နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်အခြေအနေအပေါ် အစ္စရေးကို ဂျာမန်အဓိပတိ ဝေဖန်

“ အရပ်သားတွေရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ဒုက္ခတွေကြောင့် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ်က ဖင်လန်သို့ သွားရောက်လည်ပတ်စဉ် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ မြေပြင်စစ်ဆင်ရေးနှင့်ပတ်သက်၍ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

ဂျာမနီသည် အစ္စရေးနှင့် ဆယ်စုနှစ်များစွာ ခိုင်မာသော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ဂျူးများကို နှိပ်စက်ညှဉ်းပန်းခဲ့သည့်သမိုင်းအတွက် အစ္စရေးအား ထောက်ခံမှုပေးသည့် ခေတ်မီမူဝါဒကို ပုံဖော်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို အံ့အားသင့်စွာ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးအရ ပံ့ပိုးကူညီမှုပြဿနာကို ဂျာမနီတွင် ပေါ်ပေါက်လာခဲ့သော်လည်း ထိုအချိန်က အဓိပတိရှုဇ်က ယင်းရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့သည်။

သို့သော်လည်း မကြာသေးမီရက်များအတွင်း မာ့ဇ်၏ မှတ်ချက်များသည် အစ္စရေးအတွက် ဂျာမနီ၏ ထောက်ခံမှုကို အာရုံစိုက်လာခဲ့သည်။

မာ့ဇ်၏ အစ္စရေးအပေါ် သဘောထား သိသိသာသာ ပြောင်းလဲလာရခြင်း အကြောင်းရင်းမှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ နိုင်ငံတကာနှင့် လုံခြုံရေးရေးရာ ဂျာမန်အင်စတီကျု (SWP) မှ ဂျာမန်-အစ္စရေး ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ ပီတာလင်တယ်လ် (Peter Lintl) က မာ့ဇ်သည် အဓိပတိအသစ်အနေဖြင့် အစ္စရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်၊ ဦးတည်ချက်ကို နားလည်ပြီး ၎င်း၏ကိုယ်ပိုင်ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုမည်ဟု ယုံကြည်သည်။

“ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးရဲ့ နိဂုံးချုပ်ချက်ကတော့ ဒီစစ်ပွဲဟာ ပြတ်သားတဲ့ ရည်မှန်းချက်တွေ မရှိတော့ဘဲ ကြောက်စရာကောင်းတဲ့ စစ်ပွဲကြီးပါပဲ။ ဒါက ဂျာမန်အစိုးရရဲ့ သဘောထားနဲ့ ရပ်တည်ချက် အပြောင်းအလဲ တစ်ခုပါပဲ” ဟု လင်တယ်လ်က CNN သို့ ပြောကြားခဲ့သည်။

ထို့အပြင် မာ့ဇ်ကလည်း ဂါဇာတွင် အစ္စရေးစစ်တပ်၏ လုပ်ဆောင်ချက်များကို မေးခွန်းထုတ်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးတိုးချဲ့မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ မာ့ဇ်က “ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ပြီး ဓားစာခံတွေကို အိမ်ပြန်ခေါ်ရေး ရည်မှန်းချက်တွေမှာ ကျိုးကြောင်းဆီလျော်မှု တစ်စုံတစ်ရာကို ကျွန်တော် မတွေ့နိုင်တော့ပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖြစ်အပျက်တွေကို ကျွန်တော် အလွန်ရှုပ်ချတဲ့ အမြင်နဲ့ ကြည့်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

မာ့ဇ်သည် အစ္စရေး၏ ဖြစ်နိုင်ချေရှိသော နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုများအကြောင်းလည်း ပြောခဲ့သည်။ ဂျာမန် အဓိပတိ၏ ဤကဲ့သို့ ပြောကြားချက်သည် ယခင်က မတွေးနိုင်စရာဖြစ်သည်။

