နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းအဖွဲ့ (၁၈)ဖွဲ့ ပူးတွဲထုတ်ပြန်

ဇွန်လ (၂၀)ရက်။

ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းလက်နက်ကိုင် (၁၈)ဖွဲ့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်ထဲ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူနဲ့အတူ ကြိုးပမ်းဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

အခုချင်းပြည်ထဲရှိ ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား မကြာခဏ အချင်းချင်းပွတ်တိုက်တာတွေ၊ အငြင်းပွားတာတွေမှာ လက်နက်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာနဲ့ ပြည်သူအကြား စည်းလုံးညီညွတ်မှု အားနည်းလာတာတို့ဟာ တော်လှန်ရေးခရီး နှောင့်နှေးသွားနိုင်တဲ့အပြင် ရည်မှန်းချက်ပန်းတိုင် ကျရှုံးနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ချင်းလက်နက်ကိုင် (၁၈)ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင် အချင်းချင်းတို့အကြား လေးစားမှုရှိပြီး ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ဖို့အတွက် အမြဲတမ်းမျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အချင်းချင်း နားလည်မှုလွဲမှားစေတဲ့ အပြောအဆိုနဲ့ အပြုအမူတွေ အားလုံးကို ရှောင်ရှားပြီး ဘုံရန်သူကို ပထမဦးစားပေး တော်လှန်တိုက်ပွဲဆင်နွှဲဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ချင်းပြည်ထဲရှိ နယ်မြေဒေသနဲ့ မျိုးနွယ်စုအရေးတွေကို တော်လှန်ရေးကာလအလွန်မှာ နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာကြဖို့ကိုလဲ ဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် ကြေညာချက်ထဲ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချုပ်ငြိမ်းဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို့၊ နယ်မြေ/လူမျိုးကို ကာကွယ်ဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းပြည်တည်ဆောက်ဖို့အတွက် ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ အားလုံးကို လေးစားဂုဏ်ပြုတယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 13 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့