နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDM ဥပဒေပါ ပြဋ္ဌာန်းချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေပြီး ကန့်ကွက်တယ်လို့ DDMSC ထုတ်ပြန်

ဇွန်လ (၁၇)ရက်။

CRPH ထုတ်ပြန်တဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ-ထားဝယ်(DDMSC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

CDM ဟာ စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နိုင်ငံရေးအံတုမှုနည်းလမ်းနဲ့ ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတရပ်ဖြစ်ကာ CDM မှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းတဦးချင်းစီကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတွေကို တော်လှန်ရေးကာလထဲ ထောက်ပံ့ပေးနိုင်ဖို့နဲ့ နွေဦးတော်လှန်ရေးအောင်ပွဲ ရပြီးတဲ့အချိန် ထိုက်သင့်တဲ့ ချီးမြှောက်တာတွေပေးဖို့လိုကာ ဥပဒေအရ ကာကွယ်ပေးဖို့ ကြိုးပမ်းတာကို ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် CDM လှုပ်ရှားမှုဟာ တဦး‌တယောက်၊ အစုအဖွဲ့ တခုခုရဲ့ အာဏာသုံးဖိအားပေးတာကြောင့် ပါဝင်ရတဲ့ လှုပ်ရှားမှုမဟုတ်ဘဲ လေးနက်တဲ့ခံယူချက်၊ စိတ်ဆန္ဒသဘောတရားအရ ပါဝင်လှုပ်ရှားတဲ့ နိုင်ငံရေးအန်တုမှုနည်းလမ်းတစ်ခုလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် CDM မှာ မပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ ရွေးချယ်မှုဟာလဲ လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတန်ဖိုးတွေအရ သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးဖြစ်ကာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေက CDM မှာ မဖြစ်မနေပါဝင်ရမယ့် အာဏာသုံးဖိအားပေးတဲ့သဘော သက်ရောက်နေပြီး CDM လှုပ်ရှားမှုရဲ့ အခြေခံသဘောတရား၊ စံတန်ဖိုးတွေနဲ့ ကွဲလွဲနေတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး CDM မလုပ်တဲ့ အရပ်ဘက်ဝန်ထမ်းတွေကို အပြစ်ပေးအရေးယူနိုင်တဲ့သဘော သက်ရောက်နေတဲ့ အဲ့ဒီဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ သွေဖည်နေပြီး CDM မှာ မပါဝင်နိုင်သေးတဲ့ ဝန်ထမ်းတွေကို မတရားဖမ်ဆီးအပြစ်ပေးတာတွေ ကျူးလွန်လာမှာကို အထူးစိုးရိမ်တယ်လို့ DDMSCထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းမဖက် အာဏာဖီဆန်တဲ့ နိုင်ငံရေးအန်တုမှု နည်းနာတွေရဲ့ ‌အခြေခံသဘောတရားတွေနဲ့ ကွဲလွဲနေပြီး လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေကို ကန့်ကွက်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့