နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို

ဇူလိုင်လ (၃)ရက်။

ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေအပါအဝင် ဒေါက်တာသိန်းလွင်နဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲတို တွေ့ဆုံပွဲကနေ အတိအလင်း တားမြစ်လိုက်တာလို ဆိုပါတယ်။

ကြားကာလဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒအပြင် ကျူရှင် သင်ကြားပြသတာကို ဝိုင်းဝန်းတားမြစ်ပေးဖိုနဲ့ ဆရာ/မအားလုံး ကျူရှင်သင်တာမလုပ်ဖို ဝန်ခံကတိ က်မှတ်ရေးထိုးထားဖို ရပ်/ကျေး ပအဖ၊ ပကဖနဲ့ ကျောင်းတာဝန်ခံတွေကို အကြောင်းကြားထားတာပါ။

ဒီလို ကျူရှင်သင်ကြားပြသတာမလုပ်ဖိုကို အခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ရပ်/ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ ကျောင်းတာဝန်ခံတွေ အားလုံးထံကို အကြောင်းကြားစာ ပေးပိုးခဲ့ပြီးဖြစ်တယ်လို သိရပါတယ်။

နောက်ပြီး အခုအချိန်မှာ ပဉ္စမပညာသင်ကာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို၊ ကျောင်းနေအရွယ်ကလေးငယ်တွေ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ဖိုအတွက် လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေတယ်လို ပြောဆိုထားပါတယ်။

ဒါ့အပြင် NUG ပညာရေးဝန်ကြီးဌာနက ကျောင်းတွေဖွင့်လှစ်ခွင့်ပြုတာနဲ့ လုံခြုံရေးအစီအမံ ဆောင်ရွက်ပြီးစီးတဲ့ကျောင်းတွေကို ကွင်းဆင်းစစ်ဆေးပြီး ကျောင်းဖွင့်လှစ်သင်ကြားနိုင်ဖို ဆောင်ရွက်နေတယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အခုအကြောင်းကြားစာရရှိတဲ့နေ့ကစပြီး ပညာရေးအုပ်စုတွေထဲက ကျေးရွာတွေမှာ ကျူရှင်ဆက်သင်နေရင် သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်ဆိုပြီး အသိပေးထားပါတယ်။

အဲ့ဒီကလေးတွေရဲ့ အတန်းကူးပြောင်းတာအပါအဝင် အခြားကိစ္စရပ်တွေကိုလဲ ကျူရှင်သင်တဲ့သူက ဆက်လက်တာဝန်ယူရမှာဖြစ်ပြီး မြိုနယ်ပညာရေးဘုတ်အဖွဲက လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို ထည့်သွင်းပြောဆိုထားပါတယ်။

ကျောင်းအပ်နှံတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လမ်းညွှန်ချက်နဲ့ မူဝါဒတွေကို မလိုက်နာတဲ့ ကျူရှင်ဆက်သင်နေသူတွေအပါအဝင် တက်ရောက်နေတဲ့ ကျောင်းသား/သူတွေကို ကျောင်းအပ်လက်ခံတာ လုံးဝမပြုဖိုနဲ့ ကျောင်းပြောင်းလက်မှတ်မထုတ်ပေးဖို ညွှန်ကြားထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် အင်ဒိုနီးရှားတစ်ဝှမ်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 6 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက် ဂျကာတာ၊ အင်ဒိုနီးရှားAPသတင်း။  အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်းရှိ မြို့အများအပြားတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး လွှတ်တော်အမတ်များ၏
တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း

တရုတ်သမ္မတနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 79 Views
သြဂုတ်လ (၃၀) ရက်။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဒီနေ့ ဩဂုတ်လ ၃၀ ရက်မှာ တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
မြန်မာသတင်း

အခုလတတိယပတ်ထဲ စစ်တပ်ဘက်က အလင်းဝင်လာသူ (၁၈၂)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 87 Views
ဩဂုတ်လ (၂၉)ရက်။ အခုလ တတိယပတ်ထဲ စစ်တပ်ဘက်က အလင်းဝင်လာတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း (၁၈၂)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဘက်က အလင်းဝင် ပူးပေါင်းလာသူတွေထဲ စစ်သား (၁၀၁)ဦးရှိခဲ့ပြီး
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ပြင်းထန်စွာရှုံ့ချ

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 89 Views
ဩဂုတ်လ (၂၉)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)က မနေ့က ပြင်းထန်စွာရှုံ့ချထားတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်ဖြစ်တဲ့ ဂုတ်ထိပ်တံတား ပျက်စီးတာအတွက် IBHA အနေနဲ့
မြန်မာသတင်း

ခုခံတော်လှန်စစ် အောင်ပွဲဆက်ရဖို့ PDF တပ်မှူးကြီးတွေ အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 81 Views
ဩဂုတ်လ (၂၉)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ PDF တပ်မှူးကြီးတွေ အစည်းအဝေးကို ‌(၃)ရက်ကြာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို စစ်ဦးစီးချုပ် အမှူးပြုပြီး
မြန်မာသတင်း

အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 66 Views
ဩဂုတ်လ (၂၉)ရက်။ တော်လှန်ရေးတပ်‌တွေ စိုးမိုးထားတဲ့ မတ္တရာဒေသရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တို့ဟာ မတ္တရာဒေသကို သိမ်းပိုက်နိုင်ဖို့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်က KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုဆိုပြီးကြေညာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 66 Views
သူခိုးက လူပြန်ဟစ်တာလို့ KNU ပြန်လည်တုံ့ပြန်ထား ဩဂုတ်လ (၂၉)ရက်။ အကြမ်းဖက်စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး(KNU)ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုဆိုပြီး မနေ့ကရက်စွဲနဲ့ ကြေညာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအမိန့်ကြေညာစာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ(၇၂)၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်အရဆိုပြီး
မြန်မာသတင်း

ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 114 Views
ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့ ဩဂုတ်လ (၂၈)ရက်။ ဩဂုတ်လ (၁၉)ရက်နေ့ကစပြီး ရေဖြူမြို့မှာ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ ညီနောင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။