နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 25 ရက်

Israel -Iran

Israel -Iran နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်သည် အစ္စရေး၏ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။

ဇွန် ၁၃၊ ၂၀၂၅

အီရန်စစ်တပ်နှင့် နျူကလီယားပစ်မှတ်များကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်သည် အစ္စရေးနိုင်ငံတစ်ဝှမ်းရှိ တည်နေရာများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

အီရန်သည် ပြင်းထန်သော တုံ့ပြန်မှု၏ “အစ” ဟုခေါ်သည့် “ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များ” ကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း သောကြာနေ့ ဒေသစံတော်ချိန် ညပိုင်းတွင် ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့အခိုက်အတန့်က အစ္စရေးက သိမ်းပိုက်ထားတဲ့ နယ်မြေတွေဆီ ရာနဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်လိုက်တာနဲ့ ဇီယွန်ဝါဒီအစိုးရရဲ့ ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား တုံ့ပြန်တဲ့ စစ်ဆင်ရေး စတင်နေပါပြီ” ဟု အီရန်၏ တရားဝင်သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့သည်။

ဒုံးကျည်များနှင့် အခြားစစ်ဘက်ဆိုင်ရာ ကိရိယာများ ထုတ်လုပ်ရန် အသုံးပြုသည့် အစ္စရေး စစ်ဘက်စက်မှု စင်တာများကို တိုက်ခိုက်ခဲ့ကြောင်း အီရန်က အခိုင်အမာ ပြောကြားပြီး “ကွင်းဆင်း အစီရင်ခံစာများ၊ ဂြိုလ်တုပုံရိပ်များနှင့် ကြားဖြတ် ထောက်လှမ်းရေးများက ပဲ့ထိန်းဒုံးကျည် ဒါဇင်များစွာသည် ဗျူဟာမြောက် ပစ်မှတ်များကို ထိထိရောက်ရောက် ထိမှန်ကြောင်း ဖော်ပြခဲ့သည်။”

ပစ်ခတ်မှုများနောက်တွင်၊ အစ္စရေးစစ်တပ်က အီရန်သည် အစ္စရေးဘက်သို့ ဒုံးကျည် ၁၀၀ ထက်နည်းသော ဒုံးကျည်များကို ပစ်လွှတ်ခဲ့ပြီး အနည်းငယ်မျှသာ ကျရောက်ထိမှန်ခဲ့ကြောင်း ဆိုခဲ့သည်။ အဆိုပါ ထိခိုက်မှုအချို့သည် ကြားဖြတ်တိုက်ခိုက်မှုမှ အပျက်အစီး များဖြစ်သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒီဖင်(Effie Defrin) က ဗီဒီယို ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

သောကြာနေ့ညနေပိုင်းက အီရန်ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ အမေရိကန်က ကူညီခဲ့တယ်လို့ အစ္စရေးသတင်းရင်းမြစ်နှစ်ခုက CNN ကို ပြောပါတယ်။ ဒေသတွင်းရှိ အခြားနိုင်ငံများကလည်း အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးများကို ပံ့ပိုးပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားရာတွင် ယခင်က အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့ပုံနှင့် ဆင်တူသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်သည် အရပ်ဘက်လူဦးရေစင်တာများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းဖြင့် အနီရောင်မျဉ်းများကို ဖြတ်ကျော်ခဲ့ပြီး ၎င်း၏လုပ်ရပ်အတွက် အလွန်လေးလံသောစျေးနှုန်းကို ပေးဆောင်မည်ဟု ကတိပြုခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် (Israel Katz) က သောကြာနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

Tel Aviv တွင် မီးခိုးများနှင့် ပေါက်ကွဲမှုများ

တိုက်ခိုက်မှုအတွင်း၊ တဲလ်အဗစ်နှင့် ဂျေရုဆလင်ရှိ CNN ၏အဖွဲ့များသည် ကြီးမားသော ပေါက်ကွဲသံများကို ကြားရပြီး၊ တဲလ်အဗစ်မှ ဗီဒီယိုတွင် မြို့တော်၏ မိုးမျှော်တိုက်များကြားတွင် ဒုံးကျည်များနှင့် မီးခိုးများ တက်လာသည်ကို ပြသခဲ့သည်။

အစ္စရေး အရေးပေါ် ဝန်ဆောင်မှု Magen David Adom (MDA) ၏ ပြောကြားချက်အရ Gush Dan တွင် အနည်းဆုံး လူ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အနည်းဆုံး အမျိုးသမီးတစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး အမျိုးသားတစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြောင်း MDA က ဆက်လက်ပြောသည်။

တဲလ်အဗစ် နှင့် Ramat Gan အပါအဝင် Gush Dan သည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးမြို့ပြ ဧရိယာဖြစ်သည်။

နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံတစ်ခုချင်းစီမှ ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ အချက်အလက်များအရ ဆေးရုံများတွင် ဒဏ်ရာရသူ ဒါဇင်များစွာ ရှိနိုင်ကြောင်း၊ အချို့မှာ MDA ၏ ကိန်းဂဏန်း များတွင် မပါဝင်သေးပေ။

တိုက်ခိုက်မှုစတင်ပြီးနောက် တစ်နာရီခန့်အကြာတွင် အာဏာပိုင်များက ၎င်းတို့၏ ဗုံးအမိုးအကာများမှထွက်လာနိုင်ကြောင်း အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

CNN သတင်းထောက်တစ်ဦးသည် ဒုံးကျည်ကျရောက်သည့်နေရာမှ မီတာ ၁၀၀ ခန့်အကွာ တွင် အိမ်နီးချင်းများနှင့်အတူ ခိုနားနေခဲ့သည်။ ကျည်ဆန်ထိမှန်သွားသောအခါတွင် သူမ၏ အဖွဲ့သည် ဂျက်အင်ဂျင်အသံနှင့်တူသော ဆူညံသံကိုကြားရပြီးနောက် ပေါက်ကွဲသံကြီး တစ်ခုနောက်တွင် သေးငယ်သောပေါက်ကွဲသံတခု ထပ်မံဖြစ်သွားခဲ့သည်ဟု ဆိုသည်။

MDA မှ ထုတ်ပြန်သော ရုပ်ပုံများနှင့် ဗီဒီယိုများတွင် အရပ်ဘက်ကာကွယ်ရေး ဝန်ထမ်းများသည် ပျက်စီးသွားသော ကားများနှင့် အစ္စရေးအလယ်ပိုင်းရှိ ပြိုကျသော အဆောက်အအုံမျက်နှာစာများကို စစ်တမ်းကောက်ယူနေသည်ကို ပြသခဲ့သည်။

အီရန်နျူကလီးယားနေရာများကို ဖျက်ဆီးရန်နှင့် တီဟီရန်ရှိ ၎င်း၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ပြီး ဒေသစံတော်ချိန် သောကြာနေ့ နံနက်အစောပိုင်းတွင် အစ္စရေးက အီရန်ကို အပြင်းအထန် နှစ်ခါတိတိ ကြာညောင်းစွာ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အီရန်၏ တန်ပြန်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေး၏ တိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာ ခြိမ်းခြောက်မှုများနှင့် စိုးရိမ်စရာ ထင်ကြေးပေးမှုများ၏ နေ့ရက်များက အဆုံးအဖြတ်ပေးခဲ့သော်လည်း အစ္စရေး၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သည့် အမေရိကန်၏ ထောက်ခံမှုမပေးဘဲရှိခဲ့သည်။ အစ္စရေးသည် တစ်ဖက်သတ် လုပ်ဆောင်ခဲ့ပြီး ဝါရှင်တန်သည် “ပါဝင်ပတ်သက်ခြင်းမရှိ” ကြောင်း ထရန့်အစိုးရက အလေးပေးပြောကြားခဲ့သည်။

သောကြာနေ့ညက ထုတ်ပြန်တဲ့ မိန့်ခွန်းမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု က “အစ္စရေးရဲ့ တိုက်ပွဲဟာ အီရန်ပြည်သူတွေကို ဆန့်ကျင်တာ မဟုတ်ပါဘူး အီရန်အစိုးရကိုသာ တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု အီရန်ပြည်သူများကို တိုက်ရိုက်ပြောခဲ့သည်။

“လမ်းကြောင်းအတိုင်း နောက်ထပ်လာနေပါပြီ။ အီရန်အစိုးရက သူတို့ကို ဘယ်အရာက ထိမှန်သလဲဆိုတာ မသိပါဘူးဒါမှမဟုတ် ဘာက ထိမှန်တယ်ဆိုတာ သိမှာမဟုတ်ဘူး” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် အီရန်သည် မောင်းသူမဲ့ လေယာဉ် ၁၇၀ ဝန်းကျင်နှင့် ပဲ့ထိန်းဒုံးကျည် ၁၂၀ ကျော် အပါအဝင် ဒုံးကျည် ၃၀၀ ကျော်ကို အစ္စရေးသို့ ပစ်လွှတ်ခဲ့သော်လည်း ၎င်းတို့အနက် ၉၉ ရာခိုင်နှုန်းသည် အစ္စရေး၏ ဝေဟင်ကာကွယ်ရေးစနစ်များနှင့် ၎င်း၏ “မိတ်ဖက်များ” မှ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း