နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှာ အစားအစာလာယူသူတွေကို အစ္စရေးစစ်တပ်က ဒုံးကျည်နဲ့ပစ်ရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရ

++++++++++++++++

ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ အလွန့်အလွန် လိုအပ်နေသောကြောင့် သူတို့အနေနှင့် အကူအညီထောက်ပံ့မှုများ ရှာဖွေနေခြင်းကို အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်

အင်္ဂါနေ့နံနက်အစောပိုင်းတွင် ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ် (Khan Younis) သို့ ရောက်လာရန် ရှိသည့် ကယ်ဆယ်ရေး ထရပ်ကားများကို စောင့်ဆိုင်းနေစဉ် အစ္စရေး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် အနီးနားတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အကူအညီများ ရှာဖွေနေကြစဉ် သေဆုံးသူ အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အစ္စရေးသည် ဂါဇာတွင် သီတင်း ၁၁ ပတ်ကြာ ပိတ်ဆို့ထားမှုအား ရုတ်သိမ်းပြီး အကူအညီများကို အနည်းငယ် ဝင်ရောက်ခွင့်ပြုပြီးနောက် အကူအညီပေးရေး စင်တာများ အနီးတွင် ပါလက်စတိုင်းသား ၄၀၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ခုတွင် “အကူအညီ ဖြန့်ဖြူးရေးထရပ်ကားတစ်စီး Khan Younis ဧရိယာတွင် ပိတ်မိနေပြီး ထိုနေရာ တဝိုက်တွင် လူများစုဝေးလာမှုကို တွေ့ရှိခဲ့ကြောင်းနှင့်ထိုဒေသတွင် လှုပ်ရှားနေသော IDF တပ်ဖွဲ့ဝင်များ နှင့် လည်း နီးကပ်စွာရှိကြောင်း သိရသည်။

IDF မှ “ လူအုပ်ကြီး၏ချဉ်းကပ်မှုနောက်တွင် IDF ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အများအပြား နှင့်ပတ်သက်သောအစီရင်ခံစာများကိုသတိပြုမိသည်” “ ဖြစ်ရပ်အသေးစိတ် အချက်အလက်များကိုပြန်လည်သုံးသပ်နေသည်” နှင့် “ ကျွန်ုပ်တို့၏တပ်သားများ၏ လုံခြုံရေးကို ထိန်းသိမ်းထားစဉ်သူတို့ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေရန်လုပ်ဆောင်နေသည်” ဟု IDF မှပြောကြားခဲ့သည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သည့် မိုဟာမက် အဘူ အဗဒ်က လူတစ်စုသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သူက CNN သတင်းဌာနကို “ ကျွန်တော်တို့ ဂျုံမှုန့်ကားတွေကို စောင့်နေပါတယ်။ ရုတ်တရက်တော့ လူတွေကြားထဲကို ဒုံးကျည်နှစ်စင်း ကျရောက်ပေါက်ကွဲသွားတယ်၊ လူတွေရဲ့အလောင်းတွေ၊ အကြွင်းအကျန်တွေ၊ အသားအပိုင်းအစတွေကို နေရာအနှံ့ ပြိုကွဲသွားအောင် ထိမှန်သွားတယ်။ ဘာပြောရမှန်းတောင် မသိဘူး၊ သူတို့က ဘာမှမရှိတဲ့ လက်နက်မဲ့ လူတွေကို သတ်ပစ်လိုက်တယ်။”

“သူတို့က ကလေးတွေအတွက် ပေါင်မုန့် ဒါမှမဟုတ် ဂျုံမှုံလောက်ပဲ လာယူကြတာပါ။ သူတို့က ငါတို့ကို သွေးအေးအေးနဲ့ သတ်ခဲ့တယ်” ဟု အဘူအဗဒ်က ပြောကြားခဲ့သည်။

IDF သည် အင်္ဂါနေ့တွင် ထိုဒေသရှိ လေကြောင်းတိုက်ခိုက်မှုကို သတိမထားမိကြောင်း CNN သို့ ပြောကြားခဲ့သည်။

ခန်းယူနစ်တွင် အင်္ဂါနေ့က အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုတွင် ဒါဇင်ပေါင်းများစွာသော အလောင်းများသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သွေးများဖြင့် ဖုံးလွှမ်းထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူ ၂.၁ သန်းကျော်အတွက် သေဆုံးမှု၊ အကြမ်းဖက်မှုနှင့် စိတ်ပျက်အားငယ်မှုတို့၏ နောက်ဆုံးမြင်ကွင်းများသည် အငတ်ဘေးနှင့် နီးကပ်လာနေသည် ဟု ကုလသမဂ္ဂက သတိပေးထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ထောက်ပံ့ကူညီမှုများသည် ပြီးခဲ့သောလနှောင်းပိုင်းတွင် ၎င်း၏ ဖြန့်ဖြူးရေးဂိတ်များကို ဖွင့်လှစ်ပြီးကတည်းက ကမ္ဘာလုံးဆိုင်ရာ စိစစ်မှုအောက်တွင် တည်ရှိနေသည့် အငြင်းပွားဖွယ် ဂါဇာလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ (Gaza Humanitarian Foundation (GHF)) နှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက လောလောဆယ်တွင် လိုအပ်သည့် အစိတ်အပိုင်း၏ အနည်းငယ်မျှသာ ဖြန့်ဖြူးနိုင်သည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက ပြောကြား ခဲ့သည်။

