နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေး ဘယ်လိုဆင်နွှဲခဲ့သလဲ။ (ရုပ်သံသတင်း)

ဇွန်လ (၁) ရက်နေ့မှာရုရှားလေတပ်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားရဲ့စစ်လေယဥ် ၄၀ကျော်ပျက်စီးထိုခိုက်ခဲ့ရပါတယ်။ ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလုံခြုံ‌ရေးအကြီးအကဲက အိုင်ဒီယာထုတ် အကြံပြုခဲ့တာပါ။

ပင့်ကူအိမ် (Spider Web) လို့ အမည်ရတဲ့ အဲဒီစစ်ဆင်ရေးဟာ ယူကရိန်းနယ်စပ်နဲ့ မိုင်ထောင်ချီကွာဝေးပြီး မတူညီတဲ့စံတော်ချိန် ၃ခုမှာရှိတဲ့ ရုရှားလေတပ်စခန်း ၄ ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးကို အချိန်တနှစ်ခွဲလောက်အချိန်ယူခဲ့ရတယ်လို့ သမတဇလန်းစကီးကဆိုပါတယ်။

စစ်ဆင်ရေးအတွက်ယူကရိန်းဟာမှောင်ခိုလမ်းကနေ ဒရုန်းတွေကို ရုရှားနိုင်ငံထဲ သွင်းယူခဲ့ပါတယ်။ ဒရုန်းတွေကို ကွန်တိန်နာတွေရဲ့ အမိုးမှာသစ်သားအိမ်တွေနဲ့ ဝှက်ထားခဲ့တာပါ၊ ယူကရိန်းဒရုန်းတွေဟာအေအိုင်နည်းပညာသုံး FPV တိုက်ခိုက်ရေး ဒရုန်းတွေဖြစ်ပါတယ်။ ဒရုန်းပါတဲ့ကွန်တိန်နာကားတွေ ရုရှားလေတပ်စခန်းနဲ့ အနီးဆုံးနေရာအထိ ချဥ်းကပ်ပြီး အဲဒီကနေ ထည့်သွင်းထားတဲ့ပစ်မှတ်တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားရဲ့အဒီကလေတပ်စခန်းတွေဖြစ်တဲ့ စခန်း၄ခုတိုက်ခိုက်ခံရပြီး အပါအဝင် အဆင့်မြင့်စစ်လေယဥ် ၄၁စင်းပျက်စီးခဲ့ရပါတယ်။ ရုရှားရဲ့ထိခိုက်ပျက်စီးမှုတန်ဖိုး အမေရိကန်‌ဒေါ်လာ ၂ ဘီလီယံလောက်ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

လေတပ်စခန်းတွေ တိုက်ခိုက်ခံရမှုကို ရုရှားဖက်ကလည်း အတည်ပြုဝန်ခံခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီးဇလန်းစကီးက နောက်ပစ်မှတ်ဟာ ရုရှားသမတရုံးဖြစ်လိမ့်မယ်လို့ကြုံးဝါးခဲ့ပါတယ်။

စစ်ဆင်ရေးမှာ FPV ဒရုန်း ၁၁၇ စင်း အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုဒရုန်းတွေ အသုံးပြုခဲ့တာမှာ ဒရုန်းတစင်းကို ဒေါ်လာ ၄၀၀၀ကုန်ကျတာကြောင့် စုစုပေါင်း ဒရုန်း ၁၁၇စင်းအတွက် ဒေါ်လာ ၄၅၈,၀၀၀ (ဒေါ်လာ ၄ သိန်း ၆ သောင်းနီးပါး) ကုန်ကျခဲ့ပါတယ်။

တခုကွာခြားတာက မြန်မာနိုင်ငံမှာ NUG က လေယဥ်တွေပစ်ချဖို့ဆိုပြီး Dragon Fly အမည်နဲ့ အလှူခံတဲ့ ဒေါ်လာ ၂.၂ သန်းရရှိခဲ့ပေမဲ့ ဘာလေယဥ်တစင်းမှ ပစ်ချနိုင်ခဲ့ခြင်း မရှိတဲ့အတွက် ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 40 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က