နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ဆိုပြီး ကြံ့ဖွတ်ပါတီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံ

ဩဂုတ်လ (၄)ရက်။

ဩဂုတ်လ (၁)ရက်နေ့က ရန်ကုန်ရှိ ကြံဖွတ်ပါတီ(USDP)ရုံးခွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုက္ကဋ္ဌ ဦးမျိုးဇော်သိမ်းနဲ့ ဦးမောင်မြင့်အပါအဝင် ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနဲ့ တိုင်းပါတီကော်မတီဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အစွန်းရောက် အမျိုးသားရေးသမားတွေဖြစ်တဲ့ ခင်ဝိုင်းကြည်၊ ဝင်းကိုကိုလတ်နဲ့ တင်အောင်စန်းတို့အပါအဝင် အစွန်းရောက် ဘုန်းကြီး၊ သံဃာအချို့တို့လဲ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲထဲ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့အပြင် အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး တက်ရောက်လာသူတွေက ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၃၁)ရက်နေ့ကလဲ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီက နေအောင်၊ ရန်အောင်၊ မိုးဒီ၊ ဌက်ပျောကြော်၊ စိုးမြတ်သူဇာတို့ စတဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာ‌ရှင်တွေနဲ့ တွေ့ဆုံကာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဝိုင်းဝန်းကူညီဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မူးမြို့နဲ့ လယ်ဒိုမြို့တိုက်ပွဲထဲ စစ်သုံ့ပန်း (၂၆)ဦး ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 11 Views
ဩဂုတ်လ (၄)ရက်။ ဇွန်လ (၂၅)ရက်နေ့က မူးမြို့နယ်နဲ့ လယ်ဒိုမြို့တို့မှာ စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 11 Views
ဩဂုတ်လ (၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ (၂၃)မိနစ်အချိန်က ကျောက်မဲမြို့ရှိ ဈေးသစ်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ပါလက်စတိုင်းနိုင်ငံ မထူထောင်မချင်း ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းရန် ငြင်းဆို ထားသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 3 ရက်
  • 28 Views
ဘီဘီစီ- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃ရက် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် အစ္စရေး၏ အဓိက တောင်းဆိုချက် တစ်ခုအား တုံ့ပြန်သည့်အနေဖြင့် အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံ ထူထောင် မပြီးမချင်း လက်နက်ဖြုတ်သိမ်းရန် သဘောတူမည်မဟုတ်ကြောင်း ဟားမတ်စ်က ထပ်မံအတည်ပြုခဲ့သည်။
မြန်မာသတင်း

ရှစ်လေးလုံးအထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ်ဖို့ လှုံ့ဆော်

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 40 Views
ဩဂုတ်လ (၂)ရက်။ လာမယ့် ဩဂုတ်လ (၈)ရက်နေ့မှာ ကျရောက်မယ့် (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ကမ္ဘာလုံးဆိုင်ရာ (၈၈၈၈)ထီးသပိတ်ပြုလုပ်ဖို့ ရန်ကုန်လူထုသပိတ်က လှုံ့ဆော်ထားတယ်လို့ သိရပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကစပြီး ၂၀၂၁ခုနှစ်အထိ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြရာ မကြာခင်မှာ
မြန်မာသတင်း

ပဲခူးရိုးမထဲ အထိုင်ချနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအဆင့်အပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 32 Views
ဩဂုတ်လ (၂)ရက်။ ဇူလိုင်လ (၃၀)ရက်နေ့က ပဲခူးရိုးထဲရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပဲခူးရိုးမထဲက ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး
မြန်မာသတင်း

မင်းအောင်လှိုင်က ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်ထားတဲ့ ညိုစော ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 39 Views
နိုင်ငံထဲ နေထိုင်သူတွေ တည်ဆဲဥပဒေတွေ လိုက်နာကြဖို့ဆိုပြီး ပြောဆိုခဲ့ ဩဂုတ်လ (၂)ရက်။ စစ်ခေါင်းဆောင် မင်အောင်လှိုင်က အစိုးရအဖွဲ့ဆိုပြီး အသစ်ဖွဲ့စည်းကာ ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်ထားတဲ့ ညိုစောက မနေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ
မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်၊ ပြည်သူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 36 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နောင်ချိုမြို့ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒိုးပင်ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က
မြန်မာသတင်း

ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 28 Views
ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး NUG, တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KIA, TNLA,MNDAA, SSA, KNDF, KNU, CB, CNF တို့နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံရန်သူဟာ စစ်ကောင်စီ ဖြစ်ပါတယ်။ ဘုံရန်သူတူ နေပေမဲ့ ရည်မှန်းချက်တွေက