ဇူလိုက်လ (၁၁)ရက်။
ပြီးခဲ့တဲ့ ဇွန်လထဲ စစ်ကောင်စီဘက်က လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံရသူ (၂၇၀)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအထဲ အလင်းဝင်လာသူ (၁၁၁)ဦးရှိခဲ့ပြီး တနင်္သာရီ၊ မွန်၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ကရင်နဲ့ ရခိုင်တို့ကဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)ဦးထဲ (၅၂)ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး လက်နက်ချတဲ့သူ (၅၀)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ (၁၀၉)ဦးရှိခဲ့ကာ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်နဲ့ မကွေးတို့ကဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရသူတွေထဲ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပါဝင်သလို စစ်မှုထမ်းတပ်သားသစ်တွေလဲ ပါရှိတယ်လို့ ပြောဆိုထားပါတယ်။
ပြည်သူ့ပန်းတိုင်အနေနဲ့ ကောက်ယူရရှိထာတဲ့ စာရင်းတွေအရ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီဘက်က အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း (၁၄၉၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။
