နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်

‌သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်

ဇွန်လ (၁၈)ရက်။

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ စီစီတီဗီ မှတ်တမ်းဗီဒီယိုဖိုင်တခု ဂါးဒီးယန်းသတင်းဌာနကနေ ဒီကနေ့မှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

ပြည်ပသတင်းဌာနတခုဖြစ်တဲ့ ဂါးဒီးယန်းသတင်းဌာနကနေ ထွက်ပေါ်လာတဲ့ အဲ့ဒီမှတ်တမ်းဗီဒီယိုထဲ တရားခွင်မှာ အမှုရင်ဆိုင်နေရတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‌ထောင်ထဲ နေ့စဉ်ပုံရိပ်မှတ်တမ်းတွေကို တွေ့ရှိရပါတယ်။

တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယိုဟာ ၂၀၂၂ခုနှစ် အောက်တိုဘာနဲ့ ဒီဇင်ဘာလတွေတုန်းကဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ အဂတိအမှုအတွက် ရင်ဆိုင်နေရချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ မှတ်တမ်းထဲမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက ရက်အချို့ပါဝင်သလို နေပြည်တော်မှာ အထူးတည်ဆောက်ထားတဲ့ ထိန်းသိမ်းရာ အဆောက်အအုံထဲရှိ သူမရဲ့ ဘဝပုံရိပ်တွေကိုလဲ အသေစစိတ် ဖော်ပြထားပါတယ်။

မှတ်တမ်းဖော်ပြထားတာတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနေ့တာဟာ နံနက် (၄)နာရီခွဲအချိန်ကစတင်ပြီး ည (၈)နာရီခွဲအချိန်မှာ ပြီးဆုံးကာ နံနက်တိုင်း တစ်နာရီကျော် တရားထိုင်သလို ညနေပိုင်း လမ်းလျှောက်လေ့ကျင့်ခန်းကို အခန်းတဝိုက်မှာ မိနစ် (၃၀)ကြာ ပြုလုပ်ကာ တနေ့တာထဲ စိပ်ပုတီးကိုလဲ အသုံးပြုတယ်လို့ သိရပါတယ်။

“ သူ့အသံနဲ့ လမ်းလျှောက်ပုံက မပြောင်းပါဘူး။ သူက ပန်းတော့မပန်တော့ဘူး၊ သူမပန်ချင်တော့လို့လဲ ပါတာပေါ့” လို့ ပြီးခဲ့တဲ့နှစ်ဦးပိုင်းက သူမကို နောက်ဆုံးတွေ့ရှိခဲ့ပြီး ပုံရိပ်မှတ်တမ်းတွေကို အတည်ပြုပေးတဲ့ ထောင်ရဲ့အရင်းအမြစ်တစ်ဦးက ထည့်သွင်းပြောဆိုထားပါတယ်။

မှတ်တမ်းတခုမှာ သူမဟာ နေ့လယ်စာအနေနဲ့ ထမင်း (၂)ဇွန်း၊ ကြက်သား၊ ငါးဆုပ်ဟင်းချို၊ ချောကလက် (၂)တုံးနဲ့ နဂါးမောက်သီးတစ်စိတ်တို့ကို အများဆုံးစားသောက်ပြီး နံနက်စာအတွက် ကြက်ဥမကျက်တကျက်ကြော် (၂)လုံးနဲ့ ညစာအတွက် ပေါင်မုန့်နဲ့ ဟင်းချိုတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး စစ်အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကို ရရှိတယ်လို့ ဆိုပါတယ်။

ဂါးဒီးယန်းသတင်းစာက ဖော်ပြလာတဲ့ မှတ်တမ်းဗီဒိယိုဟာ ဇွန်လ (၁၉)ရက်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)နှစ်ပြည့် မွေးနေ့မတိုင်ခင်အချိန်မှာ ထွက်ပေါ်လာတာလဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အမှု (၁၉)မှုအ‌တွက် ထောင်ဒဏ် (၃၃)နှစ် ချမှတ်ခဲ့ပြီး အမှုအချို့ကို ပြစ်ဒဏ်လျော့ပေါ့ခဲ့ကာ ထောင်ဒဏ် (၂၇)နှစ် ဆက်လက်ကျခံနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက ရွာသားတွေကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 12 Views
ဩဂုတ်လ (၆)ရက်။ ဩဂုတ်လ (၃)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝင်းဝကျေးရွာကို ဝင်ရောက်ပြီး ရွာသူရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီတပ်က မြို့‌တွေကို လက်လွှဲဖို့ ထပ်တောင်းဆိုရင် ဆွေးနွေးပွဲရလဒ်ထွက်မှာမဟုတ်ဘူးလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 14 Views
ဩဂုတ်လ (၆)ရက်။ အခုလကုန်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတယ်လို့ မနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောခွင့်ရ လွေးယေဦးရဲ့
မြန်မာသတင်း

တရုတ်က မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် ကန်ဒေါ်လာ (၃)သန်းကျော် စစ်ကော်မရှင်ထံပေးအပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 6 ရက်
  • 12 Views
ဩဂုတ်လ (၆)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေလွှဲပြောင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို စစ်ကော်မရှင်ဝန်ကြီး (၁၀)ဦးနဲ့ ဒုဝန်ကြီးတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်
မြန်မာသတင်း

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 25 Views
ဩဂုတ်လ (၅)ရက်။ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အခုအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာ/လုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျန်းမာရေးအထူးစိုးရိမ်နေရတဲ့ ဦးမြင့်ဆွေကို အမှတ်(၂)စစ်ဆေးရုံ ကုတင် (၁၀၀၀)ရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 38 Views
ဩဂုတ်လ (၅)ရက်။ မနေ့က စစ်ကောင်စီတပ်ရဲ့ ခလရ(၄၀၃) ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင် တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင်တပ်သား
မြန်မာသတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 26 Views
ဩဂုတ်လ (၅)ရက်။ သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား
မြန်မာသတင်း

လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 23 Views
ဩဂုတ်လ (၅)ရက်။ ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်ခဲ့ရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ မင်းအောင်လှိုင် အမိန့်ပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 18 Views
ဩဂုတ်လ (၅)ရက်။ ရန်ကုန်-မန္တလေး အမြန်လမ်းက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မနေ့က အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လမ်းမကြီးအတိုင်း ကားနဲ့သွား