နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

နာမည်ကျော် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ MI6 အတွက် အမျိုးသမီးတစ်ဦးကို ပထမဦးဆုံး အကြီးကဲအဖြစ် ခန့်အပ်

ဇွန်လ (၁၇) ရက်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စာတာမာ (Keir Starmer) သည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ထောက်လှမ်းရေးအေဂျင်စီ MI6 ကို ဦးဆောင်ရန် အမျိုးသမီးတစ်ဦးကို ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုဆောင်းဦးရာသီတွင် အကြီးအကဲအဖြစ် တာဝန်ယူမည့် ဘလေ့စ် မက်တာဝါလီ (Blaise Metreweli) သည် လက်ရှိတွင် MI6 ၏ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဌာနခွဲ၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် နာမည်ကျော် စပိုင်ရုပ်ရှင် “ 007” စီးရီးတွင် ဂျိမ်းစ်ဘွန်း (James Bond) ကို အားပေးသည့် “ Q” နှင့် ညီမျှပါသည်။

“ Q” သည် အမျိုးသမီးဖြစ်ကြောင်း ၂၀၁၇ ခုနှစ်တွင် ထုတ်ဖော်ခဲ့သည်။ သို့သော် မက်တာဝါလီ၏အမည်ကို ယခုအချိန်အထိ လူသိရှင်ကြားမထုတ်ပြန်ခဲ့ပါ။

မက်တာဝါလီသည် အောက်စ်ဖိုဒ် တက္ကသိုလ်မှဘွဲ့ရရှိပြီး ယူကေနှင့် ပြည်ပရှိ ထောက်လှမ်းရေးအေဂျင်စီများတွင် အဓိကရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဝန်ကြီးချုပ် စာတာမာက အမျိုးသမီးတစ်ဦးဖြစ်သူ မက်တာဝါလီကို ခန့်အပ်မှုသည်သမိုင်းဝင်အဖြစ်ဖော်ပြပြီး ၎င်း၏မျှော်လင့်ချက်များကိုဖော်ပြခဲ့သည်။

“ ကျွန်တော်တို့ရဲ့နိုင်ငံကို ကာကွယ်ဖို့နဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို ဘေးကင်းစေဖို့ သူမဟာ ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ အလွန်ကောင်းမွန်တဲ့ခေါင်းဆောင်မှုတွေကို ဆက်လက်ပြသလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

မက်တာဝါလီက MI6 ၏ အကြီးအကဲအဖြစ် ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ယူကြောင်း မှတ်ချက်ပေးခဲ့သည်။

CNN ဂျပန်သတင်း။

ဓာတ်ပုံ။

MI6၏ အကြီးအကဲ ဖြစ်လာမည့် ဘလေ့စ် မက်တာဝါလီ (Blaise Metreweli) /United Kingdom Foreign Office/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့