စတင်ချိန်မှစ၍ GHF ဖြန့်ဖြူးရေးနေရာများသို့ ပါလက်စတိုင်းသားများ အကြိမ်ကြိမ် အပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူများအပြင် လူပေါင်း ၃၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အင်္ဂါနေ့က ရာဖာအနောက်ဘက်ရှိ အကူအညီပေးရေး ဖြန့်ဖြူးရေးနေရာအနီးတွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေး-အမေရိကန်ကျောထောက်နောက်ခံပြုပုဂ္ဂလိကကန်ထရိုက်တာ GHF သည် တက်ကြွသောတိုက်ခိုက်ရေးဇုန်များကြားတွင် ၎င်း၏ဖြန့်ဖြူးရေး စင်တာများ ထူထောင်မှုအတွက် နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီအများအပြားက ဝေဖန်ပြစ်တင်ခဲ့သည်။ အဖွဲ့အစည်းသည် ၎င်းတို့၏ ဆိုက်များတွင် အကြမ်းဖက်မှု မရှိကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ သို့သော် GHF သည် “ ကျွန်ုပ်တို့၏ လုံခြုံသောဖြန့်ဖြူးရေးဆိုက်ထက် ကျော်လွန်သည်” ဟုဖော်ပြထားသော ပတ်ဝန်းကျင် ဒေသများတွင် ပါလက်စတိုင်း သေဆုံးမှုများ ရှိနေကြောင်း GHF မှယခုလအစောပိုင်းတွင်အသိအမှတ်ပြုခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နောက်ထပ်မေးခွန်းများကို အစ္စရေးစစ်တပ်ထံ ကိုးကားခဲ့သည်။

IDF သည် ရာဖာတွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် CNN ၏ မှတ်ချက်ကို တုံ့ပြန်ခြင်းမရှိသေးပါ။

အင်္ဂါနေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတပ်ခ် (Volker Türk) က X တွင် “ အစ္စရေးသည် ရိက္ခာနှင့် အသက်ကယ် ထောက်ပံ့မှုများကို ပိတ်ဆို့ထားပြီး လက်နက်သဖွယ် အသုံးပြုနေခဲ့သည်။ အစားအစာ ဖြန့်ဖြူးရေးစင်တာများသို့ အပူတပြင်း ဝင်ရောက်ရန် ကြိုးစားနေသော အရပ်သားများကို သေစေလောက်သော တိုက်ခိုက်မှုများအတွက် ချက်ချင်း ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရန် တိုက်တွန်းပါသည်” ဟု Xတွင် ရေးသားခဲ့သည်။

အင်္ဂါနေ့က ခန်းယူနစ် တွင် သေဆုံးခဲ့သူများထဲမှ တစ်ဦးမှာ မိသားစုအတွက် စားနပ်ရိက္ခာနှင့် ပြန်လာရန် မျှော်လင့်ချက်ဖြင့် ထိုနေရာသို့ ခရီးထွက်လာခဲ့သည့် အသက်၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

သူ့အမေက မျက်ရည်တွေကျပြီး “သူ ပျော်ပွဲစားထွက်ဖို့သွားတာ မဟုတ်ဘူး။ သူ့အဖေနဲ့သားချင်းတွေအတွက် စားစရာ ယူလာပေးဖို့ သွားတာပါ။”

အနီးနားရှိ နာဆာကျန်းမာရေးအဆောက်အအုံ (Nasser Medical Complex) တွင် ရပ်ကွက်တစ်ခုလုံး အသေအပျောက်များဖြင့် ပြည့်ကျပ်နေကြောင်း ဆေးရုံဝန်ထမ်းများက ပြောသည်။ ဆေးရုံမှ ဗီဒီယိုဖိုင်တွင် လူဒါဇင်နှင့်ချီသော ဒဏ်ရာများဖြင့် ရောက်လာကြပြီး ဆေးရုံအတွင်း၌ အခြားသူများမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် ကုသမှုခံယူရန် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

အင်္ဂါနေ့တွင် ဆေးရုံမှလူနာများစွာကို လက်ခံရရှိခဲ့ပြီး “ ခန်းယူနစ်စ်ရှိ အကူအညီပေးဝေသည့် နေရာများကို အစ္စရေးစစ်တပ်၏ ပစ်မှတ်ထားမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိပြီး အများအပြားသေဆုံးခဲ့သည်” ဟု ဗြိတိန်အခြေစိုက် Medical Aid for Palestinians (MAP) မှ အထူးကြပ်မတ်ကုသရေးဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

“ဒီနေရာက အခြေအနေက စိတ်ကူးပြီးတွေးကြည့်ထားတာထက် ပိုပြီးဆိုးရွားပါတယ်” ဟု ဆရာဝန်က ပြောကြားပြီး ရေခဲတိုက်ထဲတွင်အလောင်းများ ပြည့်ကြပ်နေပြီး နောက်ထပ် အလောင်းများကို အဆောက်အအုံအပြင်ဘက်တွင် ထားရှိထားကြောင်း ပြောဆိုခဲ့သည်။

“ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်၊ ဒါပေမယ့် အရေအတွက်က များလွန်းနေတယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို