ဇူလိုင်လ (၃)ရက်။
မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖားဆောင်းမြိုတိုက်ပွဲကို ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ် (၄)စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲတွေက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တာလို ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် ပျက်ကျသွားတဲ့ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲတွေက ဒီကနေ့ နေ့လယ် (၂)နာရီခန့်က ဖားဆောင်းမြိုအနီးဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့တာလို ဖော်ပြထားပါတယ်။
နောက်ပြီး ပစ်ချခံရတဲ့ တိုက်လေယာဉ်ရဲ့ ကိုယ်ထည်အပျက်အစီးတွေနဲ့အတူ လေယာဉ်မှူး (၂)ဦးရဲ့ ရုပ်အလောင်းအပိုင်းအစတွေကိုပါ တွေ့ရှိခဲ့တယ်လို JCS က သတင်းဓါတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။
အခုလို တိုက်လေယာဉ်တစ်စင်း ပစ်ချခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ခရီးဝေးလေ့ကျင့်ပျံသန်းချိန် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် (၁၃၀)ကီလိုမီတာအကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားတာလို ပြောဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်လေယာဉ်ဟာ စက်ချိုယွင်းတာ ဒါမှမဟုတ် ရာသီဥတုဆိုးရွားတာကြောင့် ပျောက်ဆုံးတာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးကို ရာသီဥတုဆိုးရွားတာကြောင့် မပြုလုပ်နိုင်သေးဘူးဆိုပြီးလဲ စစ်ကောင်စီက ဖော်ပြထားပါသေးတယ်။
ဖားဆောင်းမြိုအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ(၁၃၄)နဲ့ ခလရ(၁၃၅)တိုကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲတွေက ဇွန်လ (၂၅)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ ဇွန်လ (၃၀)ရက်နေ့မှာ ခလရ(၁၃၄)ကို သိမ်းပိုက်ရရှိခဲ့တယ်လို JCS က ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီရဲ့ တပ်ရင်း (၂)ခုကို ထိုးစစ်ဆင်တဲ့အချိန်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာအမျိုးမျိုးအပြင် Y-12၊ Y-8၊ FTC-2000G၊ Military Transport Aircraft နဲ့ လေကြောင်းစစ်ကူတွေ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို သိရပါတယ်။