အစ္စရေးအပေါ် ဂျာမနီ၏ နှစ်ရှည်လများ ရပ်တည်ချက်သည် ၎င်း၏ “ နိုင်ငံတော်အကျိုးစီးပွား” နှင့် ဆက်စပ်နေသောကြောင့် ဤလေသံပြောင်းလဲမှုသည် အထူးပင် ထင်ရှားလာသည်။

အစ္စရေးနှင့် ဂျာမနီ၏ ဆက်ဆံရေးကို ၂၀၀၈ ခုနှစ်တွင် ပထမဦးစွာ အဆိုပြုခဲ့ပြီး ထိုစဉ်က ဂျာမန်အဓိပတိ မာကယ်လ် (Merkel) က အစ္စရေးလွှတ်တော်တွင် စကားပြောကြားရာတွင် “ ဂျာမနီရဲ့ သမိုင်းဝင်တာဝန်ဟာ ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံတော်အကျိုးစီးပွားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆိုလိုတာက ဂျာမန်အဓိပတိအနေနဲ့ အစ္စရေးရဲ့ လုံခြုံရေးကို ကျွန်မတို့ ဘယ်သောအခါမျှ လျှော့မပေးနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

အဓိပတိဟောင်း ရှုဇ်သည် ဟားမတ်စ်တို့၏ စီးနင်းတိုက်ခိုက်မှုအပြီးတွင် အလားတူ ထုတ်ဖော်ပြောဆိုခဲ့သည်။

“ လေးစားရတဲ့ နိုင်ငံရေးသမားဖြစ်ချင်ရင် ဒီစကားလုံးကို သုံးကိုသုံးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီစကားလုံးဟာ အစ္စရေးရဲ့လုံခြုံရေးဟာ ဂျာမနီနိုင်ငံရဲ့ နိုင်ငံတော် အကျိုးစီးပွားဖြစ်ကြောင်း သတင်းစကားကို ပေးပို့နေကြ စကားလုံး ဖြစ်လာပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အတိတ်နဲ့ အကွာအဝေးတစ်ခု ခွာထားဖို့က ဂျာမနီအတွက် အနိမ့်ဆုံးစံနှုန်းတစ်ခုပဲ” ဟု SWP ၏ လင်တယ်လ်က ပြောကြားခဲ့သည်။

ယင်း “အတိတ်” ဆိုသည်မှာ အဓိကအားဖြင့် ဂျူးလူမျိုး ခြောက်သန်းကျော်ကို နာဇီဂျာမနီက သတ်ဖြတ်ခဲ့ခြင်းအား ရည်ညွှန်းသည်။

မာ့ဇ်သည် “ နိုင်ငံတော်အကျိုးစီးပွား” ကို လုံးဝစွန့်လွှတ်မည် မဟုတ်ကြောင်း ၂၇ ရက်နေ့တွင်အ လေးအနက် ပြောကြားခဲ့သည်။ “အစ္စရေးရဲ့ လုံခြုံရေးနဲ့ တည်ရှိမှုဟာ ကျွန်တော်တို့ ပြောခဲ့သလိုပဲ ဂျာမန်ပြည်နယ် တည်ရှိမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ၊”

လင်တယ်လ်က “ အရင်က ဒီအစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်၊ အစ္စရေးအပေါ် ထားရှိတဲ့ မူဝါဒက ဘယ်လိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။ အခုအချိန်မှာ အတိုင်းအတာတစ်ခုအထိတော့ ကျွန်တော်တို့ သိပါတယ်။”

CNN သတင်း။

ဓာတ်ပုံ။

ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz)/Maja Hitij/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

“ယူကရိန်း၏ အနာဂတ်သည် ကျွန်ုပ်တို့၏ အနာဂတ်ပင်ဖြစ်သည်”ဟု- ရုရှားအပေါ် စီးပွားရေးဖိအား တိုးမြှင့်ရန် ဥရောပ၏ “လိုလားသူများ မဟာမိတ်အဖွဲ့” က ကတိပြု

