ဇူလိုင်လ (၃)ရက်။
မြန်မာနိုင်ငံရဲ့စီးပွားရေး ကျဆင်းနိုင်တယ်လို ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက် မမှန်တာနဲ့ မပြည့်စုံတာတွေကို တွေ့ရတယ်လို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။
“ ကမ္ဘာ့ဘဏ်က နိုင်ငံရဲ့စီးပွားရေးကို အရင်က ၂ ဒသမ ၅အထိ မျှော်မှန်းထားပေမယ့် အခုအချိန်မှာ အနုတ် ၂ ဒသမ ၅အထိ ကျဆင်းနိုင်တယ်လို ခန့်မှန်းထားပါတယ်။ သူတိုတွက်ချက်တဲ့စာရင်းတွေက အချက်အလက်တွေ မမှန်ကန်တာနဲ့ ပြည့်စုံမှုမရှိတာကို တွေ့ရတယ်” လို ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံအထိ မျှော်မှန်းဆောင်ရွက်နေကာ ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် ဆောင်ရွက်နေတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က နိုင်ငံရဲ့ GDP ကျဆင်းမယ်လို မျှော်မှန်းထားပေမယ့် နိုင်ငံထဲ နေထိုင်သူတွေ ကြိုးပမ်းရင် GDP တက်လာမှာဖြစ်တဲ့အတွက် နိုင်ငံအတွက် အမှန်တကယ် အလုပ်လုပ်ဖို စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။
နောက်ပြီး အလုပ်လုပ်နိုင်ဖိုအတွက် ဖန်တီးပေးဖိုလိုအပ်ပြီး တိုင်းနဲ့ပြည်နယ်တွေကို နိုင်ငံ့စီးပွားမြှင့်တင်ဖို ရန်ပုံငွေတွေ ထုတ်ပေးထားသလို ထပ်မံတင်ပြနေတာကိုလဲ ထုတ်ပေးနေတယ်လို ပြောဆိုထားပါသေးတယ်။
ဒါ့အပြင် လိုအပ်တဲ့ အရင်အနှီးတွေ၊ နည်းပညာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အရေးကြီးတာက အမှန်တကယ် အလုပ်လုပ်ဖိုဆိုပြီးလဲ သူက ထည့်သွင်းပြောဆိုခဲ့တယ်လို သိရပါတယ်။
