နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းရဲ့ ဒရုန်းများကြောင့်မော်စကိုလေဆိပ်ကို နှောင့်ယှက်မှုတွေ ဖြစ်စေခြင်းကြောင့် ယူကရိန်းကို ရုရှားမှဒုံးကျည်လှိုင်းလုံးတွေအများအပြားပစ်လွှတ်လိုက်ပါသည်။

CNN —၂၀၂၅ခုနှစ် ဇူလိုင်လ ၂၂ရက်

မော်စကိုလေဆိပ်များတွင် တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် ခရီးသွားလာမှု များကိုအဟန့်အတားဖြစ်နေချိန်တွင် ရုရှားနိုင်ငံမှ ဒုံးကျည်လှိုင်းလုံးကြီးများက ယူကရိန်းကို တနင်္ဂနွေနေ့တွင် ညတွင်းချင်း ထုနှက်တိုက်ခိုက်ခဲ့သည်။

ကိယက်ဗ်နှင့် အခြား ယူကရိန်းမြို့ကြီးများတွင် နေထိုင်သူများသည် တနင်္လာနေ့တွင် ရုရှားနိုင်ငံမှ ဒုံးကျည်အစင်း ၄၅၀ နှင့် ဒရုန်းများကို တစ်ညလုံး ပစ်လွှတ်လိုက်ခြင်းကြောင့် တနင်္ဂနွေနေ့တွင် နောက်ထပ် အိပ်မပျော်သော ညတစ်ညနှင့် ရင်ဆိုင်နေရကြောင်း ယူကရိန်းလေတပ်မှ ပြောကြားခဲ့သည်။

အများစုကိုပစ်ချနိုင်ခဲ့ရသော်လည်း ၂၃ ခုသည် နေရာ၃ခုတွင် သွားရောက်ထိမှန်ခဲ့ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဒုံးကျဥ်အစအန အပျက်အစီးများသည် ဧရိယာ ၁၂ နေရာတွင် ကျရောက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံရှိ ဒေသအများစုတွင် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ဒေသဆိုင်ရာအာဏာပိုင်များက ပြီးခဲ့သော ၂၄ နာရီအတွင်း အနည်းဆုံး လူနှစ်ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရုရှားတိုက်ခိုက်မှုတွေဟာ အမြဲတမ်း လူသားတွေကို ချေမှုန်းမှုတစ်ခုပါပဲ – ကိယက်ဗ်မှာ သူငယ်တန်းကျောင်းတစ်ကျောင်း၊ လူနေအိမ်အဆောက်အအုံတွေနဲ့ တခြားအရပ်ဘက် အခြေခံအဆောက်အအုံတွေ မီးလောင်ခဲ့တယ်” ဟု ယူကရိန်းသမ္မတဗလိုဒီမာဇလန်းစကီး က ပြောကြားခဲ့သည်။

Kyiv တွင် ည ၁၁ နာရီတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ဒေသစံတော်ချိန် တနင်္ဂနွေနေ့တွင် ရှစ်နာရီကြာရှည်ရှိနေခဲ့ပြီး တစ်ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

‘သူတို့ကမကောင်းဆိုးဝါးတွေ’

တနင်္လာနေ့နံနက်တွင် မြို့တော်ရှိ မီးလောင်နေသော တိုက်ခန်း၏ အပျက်အစီးများထဲတွင် ရပ်နေသော ၊ အသက် ၃၈ နှစ် အရွယ်ရှိ အိုလက်ဆန်ဒါ ဘရက်ချက်ဗ်စကီ (Oleksandr Berdychevskyi) သည် ညတွင်းချင်း ပေါက်ကွဲမှုကြောင့် မြို့တော်ကို လှုပ်ခတ်သွားပုံကို ပြန်အမှတ်ရခဲ့သည်။

“ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ခဲ့ပါတယ်။ စတုတ္ထအသံကြားတော့ ကျွန်တော် အိပ်ယာပေါ်မှာ လှဲနေတယ်။ တံခါး ကိုတွန်းထုတ်ပြီး မှန်ချပ်ကွဲတွေက ကျွန်တော့်အပေါ်ကို ကျရောက် လာတယ်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။ “လသာဆောင်က မီးလောင်နေတယ်။ အိမ်ရှေ့တံခါးဆီကို ပြေးသွားပေမယ့် တံခါးကကြပ်နေတယ် စိတ်လှုပ်ရှားမှု ပြင်းပြနေတဲ့ အတွက် တံခါးကိုဖြိုဖျက်နိုင်ခဲ့တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ဘရက်ချက်ဗ်စကီ က သူ၏စာရွက်စာတမ်းများနှင့် ငွေစုငွေစုအားလုံးကို မီးလောင်ပျက်စီးခဲ့ပြီး သူ့ပိုက်ဆံအိတ်ထဲတွင် Hryvnias ၂,၀၀၀ (ဒေါ်လာ ၅၀ ခန့်) သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်။

ပြာများကို ဖြုန်းတီးရင်း ရုရှားကို ကျိန်ဆဲရင်း သူ့မိခင် လီလီယာ ဘရက်ချက်ဗ်စကီ (Liliya Berdichevska) သည် ငိုကြွေးခြင်းကို မရပ်တန့်နိုင်ပေ။ “သူတို့က ဘီလူးသူရဲတွေပဲ။ ဘီလူးတွေပဲ၊ ငါ့မြေးမအိမ်မှာရှိမနေဘဲ ငါ့သားလဲ အသက်ရှင်နေတာ ငါတို့အရမ်းကို ကံကောင်းတာပဲ” လို့ CNN ကို ပြောသည်။

“မီးခိုးတွေ ဖုန်မှုန့်တွေ အများကြီးရှိတော့ အားလုံးက အရမ်းကြောက်ကြတယ်။ ထိတ်လန့်မှုတော့ နည်းနည်းရှိပေမယ့် ဘဝက ကျွန်မတို့ကို ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးတဲ့အတွက် အားလုံး ရင်းနှီးသွားပါပြီ။ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်သလို တိရစ္ဆာန်တွေကိုလည်း ဂရုစိုက်တယ်” လို့ သူမက ဆိုပါတယ်။

မြို့တော်၏အရှေ့တောင်ပိုင်း Darnytskyi ခရိုင်ရှိ အဆောက်အအုံအများအပြားနှင့် စူပါမားကတ်များတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

Shevchenkivskyi နှင့် Dniprovskiy ၏ဗဟိုခရိုင်များတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး Dniprovskiy ရှိ သူငယ်တန်းကျောင်းတစ်ကျောင်းတွင် အပျက်အစီးများနှင့်အတူ လူနေအဆောက်အအုံနှစ်ခုနှင့် စျေးဝယ်စင်တာတစ်ခုကို ထိခိုက်ခဲ့သည်။

မြို့တော်ဝန် အိုင်ဟော တာရက်ဟော့ဗ်(Ihor Terekhov) က ခါကိ့ဗ်(Kharkiv) ၏ အရှေ့မြောက်ပိုင်းတွင်၊ မြောက်ဘက်တွင်ကီဗက်စကီ ( Kyivskyi) ခရိုင်ရှိ အထပ်မြင့် လူနေအဆောက်အအုံတစ်ခုအနီးတွင် မီးလောင်မှုအပါအဝင် မီးလောင်မှု ၁၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြောပြခဲ့သည်။

မြို့တွင်းရှိ အခြားနေရာများတွင် ပြတင်းပေါက်များ လွင့်ထွက်ခဲ့ပြီး လမ်း၊ ဓာတ်ရထားလမ်း နှင့် ဓာတ်ကြိုးများ ပျက်စီးခဲ့သည်။

ယခုနောက်ဆုံး တိုက်ခိုက်မှုတွင် ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည်များအပြင် ကြားဖြတ်ရခက်သည့် အားကောင်းသည့် အဆင့်မြင့် ခင်ဇယ်(Kinzhal) ဒုံးကျည်များ ပါဝင်ကြောင်း ယူကရိန်း လေတပ်မှ အတည်ပြု ပြောကြားခဲ့သည်။

ရုရှားသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ၎င်း၏ ညတွင်းချင်း တိုက်ခိုက်မှုများကို ပြင်းထန်စွာ ပြုလုပ်ခဲ့ပြီး ရှေ့တန်းမှ ဝေးကွာသော မြို့များကို ပစ်မှတ်ထားခဲ့သည်။ ယခုလအစောပိုင်းက ယူကရိန်းတွင် ၎င်း၏အကြီးဆုံးမောင်းသူမဲ့လေယာဉ်၇၂၈ စင်းဖြင့် တိုက်ခိုက်မှုအပြင်အယောင်ဆောင်လှည့်စားထားသည့် မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည် ၁၃ စင်းတို့ပါဝင်ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

ကိ့ဗ် တပ်ဖွဲ့များသည် ရုရှားနိုင်ငံအတွင်း နက်ရှိုင်းစွာ ထိုးစစ်ဆင်ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေလျက်ရှိသည်။

ရုရှားမီဒီယာများမှ ဗီဒီယိုများတွင် မြင်တွေ့ရသည့်အတိုင်း တာဝေးပစ်ဒရုန်း တိုက်ခိုက်မှု ကြောင့် ဖြစ်ပွားခဲ့သော မော်စကိုလေဆိပ်ကြီးများတွင် လေယာဉ်ပျံသန်းမှုနှောင့်နှေးမှုနှင့် ဖျက်သိမ်းမှုများကြောင့် ထောင်နှင့်ချီသောခရီးသည်များသည် သီတင်းပတ်ကုန်တွင် ကြမ်းပြင်ပေါ်တွင် တန်းစီခြင်း သို့မဟုတ် အိပ်စက်ခဲ့ကြရသည်။

မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဘရန်နင်(Sergei Sobyanin) က စစ်တပ်သည် သောကြာနေ့ ညနေနှင့် တနင်္လာနေ့နံနက်ကြားတွင် ဒရုန်း ၄၉ စင်းကို ပစ်ချခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သိသိသာသာ ထိခိုက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

Kursk၊ Rostov၊ Bryansk၊ Kaluga၊ Tula နှင့် Lipetsk အပါအဝင် အနောက်နှင့် အနောက်တောင်ဒေသများတွင် နောက်ထပ် ဒရုန်း ဒါဇင်ပေါင်းများစွာကို ကြားဖြတ် ဖျက်ဆီးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

စနေနေ့က ၎င်း၏နေ့စဉ်မိန့်ခွန်းတွင် ဇလန်းစကီး သည် သဘောတူညီချက်တစ်ရပ်ရရှိရန် မော်စကိုအပေါ် အမေရိကန်၏ဖိအားများတိုးလာနေသည့်ကြားမှ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရှေ့သို့တွန်းအားပေးရန် ယခုသီတင်းပတ်အတွင်း ရုရှားနှင့် ဆွေးနွေးရန် တောင်းဆိုခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က မော်စကိုသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ရရှိရန် “လျင်မြန်စွာ ရွေ့လျား လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ” ဖြစ်သော်လည်း ၎င်း၏ “အဓိကပန်းတိုင်” မှာ ၎င်းတို့၏ “ရည်မှန်းချက်များ” ကို အောင်မြင်ရန်ဖြစ်သည်။

အစ္စတန်ဘူလ်တွင် နောက်ဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသည် ဇွန်လ အစောပိုင်းတွင် လျင်မြန်စွာ ပြီးဆုံးခဲ့ပြီး ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များသည် ၎င်းဆွေးနွေးမှုမရပ်ဆိုင်းခင် တစ်နာရီကျော်မျှသာ တွေ့ဆုံခဲ့ကြသည်။

ရုရှားသည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြိုတင်သတ်မှတ်ချက်များ၏ တစ်စိတ် တစ်ပိုင်း အဖြစ် အမြင့်ဆုံးသော ပိုင်နက်တောင်းဆိုမှုများကို တင်ပြခဲ့သည်။ ယူကရိန်းသည် ငြိမ်းချမ်းရေးအတွက် လဲလှယ်ရန်အတွက် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ လိုက်လျောမှုများကို ထည့်သွင်းစဉ်းစားရန် ယခင်က ငြင်းဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 21 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက