နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ PLA ထုတ်ပြန်

ဇွန်လ (၂၀)ရက်။

မနေ့က ပုလဲမြို့နယ်ထဲ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး (၂)ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က ဇွန်လ (၁၉)ရက်နေ့ နံနက် (၆)နာရီ (၄၀)မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲကာလထဲ စစ်ကောင်စီက လေကြောင်းကနေ အကြိမ် (၂၀၀)ကျော် တိုက်ခိုက်ခဲ့ပြီး ဗုံးသီးအလုံးရေ (၅၀၀)ကျော် ကျဲချခဲ့ကာ ဂျက်ဖိုက်တာတွေ၊ Y-12 ဗုံးကြဲလေယာဉ်တွေအပြင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ စက်တပ်လေထီးတို့နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ လေကြောင်းပစ်ကူတွေအပြင် မြေပြင်စစ်ကူစစ်ကြောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေလဲ ပေးပို့ခဲ့ပြီး အဓိကကတော့ ကန့်ဒေါင့်ရွာနဲ့ (၃)မိုင်ခန့်သာဝေးတဲ့ အင်မထီးပျူစောထီးရွာကို Mi17 ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအင်မထီးရွာက ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းတွေကို PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ဖြတ်တောက်နိုင်ခဲ့တာကြောင့် ကန့်ဒေါင့်စခန်းကို စစ်ကူမရောက်တဲ့အတွက် စခန်းရှိ စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားနေခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာထုတ်တွေနဲ့ ခဲယမ်းတွေ ချပေးပေမယ့် ရွာထဲကျတာကြောင့် စခန်းထဲကနေ လာရောက်ယူတဲ့အချိန် PLA ရဲဘော်တွေက ပစ်ခတ်ဟန့်တားခဲ့တဲ့အတွက် မယူနိုင်ဘဲ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး ပုလဲ-ဂန့်ဂေါလမ်းပိုင်းပေါ်မှာ တည်ရှိကာ အိန္ဒိယနိုင်ငံအထိ သွားလာနိုင်တာကြောင့် မဟာဗျူဟာအရ အလွန်အရေးပါသလို ကန့်ဒေါင့်ကနေ အနောက်မြောက်ဘက် မိုင်(၃၀)ကျော်မှာ ကပစ(၂၃)ရှိပြီး အနောက်တောင်ဘက် (၃၅)မိုင်မှာ ကပစ(၂၄)တည်ရှိတာပါ။

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတစ်ခုလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကနေ ကန့်ဒေါင့်ရဲစခန်းမကျစေဖို့အတွက် လေကြောင်းပစ်ကူတွေ အဆက်မပြတ်သုံးကာ ခုခံခဲ့ပေမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲထဲ PLA ရဲ့ အမျိုးသမီးရဲဘော်တွေလဲ ပါဝင်တိုင်ပွဲဝင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို PLA က သိမ်းပိုက်ရာ ABSDF၊ ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့ အညာမြေတပ်ပေါင်းစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 13 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့