နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၅)ဦး သေဆုံးခဲ့

ဇွန်လ (၁၆)ရက်။

ဇွန်လ (၁၄)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတဲ့အခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ်ကို BWM ဦးဆောင်ကာ မဟာမိတ်တွေဖြစ်တဲ့ Shadow(မုံရွာ)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်းနဲ့ Justice Brother Force အဖွဲ့တို့ပူးပေါင်းကာ ရှော့တိုက်ဒုံး (၃)လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က အရာရှိ (၂)ဦးအပါအဝင် (၅)ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို (၇)ဦး ဒဏ်ရာရရှိခဲ့ကာ တပ်ထဲရှိ ဆေးခန်းမှာ ဆေးကုသနေရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နမခထဲရှိ စစ်ဆင်ရေးရုံးနဲ့ လေ့ကျင့်ရေးရုံးရှိတဲ့ အဆောက်အဦး ထိမှန်ခဲ့တာကြောင့် အဲ့ဒီရုံး (၂)ရုံး ထိမှန်ခဲ့ကာ ဆီဂိုဒေါင်နဲ့ အရံစက်ပစ္စည်းဂိုဒေါင်အပြင် အရာရှိနေအိမ် ထိမှန်မီးလောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နမခဟာ စစ်ကိုင်း၊ မကွေးမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီရဲ့ လက်ရုံးတပ်ဖွဲ့တွေကို အဓိကအမိန့်ပေးနေပြီး အခုအခါ စက်တပ်လေထီးတွေနဲ့ ဒရုန်းတွေကို အထိုင်ထားကာ တော်လှန်ရေးအင်အားစုတွေကိုသာမက ပြည်သူကိုပါ သတ်ဖြတ်နေတာကြောင့် အခုလို တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် နမခထဲ ပျော်ပွဲရွှင်ပွဲ ကျင်းပမယ်ဆိုပြီး ကြားသိရတာကြောင့် စစ်ကောင်စီနဲ့ အပေါင်းအပါတွေ မလုံခြုံတဲ့ ခံစားချက်နဲ့ အမြဲတမ်း ခြိမ်းခြောက်ခံနေရတဲ့ ခံစားချက်ကို ရစေဖို့ ရည်ရွယ်တာလို့ ထုတ်ပြန်ထားပါတယ်။

အခုစစ်ဆင်ရေး ဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ နယ်မြေခံအင်အားစုတွေကိုလဲ BWM က ကျေးဇူးတင်စကား ပြောဆိုထားကာ စစ်ကောင်စီရဲ့ လေတပ်တွေနဲ့ အကြီးစား စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်မယ်လို့ အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့