောင်း ၂၇ ရက်နေ့တွင်အ လေးအနက် ပြောကြားခဲ့သည်။ “အစ္စရေးရဲ့ လုံခြုံရေးနဲ့ တည်ရှိမှုဟာ ကျွန်တော်တို့ ပြောခဲ့သလိုပဲ ဂျာမန်ပြည်နယ် တည်ရှိမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ၊”

လင်တယ်လ်က “ အရင်က ဒီအစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်၊ အစ္စရေးအပေါ် ထားရှိတဲ့ မူဝါဒက ဘယ်လိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။ အခုအချိန်မှာ အတိုင်းအတာတစ်ခုအထိတော့ ကျွန်တော်တို့ သိပါတယ်။”

CNN သတင်း။

ဓာတ်ပုံ။

ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz)/Maja Hitij/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို