နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

ဇွန်လ (၃၀)ရက်။

ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း ဇီးကုန်းနားက ရွာတွေကို (၄)ရက်ဆက်တိုက် စစ်ကြောင်းထိုးတာ။ အဲ့ဒီစစ်ကြောင်းက သတ်ဖြတ်သွားတဲ့သူတွေက အသက်(၃၀)ကနေ (၅၅)ဝန်းကျင်အထိ စုစုပေါင်း (၁၁)ဦးရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကန့်ဘလူနယ်တောင်ခြမ်း ဇီးကုန်းမြို့အနီးက သပြေသာ၊ ဖိုလ်ကုန်းနဲ့ ကျောက်ကုန်းရွာတွေဖြစ်ပြီး သတ်ဖြတ်ခံရသူတွေထဲ အသက် (၃၀)နှစ်ကနေ (၅၅)ဝန်းကျင်ရှိသူတွေလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းရဲ့ သတ်ဖြတ်ခံရသူတွေဟာ သပြေသာရွာက အမျိုးသား (၅)ဦး၊ ကျောင်းကုန်းရွာက အမျိုးသား (၃)ဦး၊ ဖိုလ်ကုန်းရွာက အမျိုးသား (၁)ဦးနဲ့ မင်းဘာရွာက အမျိုးသား (၁)ဦးနဲ့ စီစစ်ဆဲ အမျိုးသား (၁)ဦး စုစုပေါင်း (၁၁)ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကျေးရွာတွေထဲ စစ်ကြောင်းထိုးချိန် အမျိုးသမီးအချို့ကိုလဲ အဓမ္မပြုကျင့်တာတွေရှိခဲ့ကာ လုံခြုံရေးကြောင့် အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ကန့်ဘလူနယ်တောင်ခြမ်း ဇီးကုန်းမြို့အနီးရှိ MEC သကြားစက်-ယမနေပျူရွာ-ကွင်းတိုးတပ်စခန်းတွေကို သွားလာလှုပ်ရှားနေတာကြောင့် ဒေသခံတွေအပါအဝင် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း အသုံးပြုနေတဲ့ ခရီးသွားတွေ သတိပြုကြဖို့ အသိပေးထားပါတယ်။

ဒီကနေ့ နံနက် (၈)နာရီအချိန်မှာ အဲ့ဒီစစ်ကြောင်းဟာ ဇီးကုန်းမြို့ကို ရောက်ရှိပြီး ရန်ကြီးအောင်ကွက်သစ်နဲ့ ဆင်ထူးကုန်း ဘုန်းတော်ကြီးကျောင်းအရှေ့ဘက်ရှိ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 20 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 26 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 28 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 32 Views
မတ်လ (၁၁)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို
မြန်မာသတင်း

ရွှေပေါက္ကံမှာ ရန်ဖြစ်တာကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ကားတိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 25 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဖြစ်တာက (၁၂)ဈေးနားမှာ၊ ရန်ဖြစ်တဲ့အဖွဲ့ကို ရခတွေက ဝင်ဖြေရှင်းပေးရင်း
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 33 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ (၃၀၀)ကျော်ကို အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲတွေနဲ့
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 36 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မတ်လ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 23 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်