နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဇာနည်နေ့မှာ ပုလောမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

ဇူလိုင်လ (၁၉)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ မိမ္မမြို့ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ကောင်စီက မြိတ်လေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ မိမ္မမြို့ရွာအနီးကို ဗုံးကြဲသွားပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာ။ ကနဦးသိရတာကတော့ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ မိမ္မမြိုရွာအနီးကို လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နေတွေနဲ့ ပစ်ခတ်ခဲ့ကာ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ နေအိမ် (၃)လုံး ပျက်စီးဆုံးရှုံးခဲ့ကာ အသေးစိတ်အချက်အလက်တွေကို စိစစ်နေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ပုလော-PDF က ပြောဆိုထားပါတယ်။

ဒီကနေ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပနေတဲ့ စစ်ကောင်စီဟာ တဖက်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတာပါ။

အခုလို စစ်ကောင်စီက လေကြောင်းကနေ မိမ္မမြို့ရွာအနီးကို တိုက်ခိုက်ခဲ့တာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 19 Views
စက်တင်ဘာလ (၃)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 8 Views
စက်တင်ဘာလ (၃)ရက်။ ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့
မြန်မာသတင်း

ဒီမော့ဆိုအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 11 Views
စက်တင်ဘာလ (၃)ရက်။ ဒီမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလတ်တလောကာလထဲ ဒီမော့ဆိုအနီးတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်သူတွေ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွေးကောက်ပွဲမိန့်ခွန်းနဲ့ စစ်တပ်က ပြည်သူကို ခြိမ်းခြောက်ဝါဒဖြန့်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 15 Views
စက်တင်ဘာလ (၃)ရက်။ စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အသုံးပြုကာ ဝါဒဖြန့်သတင်းစာနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ စစ်တပ်ဟာ ဝါဒဖြန့်သတင်းစာတွေထဲကနေ ၁၉၄၇ခုနှစ် မတ်လ (၁၃)ရက်နေ့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်း
မြန်မာသတင်း

အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေထဲ စစ်ကော်မရှင်ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရစေရဘူးလို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 11 Views
စက်တင်ဘာလ (၃)ရက်။ အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေထဲ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရစေရဘူးလို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲအကြောင်းပြပြီး နယ်မြေချဲ့ထွင်တဲ့ ထိုးစစ်တွေကို နယ်မြေ လုံးဝ(လုံးဝ)မဆုံးရှုံးစေဖို့အပါအဝင် ပြည်သူလူထုလုံခြုံဖို့နဲ့ အကာအကွယ်ပေးဖို့ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။ အထူးတိုင်းစစ်ဌာနအနေနဲ့
မြန်မာသတင်း

ထားဝယ်မြို့ကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား(၄)ဦးကို KNLA ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 12 Views
စက်တင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ထားဝယ်မြို့ကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား (၄)ဦးကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့ မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းကနေ ခလရ(၂၈၂)တပ်ရင်းက
မြန်မာသတင်း

နတ်မောက်မြို့မှာ ပျူစောထီးတွေ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရကာ (၃)ဦးသေပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 2 Views
စက်တင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က နတ်မောက်မြို့ ရွာမွန်လမ်းတနေရာမှာ ပျူစောထီးတွေ လိုက်ပါလာတဲ့ကားကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ရေနံချောင်း-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိတောက်ငုပ်ပျူရွာက ပျူခေါင်းဆောင် ခင်မောင်ဌေးစီးလာတဲ့ အံစာတုံးကားကို ကြိုတင်သတင်းရတာကြောင့်
မြန်မာသတင်း

ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 62 Views
စက်တင်ဘာလ (၂)ရက်။ ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံရဲ့ ပထမအကြိမ် အစည်းအဝေးမှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ NUG အနေနဲ့ ဒေသအလိုက်