ဇွန်လ (၂၁)ရက်။
ဇွန်လ (၇)ရက်နေ့က တအာင်းပြည်တနေရာမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA အထွေထွေအတင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ Karenni-IEC ဒုဥက္ကဋ္ဌ ခွန်ဘီထူးတို့အပြင် AA က တပ်မှူးတဦး၊ PLA က စစ်ဦးစီးချုပ်၊ ABSDF ဒုဥက္ကဋ္ဌနဲ့ BPLA ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲကို တက်ရောက်လာတဲ့ မဟာမိတ်ခေါင်းဆောင်တွေက တော်လှန်ရေးအောင်မြင်ဖို့ မတူညီတဲ့ အင်အားစုတွေကြား ညီညွတ်ဖို့ လိုအပ်ကာ ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မယ်ဆိုတာကို အဓိကထား ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ပြီး သင်တန်းကာလထဲ ထုးချွန်ကျောင်းသား၊ ကျောင်းသူတွေကို ဆုပေးအပ်ချီးမြှင့်ခဲ့ကာ အဲ့ဒီအထဲ လက်ဖြောင့်ဆုရရှိသွားတဲ့ စစ်မေဟာ “ ၁၀၂၇ စစ်ဆင်ရေး” မှာ အသက်ပေးခဲ့တဲ့ အာဇာနည်ရဲဘော် အောင်ပိုင်ရဲ့ညီမဖြစ်တယ်လို့ သင်တန်းဆင်းပွဲ အစီရင်ခံချက်မှာ ပြောဆိုထားပါတယ်။
ဒါ့အပြင် သင်တန်းဆင်းရဲဘော်တွေကို လက်နက်တွေ ပေးအပ်တပ်ဆင်ခဲ့ပြီး အမှတ်(၂၀၃)စစ်ဒေသအတွက် တပ်ရင်းသစ်တခုလဲ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။




