နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြစ်ကြီးနားရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်ခံရ

ဇူလိုင်လ (၈)ရက်။

မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“ ဖြစ်တာကတော့ စီတာပူရပ်ကွက်ထဲက စကစအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ် အသံမိုင်းနဲ့ ပစ်ခတ်ခံရတာ။ သူ့မိသားစုကတော့ အိမ်မှာရှိတယ်။ လူထိတာတော့မကြားမိဘူး။ အိမ်ထိခိုက်ပျက်စီးတာတော့ရှိတယ်” လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

ဒေါ်ဒွဲဘူရဲ့နေအိမ် အသံမိုင်းနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ လူထိခိုက်တာတော့ မရှိခဲ့ဘဲ နေအိမ်ရဲ့ ပြတင်းတံခါးမှန်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

နောက်ပြီး တချိန်ထဲမှာပဲ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ဥက္ကဋ္ဌ ဒေါက်တာတူးဂျာရဲ့ ယုဇနရပ်ကွက်ရှိ နေအိမ်လဲ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောဆိုထားပါသေးတယ်။

အခုဖြစ်စဉ်ထဲ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီးကာ အရေးယူနိုင်ဖို့ စုံစမ်းဖော်ထုတ်နေပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်ဆိုပြီးလဲ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒေါ်ဒွဲဘူဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအဖွဲ့ဝင်အနေနဲ့ ခန့်အပ်ခံထားရသလို KSPP ဒုဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပါတယ်။

ဒါ့အပြင် KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလဲ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်‌တို့ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 13 Views
ဇူလိုင်လ (၈)ရက်။ မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 10 Views
မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့ ဇူလိုင်လ (၈)ရက်။ ဒီကနေ့
မြန်မာသတင်း

ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်မိသားစုဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 15 Views
ဇူလိုင်လ (၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။ “ ဖယ်ခုံအနောက်ဘက်က စစ်ရှောင်စခန်းကို စကစက လေကြောင်းကနေ ဗုံးကြဲတာ။ (၃)လုံး (၁)နေရာနဲ့
မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 26 Views
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ ဇူလိုင်လ (၇)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

နောင်ချိုမြို့ရှိ ‌ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 21 Views
ဇူလိုင်လ (၇)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ရှိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊
မြန်မာသတင်း

အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 20 Views
ဇူလိုင်လ (၇)ရက်။ စစ်အုပ်စုရဲ့ယန္တရားဟာ တဖြည်းဖြည်းယိုယွင်းလာနေပြီး အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 17 Views
ဇူလိုင်လ (၇)ရက်။ ဇူလိုင်လ (၅)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နတ်သံကွင်းအထိုင်တပ်စခန်းကနေ ဒရုန်းနဲ့
မြန်မာသတင်း

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးသွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 28 Views
ဇူလိုင်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ‌နွေးတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ TNLA က ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် ဩဂုတ်လကုန်ပိုင်းလောက်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာရှိတယ်။ ဒီကြားထဲမှာလဲ တိုက်ပွဲတွေရပ်ဖို့နဲ့