နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

ဩဂုတ်လ (၅)ရက်။

သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား ပြူးကြီးဆိုသူက ရိုက်နှက်တာ၊ အသက်အန္တရာယ်ထိခိုက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်အနိုင်ကျင့်နေတာလို့ ဆိုပါတယ်။

အကျဉ်းသားပြူးကြီးဟာ ထောင်အာဏာပိုင်တွေအတွက် လူသတ်ပေးဖို့ပါ အသင့်ရှိတယ်လို့ ကြွေးကြော်ထားကာ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်တာကို ဆန့်ကျင်ရင်ဆိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသက်ရှင်ခွင့်မရအောင် ပြုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အခြားမှုဖြစ်ကာ နောက်တိုးထောင်ဒဏ်တွေကို ဂရုစိုက်ဖို့မလိုဘူးဆိုပြီး ကြွေးကြော်ကာ ရိုက်နှက်လေ့ရှိတာကြောင့် သာယာဝတီထောင် တိုက်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအတွက် အထူးစိုးရိမ်ပူပန်နေရတယ်လို့ PPNM က ပြောဆိုထားပါတယ်။

အဲ့ဒီအကျဉ်းသားပြူးကြီးဟာ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ကိုရဲရင့်ကို(ခ)ရဲရဲကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ကြိုးပမ်းရာမှာ ခေါင်းကွဲတဲ့အထိ ရိုက်နှက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဉ်မှာ တရားမျှတမှုရှိဖို့ တောင်းဆိုတိုက်ပွဲဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အငြှိုးထားကာ သူတာဝန်ယူထားတဲ့ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ရိုက်နှက်နှိပ်စက်နေတယ်လို့ ရေးသားထားပါတယ်။

ပြူးကြီးဟာ လူသတ်ဓါးပြမှုနဲ့ သေဒဏ်ကျထားသူဖြစ်ပြီး မန္တလေး အိုးဘိုထောင်ကနေ ထောင်ပြောင်းရောက်ရှိလာကာ သာယာဝတီထောင်ပိုင် ရဲရင့်နိုင်ရဲ့ တပည့်အနေနဲ့ ဆက်လက်တည်ရှိပြီး ထောင်ပြောင်းအကျဉ်းသားတွေနဲ့ ပြစ်ဒဏ်ကျအကျဉ်းသားတွေကို ထောင်ပုံစံသွင်းတယ်လို့ အကြောင်းပြကာ လူမဆန်စွာ ရိုက်နှက်၊ ငွေညှစ်နေတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ထဲ ပါဝင်ကျူးလွန်သူတွေကို အကူးအပြောင်းကာလနဲ့ အခုကြားကာလမှာ ကျူးလွန်တာနဲ့ ပါဝင်ပတ်သက်တာတွေအတိုင်း တရားမျှတမှု ရရှိစေဖို့ ကြိုးစားသွားမယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