နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှာ အစားအစာလာယူသူတွေကို အစ္စရေးစစ်တပ်က ဒုံးကျည်နဲ့ပစ်ရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရ

++++++++++++++++

ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ အလွန့်အလွန် လိုအပ်နေသောကြောင့် သူတို့အနေနှင့် အကူအညီထောက်ပံ့မှုများ ရှာဖွေနေခြင်းကို အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်

အင်္ဂါနေ့နံနက်အစောပိုင်းတွင် ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ် (Khan Younis) သို့ ရောက်လာရန် ရှိသည့် ကယ်ဆယ်ရေး ထရပ်ကားများကို စောင့်ဆိုင်းနေစဉ် အစ္စရေး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် အနီးနားတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အကူအညီများ ရှာဖွေနေကြစဉ် သေဆုံးသူ အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အစ္စရေးသည် ဂါဇာတွင် သီတင်း ၁၁ ပတ်ကြာ ပိတ်ဆို့ထားမှုအား ရုတ်သိမ်းပြီး အကူအညီများကို အနည်းငယ် ဝင်ရောက်ခွင့်ပြုပြီးနောက် အကူအညီပေးရေး စင်တာများ အနီးတွင် ပါလက်စတိုင်းသား ၄၀၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ခုတွင် “အကူအညီ ဖြန့်ဖြူးရေးထရပ်ကားတစ်စီး Khan Younis ဧရိယာတွင် ပိတ်မိနေပြီး ထိုနေရာ တဝိုက်တွင် လူများစုဝေးလာမှုကို တွေ့ရှိခဲ့ကြောင်းနှင့်ထိုဒေသတွင် လှုပ်ရှားနေသော IDF တပ်ဖွဲ့ဝင်များ နှင့် လည်း နီးကပ်စွာရှိကြောင်း သိရသည်။

IDF မှ “ လူအုပ်ကြီး၏ချဉ်းကပ်မှုနောက်တွင် IDF ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အများအပြား နှင့်ပတ်သက်သောအစီရင်ခံစာများကိုသတိပြုမိသည်” “ ဖြစ်ရပ်အသေးစိတ် အချက်အလက်များကိုပြန်လည်သုံးသပ်နေသည်” နှင့် “ ကျွန်ုပ်တို့၏တပ်သားများ၏ လုံခြုံရေးကို ထိန်းသိမ်းထားစဉ်သူတို့ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေရန်လုပ်ဆောင်နေသည်” ဟု IDF မှပြောကြားခဲ့သည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သည့် မိုဟာမက် အဘူ အဗဒ်က လူတစ်စုသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သူက CNN သတင်းဌာနကို “ ကျွန်တော်တို့ ဂျုံမှုန့်ကားတွေကို စောင့်နေပါတယ်။ ရုတ်တရက်တော့ လူတွေကြားထဲကို ဒုံးကျည်နှစ်စင်း ကျရောက်ပေါက်ကွဲသွားတယ်၊ လူတွေရဲ့အလောင်းတွေ၊ အကြွင်းအကျန်တွေ၊ အသားအပိုင်းအစတွေကို နေရာအနှံ့ ပြိုကွဲသွားအောင် ထိမှန်သွားတယ်။ ဘာပြောရမှန်းတောင် မသိဘူး၊ သူတို့က ဘာမှမရှိတဲ့ လက်နက်မဲ့ လူတွေကို သတ်ပစ်လိုက်တယ်။”

“သူတို့က ကလေးတွေအတွက် ပေါင်မုန့် ဒါမှမဟုတ် ဂျုံမှုံလောက်ပဲ လာယူကြတာပါ။ သူတို့က ငါတို့ကို သွေးအေးအေးနဲ့ သတ်ခဲ့တယ်” ဟု အဘူအဗဒ်က ပြောကြားခဲ့သည်။

IDF သည် အင်္ဂါနေ့တွင် ထိုဒေသရှိ လေကြောင်းတိုက်ခိုက်မှုကို သတိမထားမိကြောင်း CNN သို့ ပြောကြားခဲ့သည်။

