နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

ဇူလိုင်လ (၂၃)ရက်။

Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို တင်ပြတာကို ဂန့်ဂေါမြို့နယ် ပအဖ/ပကဖတာဝန်ခံတွေနဲ့ ထီးလင်း ပအဖ/ပကဖ တာဝန်ခံတွေက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတယ်လို့ သိရပါတယ်

စစ်ကိုင်းတိုင်း အခြေပြုတော်လှန်ရေးအဖွဲဖြစ်တဲ့ GZA ဟာ ဂန့်ဂေါနဲ့ ထီးလင်းမြို့တို့မှာ စစ်ကောင်စီတော်လှန်ပြီး တိုက်ပွဲဖော်ဆောင်တာမရှိဘဲ ယောဒေသမှာ အခြေပြုနေထိုင်‌ပြီး ဒေသခံ ကုန်စည်ယာဉ်တွေကို အခကြေးငွေတွေ အဆမတန် ကောက်ခံနေတယ်လို့ စွပ်စွဲ ထားကြောင်း ကြားသိရပါတယ်။

ဒါ့အပြင် လုံခြုံရေးဂိတ်တွေမှာ GZA ရဲဘော်တွေကို တာဝန်ချထားပြီး အခကြေးငွေ ကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ ထပ်မံစွပ်စွဲဖော်ပြထားတယ်လို့ ဆိုပါတယ်။

အခုလို GZA အဖွဲ့ကို ယောဒေသထဲ နေထိုင်ရပ်တည်ခွင့်ပေးပါက ဒေသရဲ့ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီ မရောက်ရှိဘဲ ဒေသအတွက် နစ်နာတာနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့အပေါ် ယောပြည်သူတွေက စိုးရိမ်ပူပန်နေတယ်ဆိုပြီး ရေးသားထားတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် GZA အဖွဲ့ကို ယောဒေသထဲ ဆက်လက်အခြေချနေထိုင်ခွင့်မပြုဘဲ သူတို့ဒေသကို ပြန်လည်စေလွှတ်ဖို့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယောဒေသရဲ့ ရှေ့ရေးကိုရှေးရှုပြီး ကူညီဆောင်ရွက်ဖို့ ယောပြည်သူတွေကိုယ်စား တင်ပြတာလို့ ပြောဆိုထားပါတယ်။

ဒီလိုတင်ပြတောင်းဆိုတာတွေ မတိုင်ခင် ဇူလိုင်လ (၁၅)ရက်နေ့က ဂန့်ဂေါနယ်ထဲမှာ GZA စစ်ဦးစီးချုပ်နဲ့ တပ်ရင်းမှူးအပါအဝင် YDF တော်လှန်ရေး ရဲဘော်အချို့ကို လုပ်ကြံပစ်ခတ် ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဉ်ထဲ GZA စစ်ဦးစီးချုပ်နဲ့ တော်လှန်ရေးရဲဘော်တွေကို ဂန့်ဂေါခရိုင်တပ်ရင်းရဲ့ ယူနီဖောင်းဝတ်ဆင်ထားသူ (၂၃)ဦးခန့်က သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ ဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့ GZA က ထုတ်ပြန်ထားပါတယ်။

အခုလို လုပ်ကြံပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းညီနောင် (CB) နဲ့ BNRA အပါအဝင် တော်လှန်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချထားကာ အမှုမှန်ပေါ်ပေါက်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်

ဒါ့အပြင် GZA နဲ့ YDF ရဲဘော်အချို လုပ်ကြံခံရပြီး နောက်တရက်ဖြစ်တဲ့ ဇူလိုင်လ (၁၆) ရက် နေ့မှာ YRA ခရိုင်တပ်ရင်း (၁၅) က တပ်ရင်းမှူး ဗိုလ်ယောနိုင်က YDF နဲ့ GZA တို့ကို ယောဒေသထဲကနေ တိုက်ထုတ်ရှင်းလင်းဖို့ ဆဲဆိုကျိမ်းမောင်းတဲ့ အသံဖိုင်တခု လူမှုကွန်ရက် စာမျက်နှာမှာ ပေါက်ကြားလာခဲ့ပါတယ်။

အဲ့ဒီအသံဖိုင်ထဲမှာ ဗိုလ်ယောနိုင်က “ ခွေးကိုမောင်းထုတ်သလို YDF နဲ့ GZA ကို ယောဒေသ ထဲကနေ မောင်းထုတ်မှာ။ ဘယ်သူမှလဲ ဂရုမစိုက်ဘူး။ သူတို့ကို မောင်းထုတ်ဖို့ လူဘယ် လောက်လိုသလဲ၊ တပ်ရင်းဘယ်လောက်လိုသလဲပြော လုပ်စရာရှိတာ အကုန်လုပ်မှာ။ ယောဒေသထဲ ယောလူမျိုးတွေကပဲ ကာကွယ်စောင့်ရှောက်ဖို့လိုတယ်။ ဒါကို သူတို့က နယ်မြေစိုးမိုးတာကိုတော့ စဉ်းစားဖို့လိုတယ်” လို့ ပြောဆိုထားပါတယ်။

အခု ဂန့်ဂေါခရိုင်ထဲ GZA စစ်ဦးစီးချုပ်နဲ့ တပ်ရင်းမှူးတို့အပါအဝင် YDF ရဲဘော်တွေကို လုပ်ကြံပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရကာ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။

(ပုံ) GZA ရဲဘော်များ စကစထံမှတိုက်ယူရရှိထားသည့်လက်နက်များနှင့်အတူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