  • 2025 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 67 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက် ဥရောပခေါင်းဆောင်များသည် ယူကရိန်းရှိ စစ်ပွဲကို အဆုံးသတ်ရန် မဟာဗျူဟာများ ဆွေးနွေးရန်အတွက် “လိုလားသူများ မဟာမိတ်အဖွဲ့” (Coalition
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နှင့် ဆွေးနွေးပွဲများ “ မည်သည့်နေရာသို့မှ မရောက်ဟု” ပြောကြားရင်း ထရမ့်က ပိတ်ဆို့မှုအသစ်များ ချမှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 102 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် ယူကရိန်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် မော်စကိုအပေါ် ဖိအားပေးနိုင်ရေး ရည်ရွယ်ချက် ဖြင့် အမေရိကန်က ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ကြောင်း ကြေညာလိုက်သည်။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

အစ္စရေးလွှတ်တော်က နယ်မြေသိမ်းပိုက်မှုအတွက် ရှေ့တိုးဆောင်ရွက်ပြီးနောက် အနောက်ဖက်ကမ်းကိုသိမ်းပိုက်ခြင်းကို ရူဘီယိုက သတိပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 70 Views
BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် အစ္စရေးလွှတ်တော်က သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) နယ်မြေကို အစ္စရေးနိုင်ငံပိုင်အဖြစ်သိမ်းပိုက်ထည့်သွင်းရေးဘက်သို့ ဦးတည်သည့် လုပ်ရပ်တစ်ခုသည် ဂါဇာရှိ ပဋိပက္ခကို အဆုံးသတ်ရန် ဝါရှင်တန်၏ စီမံကိန်းကို ခြိမ်းခြောက်လိမ့်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးလ်ကအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟုဟားမတ်စ်ကို စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 71 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၉ရက် အစ္စရေးလ်နှင့် ဟားမတ်စ်တို့အကြား အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အစ္စရေးလ်က စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ရာ၊ ယင်းအခြေအနေသည် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးသော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ထရမ့်ကသူအစ္စရေးကို အချက်ပြလိုက်သည်နှင့်ဂါဇာစစ်ပွဲပြန်စနိုင်သည်ဟုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 85 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၆ရက် ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မလိုက်နာပါက ဂါဇာတွင် အစ္စရေးတပ်ဖွဲ့ဝင်များ ‘ကျွန်ုပ် စကားပြောလိုက်သည်နှင့် ချက်ချင်း’ တိုက်ပွဲပြန်စနိုင်သည်ဟု ထရမ့်က CNN ကိုပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်လ် ထရမ့်က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ‘ပစ်ခတ်စွမ်းအားပြင်းလက်နက်’ များရောက်လာမည်၊ သို့သော် NATO အစည်းအဝေးတွင် တိုမာဟော့ခ် ဒုံးကျည်များ အစီအစဉ်မရှိဟု ဟက်ဂ်ဆက် (Hegseth)က ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 81 Views
CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၅ရက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) က ဥရောပနိုင်ငံများမှ အမေရိကန်လက်နက်များ ဝယ်ယူမှုများမှတစ်ဆင့် ယူကရိန်းအတွက် “ပစ်ခတ်စွမ်းအားပြင်းလက်နက်” များ ရောက်ရှိလာမည်ဖြစ်သော်လည်း ယင်းတွင် အမေရိကန်လုပ် တိုမာဟော့ခ် (Tomahawk)
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိလူ များသည် ‘မိမိတို့နိုင်ငံကို ပြန်လည်တည်ဆောက်ရန်’ အကူအညီ လိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 86 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၄ရက် ဂါဇာဒေသခံများသည် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်စတင်နေကြချိန်တွင်၊ အစ္စရေး၏ နှစ်နှစ်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေး စိန်ခေါ်မှုများနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ အမြင်များကို ဘီဘီစီက နားထောင်ခဲ့ပါသည်။ ကိုရီ ရှမ်း