ခန်းယူနစ်တွင် အင်္ဂါနေ့က အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုတွင် ဒါဇင်ပေါင်းများစွာသော အလောင်းများသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သွေးများဖြင့် ဖုံးလွှမ်းထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူ ၂.၁ သန်းကျော်အတွက် သေဆုံးမှု၊ အကြမ်းဖက်မှုနှင့် စိတ်ပျက်အားငယ်မှုတို့၏ နောက်ဆုံးမြင်ကွင်းများသည် အငတ်ဘေးနှင့် နီးကပ်လာနေသည် ဟု ကုလသမဂ္ဂက သတိပေးထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ထောက်ပံ့ကူညီမှုများသည် ပြီးခဲ့သောလနှောင်းပိုင်းတွင် ၎င်း၏ ဖြန့်ဖြူးရေးဂိတ်များကို ဖွင့်လှစ်ပြီးကတည်းက ကမ္ဘာလုံးဆိုင်ရာ စိစစ်မှုအောက်တွင် တည်ရှိနေသည့် အငြင်းပွားဖွယ် ဂါဇာလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ (Gaza Humanitarian Foundation (GHF)) နှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက လောလောဆယ်တွင် လိုအပ်သည့် အစိတ်အပိုင်း၏ အနည်းငယ်မျှသာ ဖြန့်ဖြူးနိုင်သည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက ပြောကြား ခဲ့သည်။

စတင်ချိန်မှစ၍ GHF ဖြန့်ဖြူးရေးနေရာများသို့ ပါလက်စတိုင်းသားများ အကြိမ်ကြိမ် အပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူများအပြင် လူပေါင်း ၃၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အင်္ဂါနေ့က ရာဖာအနောက်ဘက်ရှိ အကူအညီပေးရေး ဖြန့်ဖြူးရေးနေရာအနီးတွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေး-အမေရိကန်ကျောထောက်နောက်ခံပြုပုဂ္ဂလိကကန်ထရိုက်တာ GHF သည် တက်ကြွသောတိုက်ခိုက်ရေးဇုန်များကြားတွင် ၎င်း၏ဖြန့်ဖြူးရေး စင်တာများ ထူထောင်မှုအတွက် နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီအများအပြားက ဝေဖန်ပြစ်တင်ခဲ့သည်။ အဖွဲ့အစည်းသည် ၎င်းတို့၏ ဆိုက်များတွင် အကြမ်းဖက်မှု မရှိကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ သို့သော် GHF သည် “ ကျွန်ုပ်တို့၏ လုံခြုံသောဖြန့်ဖြူးရေးဆိုက်ထက် ကျော်လွန်သည်” ဟုဖော်ပြထားသော ပတ်ဝန်းကျင် ဒေသများတွင် ပါလက်စတိုင်း သေဆုံးမှုများ ရှိနေကြောင်း GHF မှယခုလအစောပိုင်းတွင်အသိအမှတ်ပြုခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နောက်ထပ်မေးခွန်းများကို အစ္စရေးစစ်တပ်ထံ ကိုးကားခဲ့သည်။

IDF သည် ရာဖာတွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် CNN ၏ မှတ်ချက်ကို တုံ့ပြန်ခြင်းမရှိသေးပါ။

အင်္ဂါနေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတပ်ခ် (Volker Türk) က X တွင် “ အစ္စရေးသည် ရိက္ခာနှင့် အသက်ကယ် ထောက်ပံ့မှုများကို ပိတ်ဆို့ထားပြီး လက်နက်သဖွယ် အသုံးပြုနေခဲ့သည်။ အစားအစာ ဖြန့်ဖြူးရေးစင်တာများသို့ အပူတပြင်း ဝင်ရောက်ရန် ကြိုးစားနေသော အရပ်သားများကို သေစေလောက်သော တိုက်ခိုက်မှုများအတွက် ချက်ချင်း ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရန် တိုက်တွန်းပါသည်” ဟု Xတွင် ရေးသားခဲ့သည်။

