နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDM ဥပဒေပါ ပြဋ္ဌာန်းချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေပြီး ကန့်ကွက်တယ်လို့ DDMSC ထုတ်ပြန်

ဇွန်လ (၁၇)ရက်။

CRPH ထုတ်ပြန်တဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ-ထားဝယ်(DDMSC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

CDM ဟာ စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နိုင်ငံရေးအံတုမှုနည်းလမ်းနဲ့ ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတရပ်ဖြစ်ကာ CDM မှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းတဦးချင်းစီကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတွေကို တော်လှန်ရေးကာလထဲ ထောက်ပံ့ပေးနိုင်ဖို့နဲ့ နွေဦးတော်လှန်ရေးအောင်ပွဲ ရပြီးတဲ့အချိန် ထိုက်သင့်တဲ့ ချီးမြှောက်တာတွေပေးဖို့လိုကာ ဥပဒေအရ ကာကွယ်ပေးဖို့ ကြိုးပမ်းတာကို ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် CDM လှုပ်ရှားမှုဟာ တဦး‌တယောက်၊ အစုအဖွဲ့ တခုခုရဲ့ အာဏာသုံးဖိအားပေးတာကြောင့် ပါဝင်ရတဲ့ လှုပ်ရှားမှုမဟုတ်ဘဲ လေးနက်တဲ့ခံယူချက်၊ စိတ်ဆန္ဒသဘောတရားအရ ပါဝင်လှုပ်ရှားတဲ့ နိုင်ငံရေးအန်တုမှုနည်းလမ်းတစ်ခုလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် CDM မှာ မပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ ရွေးချယ်မှုဟာလဲ လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတန်ဖိုးတွေအရ သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးဖြစ်ကာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေက CDM မှာ မဖြစ်မနေပါဝင်ရမယ့် အာဏာသုံးဖိအားပေးတဲ့သဘော သက်ရောက်နေပြီး CDM လှုပ်ရှားမှုရဲ့ အခြေခံသဘောတရား၊ စံတန်ဖိုးတွေနဲ့ ကွဲလွဲနေတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး CDM မလုပ်တဲ့ အရပ်ဘက်ဝန်ထမ်းတွေကို အပြစ်ပေးအရေးယူနိုင်တဲ့သဘော သက်ရောက်နေတဲ့ အဲ့ဒီဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ သွေဖည်နေပြီး CDM မှာ မပါဝင်နိုင်သေးတဲ့ ဝန်ထမ်းတွေကို မတရားဖမ်ဆီးအပြစ်ပေးတာတွေ ကျူးလွန်လာမှာကို အထူးစိုးရိမ်တယ်လို့ DDMSCထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းမဖက် အာဏာဖီဆန်တဲ့ နိုင်ငံရေးအန်တုမှု နည်းနာတွေရဲ့ ‌အခြေခံသဘောတရားတွေနဲ့ ကွဲလွဲနေပြီး လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေကို ကန့်ကွက်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 50 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 50 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ်
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 44 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 47 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 40 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 61 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 66 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 64 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး