နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ သင်တန်းမှာ သင်တန်းသား (၂)ဦး သေဆုံးခဲ့တဲ့အပေါ် သင်တန်းဆရာကို အရေးယူထား

ဇွန်လ (၂၁)ရက်။

ဗျူဟာ(၃၃)လက်အောက်ရှိ ဒေါနတပ်ရင်းစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/အထူးချေမှုန်းရေးသင်တန်း(၂)က သင်တန်းသား (၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သေဆုံးခဲ့တဲ့ သင်တန်းသား (၂)ဦးဟာ ရဲဘော် ဒိုင်နိုနဲ့ ရဲဘော် ဘထက်တို့ဖြစ်ကာ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇွန်လ (၃)ရက်နေ့မှာ ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ဦးဆောင်ကာ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး သင်တန်းဆရာတွေနဲ့ သင်တန်းသားတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုစစ်ဆေးခဲ့ရာမှာ သင်တန်းကွင်းဖွင့်တဲ့ နေရာဒေသနဲ့ ရာသီဥတုကြောင့် တုပ်ကွေးရောဂါ၊ ဝမ်းဝပျက်ဝမ်းလျောရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့ ယားနာရောဂါတွေ ဖြစ်ပွားတာကို စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီသင်တန်းမှာ သင်ကြားရေးတာဝန်ခံ (၅)ဦး၊ ဆေးတာဝန်ခံ (၁)ဦး၊ စားဖိုဆောင်တာဝန်ခံ (၁)ဦးနဲ့ လုံခြုံရေးတာဝန်ခံတွေ ဖွဲ့စည်းပါဝင်ပေမယ့် ကျွမ်းကျင်မှု၊ ချင့်ချိန်နိုင်မှုနဲ့ စီမံခန့်ခွဲနိုင်မှု အားနည်းတာကို တွေ့ရှိရပြီး သင်တန်းသားအများစုမှာလဲ ရောဂါဝေဒနာတွေ ခံစားနေရတယ်လို့ သိရပါတယ်။

သင်တန်းဆရာတွေအနေနဲ့ အဲ့ဒီဖြစ်စဉ်အခြေအနေကို မသုံးသပ်နိုင်တာနဲ ဆေးမှူးနဲ့ မညှိနှိုင်းဘဲ ချမှတ်ထားတဲ့ သင်တန်းအချိန်ဇယားအတိုင်း ပြုလုပ်ခဲ့ကာ သေဆုံးခဲ့ရတဲ့ ရဲဘော် (၂)ဦးဟာ အဆုတ်ထဲ ပိုးရောက်ကာ ချောင်းဆိုးသွေးအန်တာနဲ့ ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်တာတို့ကြောင့် သေဆုံးခဲ့ရတာလို့ ပြောဆိုထားပါတယ်။

အဲ့ဒီဖြစ်စဉ်ကို စုံစမ်းရေးကော်မတီက အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ လုပ်ငန်းစဉ်ပိုင်း၊ တာဝန်ပိုင်းနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေအပေါ် လိုက်နာကျင့်သုံးဖို့ ပျက်ကွက်ခဲ့တဲ့ သင်တန်းဆရာတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသင်တန်းဆရာကို စုံခုံကော်မတီဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာ ငြင်းဆိုတာမရှိဘဲ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တဲ့အတွက် ဇွန်လ (၈)ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁)နှစ်ချမှတ်ပြီး သင်တန်းဆရာအနေနဲ့ ရာသက်ပန် ပိတ်ပင်ပြီး ဘယ်သင်တန်းမှ သင်ကြားခွင့်မရှိဆိုကာ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ (၅)ရက်တာ စုံစမ်းခဲ့ပြီးတဲ့ စုံခုံကော်မတီရဲ့ ဆုံးဖြတ်ချက်ရလဒ်တွေကို ရေးသားပြုစုကာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ရေးဌာနနဲ့ စစ်ဒေသမှူးထံ အစီရင်ခံတင်ပြပြီးဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 9 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို 
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 32 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 36 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 23 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 24 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 22 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 29 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 38 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်