အင်္ဂါနေ့က ခန်းယူနစ် တွင် သေဆုံးခဲ့သူများထဲမှ တစ်ဦးမှာ မိသားစုအတွက် စားနပ်ရိက္ခာနှင့် ပြန်လာရန် မျှော်လင့်ချက်ဖြင့် ထိုနေရာသို့ ခရီးထွက်လာခဲ့သည့် အသက်၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

သူ့အမေက မျက်ရည်တွေကျပြီး “သူ ပျော်ပွဲစားထွက်ဖို့သွားတာ မဟုတ်ဘူး။ သူ့အဖေနဲ့သားချင်းတွေအတွက် စားစရာ ယူလာပေးဖို့ သွားတာပါ။”

အနီးနားရှိ နာဆာကျန်းမာရေးအဆောက်အအုံ (Nasser Medical Complex) တွင် ရပ်ကွက်တစ်ခုလုံး အသေအပျောက်များဖြင့် ပြည့်ကျပ်နေကြောင်း ဆေးရုံဝန်ထမ်းများက ပြောသည်။ ဆေးရုံမှ ဗီဒီယိုဖိုင်တွင် လူဒါဇင်နှင့်ချီသော ဒဏ်ရာများဖြင့် ရောက်လာကြပြီး ဆေးရုံအတွင်း၌ အခြားသူများမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် ကုသမှုခံယူရန် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

အင်္ဂါနေ့တွင် ဆေးရုံမှလူနာများစွာကို လက်ခံရရှိခဲ့ပြီး “ ခန်းယူနစ်စ်ရှိ အကူအညီပေးဝေသည့် နေရာများကို အစ္စရေးစစ်တပ်၏ ပစ်မှတ်ထားမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိပြီး အများအပြားသေဆုံးခဲ့သည်” ဟု ဗြိတိန်အခြေစိုက် Medical Aid for Palestinians (MAP) မှ အထူးကြပ်မတ်ကုသရေးဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

“ဒီနေရာက အခြေအနေက စိတ်ကူးပြီးတွေးကြည့်ထားတာထက် ပိုပြီးဆိုးရွားပါတယ်” ဟု ဆရာဝန်က ပြောကြားပြီး ရေခဲတိုက်ထဲတွင်အလောင်းများ ပြည့်ကြပ်နေပြီး နောက်ထပ် အလောင်းများကို အဆောက်အအုံအပြင်ဘက်တွင် ထားရှိထားကြောင်း ပြောဆိုခဲ့သည်။

“ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်၊ ဒါပေမယ့် အရေအတွက်က များလွန်းနေတယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း

ဂျပန်အာဏာရပါတီ ခေါင်းဆောင်အသစ်ရွေးချယ်၊ နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 14 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၄ရက် ဂျပန်နိုင်ငံ၏ အာဏာရပါတီသည် စနေနေ့တွင် စီးပွားရေးလုံခြုံရေးဝန်ကြီးဟောင်း ဆနဲ တာကာအိချိ (Sanae Takaichi)
ဂျပန် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ပစိဖိတ်လက်နက်ပြိုင်ပွဲ ပြင်းထန်လာချိန်တွင် ဂျပန်က မိုင် ၁,၀၀၀ အထိ ပစ်ခတ်နိုင်သော အမေရိကန် ဒုံးကျည်များဖြင့် စစ်သင်္ဘောကို လက်နက်တပ်ဆင်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 14 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက် တောင်ကိုရီးယား၊ ဆိုးလ် — ဂျပန်စစ်သင်္ဘောတစ်စီးသည် တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည်များ တပ်ဆင်ရန်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ပြင်သစ် ဓာတ်ပုံသတင်းထောက် ယူကရိန်းတွင် ဒရုန်းဖြင့် သေဆုံးခဲ့ကြောင်း ဓာတ်ပုံအေဂျင်စီ ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 12 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၄ရက် ပြင်သစ်ဓာတ်ပုံသတင်းထောက် အန်တိုနီ လယ်လီကန် (Antoni Lallican) သည် သောကြာနေ့က ယူကရိန်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည်ဟု ၎င်း၏ အလုပ်ရှင်နှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် တို့က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်က ဓားစာခံညှိနှိုင်းမှုများ သဘောတူပြီးနောက် အစ္စရေးကို ဂါဇာဗုံးကြဲခြင်း ရပ်တန့်ရန် ထရန့်ပ် တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 17 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၄ရက် ဟားမတ်စ်က သမ္မတ ဒေါ်နယ်လ် ထရန့်ပ်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ညှိနှိုင်းမှုများသို့ “ချက်ချင်း” ဝင်ရောက်ရန် သဘောတူကြောင်း ကြေညာခဲ့သည်။ ၎င်းသည် လပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်နိုင်ခြင်းမရှိသော
တရုတ် နိုင်ငံတကာသတင်း

