နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို

ဇူလိုင်လ (၃)ရက်။

ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေအပါအဝင် ဒေါက်တာသိန်းလွင်နဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲတို တွေ့ဆုံပွဲကနေ အတိအလင်း တားမြစ်လိုက်တာလို ဆိုပါတယ်။

ကြားကာလဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒအပြင် ကျူရှင် သင်ကြားပြသတာကို ဝိုင်းဝန်းတားမြစ်ပေးဖိုနဲ့ ဆရာ/မအားလုံး ကျူရှင်သင်တာမလုပ်ဖို ဝန်ခံကတိ က်မှတ်ရေးထိုးထားဖို ရပ်/ကျေး ပအဖ၊ ပကဖနဲ့ ကျောင်းတာဝန်ခံတွေကို အကြောင်းကြားထားတာပါ။

ဒီလို ကျူရှင်သင်ကြားပြသတာမလုပ်ဖိုကို အခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ရပ်/ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ ကျောင်းတာဝန်ခံတွေ အားလုံးထံကို အကြောင်းကြားစာ ပေးပိုးခဲ့ပြီးဖြစ်တယ်လို သိရပါတယ်။

နောက်ပြီး အခုအချိန်မှာ ပဉ္စမပညာသင်ကာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို၊ ကျောင်းနေအရွယ်ကလေးငယ်တွေ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ဖိုအတွက် လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေတယ်လို ပြောဆိုထားပါတယ်။

ဒါ့အပြင် NUG ပညာရေးဝန်ကြီးဌာနက ကျောင်းတွေဖွင့်လှစ်ခွင့်ပြုတာနဲ့ လုံခြုံရေးအစီအမံ ဆောင်ရွက်ပြီးစီးတဲ့ကျောင်းတွေကို ကွင်းဆင်းစစ်ဆေးပြီး ကျောင်းဖွင့်လှစ်သင်ကြားနိုင်ဖို ဆောင်ရွက်နေတယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အခုအကြောင်းကြားစာရရှိတဲ့နေ့ကစပြီး ပညာရေးအုပ်စုတွေထဲက ကျေးရွာတွေမှာ ကျူရှင်ဆက်သင်နေရင် သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်ဆိုပြီး အသိပေးထားပါတယ်။

အဲ့ဒီကလေးတွေရဲ့ အတန်းကူးပြောင်းတာအပါအဝင် အခြားကိစ္စရပ်တွေကိုလဲ ကျူရှင်သင်တဲ့သူက ဆက်လက်တာဝန်ယူရမှာဖြစ်ပြီး မြိုနယ်ပညာရေးဘုတ်အဖွဲက လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို ထည့်သွင်းပြောဆိုထားပါတယ်။

ကျောင်းအပ်နှံတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လမ်းညွှန်ချက်နဲ့ မူဝါဒတွေကို မလိုက်နာတဲ့ ကျူရှင်ဆက်သင်နေသူတွေအပါအဝင် တက်ရောက်နေတဲ့ ကျောင်းသား/သူတွေကို ကျောင်းအပ်လက်ခံတာ လုံးဝမပြုဖိုနဲ့ ကျောင်းပြောင်းလက်မှတ်မထုတ်ပေးဖို ညွှန်ကြားထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