နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့အရှေ့ဖျားရှိ စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်း စီးနင်းသိမ်းပိုက်ခံရ

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး (၁၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြိုင်ပကဖထုတ်ပြန်

ဇူလိုင်လ (၁၀)ရက်။

မနေ့က နံနက် (၄)နာရီခွဲအချိန်ကစပြီး မြိုင်မြို့နယ် အရှေ့ဖျားရှိ စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပခုက္ကူသွားလမ်း မြိုင်မြို့အရှေ့ဖျား စီမံကိန်းရုံးထဲက စကစအထိုင်စခန်းကို တိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ စကစဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး သုံ့ပန်း (၁၂)ဦး ဖမ်းမိတယ်။ တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး စစ်သုံ့ပန်း (၁၂)ဦး ဖမ်းမိကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေက ဆေးကုသပေးထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအထိုင်စခန်း စီးနင်းတိုက်ခိုက်ခံရချိန် ပြန်လည်ပစ်ခတ်တာတွေကြောင့် တော်လှန်ရေးရဲဘော် (၁)ဦး ကျဆုံးခဲ့ပြီး (၆)‌ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီရဲ့ မြို့မရဲစခန်းကနေ စစ်ကူ (၃)ကြိမ် လွှတ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

“ အထိုင်စခန်း စီးနင်းခံရတဲ့အချိန် မြိုင်မြို့မရဲစခန်းကနေ စစ်ကူပေးဖို့ဆိုပြီး မနက် (၉)နာရီကျော်မှာတကြိမ်၊ နေ့လယ် (၁၂)နာရီမှာတကြိမ်နဲ့ ညနေ (၃)နာရီကျော်မှာတကြိမ် စစ်ကူပေးဖို့ ထွက်လာတာ။ အဲ့ဒီစကစတွေလဲ ရှေ့မတိုးရဲဘဲ ကြောက်လန့်ပြီး နောက်ပြန်ပြေးသွားတယ်။ ရဲဘော်တွေကလဲ နေရာအသာစီးယူပြီး ပစ်ကူပေး ဖြတ်တောက်နိုင်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီအထိုင်စခန်းကို ည (၇)နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ခတ်ခဲ့တာကြောင့် သနပ်ရင်းရွာက ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ (၂)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီထံက G3 (၁၀)လက်၊ MA3 (၁)လက်၊ MA4 (၁)လက်၊ 79 (၁)လက်၊ G3 ဘောက် (၁၅)ဘောက်၊ MA ဘောက် (၂)ဘောက်၊ G3 ကျည် (၁၃၆)တောင့်၊ ၅.၅၆ ကျည် (၃၇)တောင့်၊ လက်ပစ်‌ဗုံး (၉)လုံး၊ 79 အဖူး (၆)ဖူး၊ ဦးထုပ် (၅)လုံး၊ ဖုန်း (၃)လုံး၊ အီကွက်မန့် (၇)ခုနဲ့ ငွေသား (၂၂)သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ဒီကနေ့ နံနက် (၇)နာရီအချိန်ကလဲ သိမ်းပိုက်ရရှိခဲ့တဲ့ စီမံကိန်းရုံးကို ရှင်းလင်းနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု(9+)၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO)၊ တပ်ပေါင်းစု(Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို(ဒရုန်း)ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger(BRR)၊ NFTA နဲ့ Scorpion People Denfece Force တို့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မေလ (၂၇)ရက်နေ့ကစပြီး ပခုက္ကူ(၁၀၁)ကနေ ယာဉ်တန်း (၁၄၀)ကျော်ပါ စစ်ကြောင်းနဲ့ အင်အား (၁၀၀၀)ကျော်ပါ စစ်ကောင်စီတပ်ဟာ ပေါက်မြို့ဘက်ကို စစ်ကြောင်းထိုးနေကာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 56 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 55 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ်
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 48 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 52 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 40 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 62 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 66 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 64 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး