နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ သင်တန်းမှာ သင်တန်းသား (၂)ဦး သေဆုံးခဲ့တဲ့အပေါ် သင်တန်းဆရာကို အရေးယူထား

ဇွန်လ (၂၁)ရက်။

ဗျူဟာ(၃၃)လက်အောက်ရှိ ဒေါနတပ်ရင်းစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/အထူးချေမှုန်းရေးသင်တန်း(၂)က သင်တန်းသား (၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သေဆုံးခဲ့တဲ့ သင်တန်းသား (၂)ဦးဟာ ရဲဘော် ဒိုင်နိုနဲ့ ရဲဘော် ဘထက်တို့ဖြစ်ကာ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇွန်လ (၃)ရက်နေ့မှာ ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ဦးဆောင်ကာ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး သင်တန်းဆရာတွေနဲ့ သင်တန်းသားတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုစစ်ဆေးခဲ့ရာမှာ သင်တန်းကွင်းဖွင့်တဲ့ နေရာဒေသနဲ့ ရာသီဥတုကြောင့် တုပ်ကွေးရောဂါ၊ ဝမ်းဝပျက်ဝမ်းလျောရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့ ယားနာရောဂါတွေ ဖြစ်ပွားတာကို စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီသင်တန်းမှာ သင်ကြားရေးတာဝန်ခံ (၅)ဦး၊ ဆေးတာဝန်ခံ (၁)ဦး၊ စားဖိုဆောင်တာဝန်ခံ (၁)ဦးနဲ့ လုံခြုံရေးတာဝန်ခံတွေ ဖွဲ့စည်းပါဝင်ပေမယ့် ကျွမ်းကျင်မှု၊ ချင့်ချိန်နိုင်မှုနဲ့ စီမံခန့်ခွဲနိုင်မှု အားနည်းတာကို တွေ့ရှိရပြီး သင်တန်းသားအများစုမှာလဲ ရောဂါဝေဒနာတွေ ခံစားနေရတယ်လို့ သိရပါတယ်။

သင်တန်းဆရာတွေအနေနဲ့ အဲ့ဒီဖြစ်စဉ်အခြေအနေကို မသုံးသပ်နိုင်တာနဲ ဆေးမှူးနဲ့ မညှိနှိုင်းဘဲ ချမှတ်ထားတဲ့ သင်တန်းအချိန်ဇယားအတိုင်း ပြုလုပ်ခဲ့ကာ သေဆုံးခဲ့ရတဲ့ ရဲဘော် (၂)ဦးဟာ အဆုတ်ထဲ ပိုးရောက်ကာ ချောင်းဆိုးသွေးအန်တာနဲ့ ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်တာတို့ကြောင့် သေဆုံးခဲ့ရတာလို့ ပြောဆိုထားပါတယ်။

အဲ့ဒီဖြစ်စဉ်ကို စုံစမ်းရေးကော်မတီက အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ လုပ်ငန်းစဉ်ပိုင်း၊ တာဝန်ပိုင်းနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေအပေါ် လိုက်နာကျင့်သုံးဖို့ ပျက်ကွက်ခဲ့တဲ့ သင်တန်းဆရာတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသင်တန်းဆရာကို စုံခုံကော်မတီဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာ ငြင်းဆိုတာမရှိဘဲ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တဲ့အတွက် ဇွန်လ (၈)ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁)နှစ်ချမှတ်ပြီး သင်တန်းဆရာအနေနဲ့ ရာသက်ပန် ပိတ်ပင်ပြီး ဘယ်သင်တန်းမှ သင်ကြားခွင့်မရှိဆိုကာ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ (၅)ရက်တာ စုံစမ်းခဲ့ပြီးတဲ့ စုံခုံကော်မတီရဲ့ ဆုံးဖြတ်ချက်ရလဒ်တွေကို ရေးသားပြုစုကာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ရေးဌာနနဲ့ စစ်ဒေသမှူးထံ အစီရင်ခံတင်ပြပြီးဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 28 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 31 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