တရုတ်၏ အလုပ်လက်မဲ့ လူငယ်များသည် နိုင်ငံခြားမှ ပညာရှင်များကိုဆွဲဆောင်ရန် ‘K-ဗီဇာ’ ထုတ်ပေးသည့်အစီအစဉ်အပေါ် မကျေမနပ် ဖြစ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 25 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၂ရက် တရုတ်အစိုးရက သိပ္ပံနှင့် နည်းပညာနယ်ပယ်မှ လူငယ်ပညာရှင်များကို ဆွဲဆောင်ရန် မိတ်ဆက်လိုက်သည့် ဗီဇာအမျိုးအစားအသစ်သည် တရုတ်နိုင်ငံတွင် ပညာတတ် လူငယ်များ အလုပ်ရှာဖွေရန် ရုန်းကန်နေရချိန်၌ ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည်။ အောက်တိုဘာလ ၁
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်က ထရမ့်ကို ချီးကျူးသော်လည်း ယူကရိန်းအား အမေရိကန်၏ အကွာအဝေးပစ် ဒုံးကျည်များ ထောက်ပံ့မှုက ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေမည်ဟု သတိပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 33 Views
CNN- အေပီ သတင်း – ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းသို့ အကွာအဝေးပစ် ဒုံးကျည်များ ထောက်ပံ့ခြင်းသည် မော်စကိုနှင့် ဝါရှင်တန်ကြား ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သော်လည်း
နိုင်ငံတကာသတင်း အမေရိကန်

‘ဒီမိုကရက် အေဂျင်စီများ’ အပေါ် သမ္မတထရမ့် ဖြတ်တောက်မည်ဟု ခြိမ်းခြောက်၊ ရပ်ဆိုင်းမှုအတွက် အပြစ်ပုံချမှု ပိုမိုပြင်းထန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 16 Views
BBC- ၂၀၂၅ခုနှစ် အောက်တိုဘာလ၃ရက် အမေရိကန်အစိုးရ ရပ်ဆိုင်းမှု တတိယမြောက်နေ့သို့ ချဉ်းကပ်လာချိန်တွင် သမ္မတ ဒေါ်နယ်လ် ထရမ့်က သူနှင့် သူ၏ ဘတ်ဂျက်ဒါရိုက်တာတို့သည် ဖြတ်တောက်ရန်အတွက် မည်သည့် “ ဒီမိုကရက် အေဂျင်စီများ” ကို ရွေးချယ်မည်ကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် ဥရောပ

ပဋိပက္ခများ ရပ်စဲရေးနှင့် ဂါဇာကို ပြန်လည်တည်ဆောက်ရေး အကြီးအကဲနေရာအတွက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘလဲယားဖြစ်လာမည်လော?

  • 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 20 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂ရက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား သည် ဂါဇာကို ပြန်လည်တည်ဆောက်ရေးတွင် တာဝန်ပေးအပ်ခံရမည့် အဖွဲ့အစည်း၏ အကြီးအကဲ ဖြစ်လာနိုင်ဖွယ်ရှိနေသောကြောင့် နိုင်ငံတကာ၏အာရုံစိုက်အရေးထားမှုထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ဘလဲယားသည် ၁၀ ဒေါင်းနင်းလမ်း (ဝန်ကြီးချုပ်အိမ်တော်) တွင်