နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

ဩဂုတ်လ (၇)ရက်။

စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ဆိုပြီး အမေရိကန်ရီပက်ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ကြိုးပမ်းတဲ့အနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို ဖျောက်ဖျက်ဖို့နဲ့ ပုံရိပ်ကောင်းရရှိအောင် ‌ခဝါချလျှော်ဖွတ်သန့်စင်ဖို့ ပြည်သူတွေဆီကနေ ခိုးယူထားတဲ့ ဘဏ္ဍာငွေသန်းပေါင်းများစွာကို အသုံးပြုပြီး ငှားရမ်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ D.C လော်ဘီအဖွဲ့အနေနဲ့ လက်မောင်းပြုတ်တဲ့အထိ လျှော်ဖွတ်တာတောင် မြန်မာစစ်တပ်ရဲ့ သွေးစွန်းလက်တွေကို သန့်စင်နိုင်မှာမဟုတ်သလို စစ်အုပ်စုကို အားပေးကူညီမယ့် DCI Group ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး DCI GROUP အနေနဲ့ စစ်အုပ်စုရဲ့ ပြန်ကြားရေးနဲ့ ဇူလိုင်လ (၃၁)ရက်နေ့မှာ စတင်အသက်ဝင်မယ့် စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တစ်နှစ်စာအတွက် စုစုပေါင်း ကန်ဒေါ်လာ (၃)သန်း ပေးချေရမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစာချုပ်ထဲ “ ကုန်သွယ်ရေး၊ သဘာဝသယံဇာတနဲ့ လူသားစာနာမှုအကူအညီဆိုင်ရာ” ကိစ္စတွေမှာ အမေရိကန်နဲ့ ဆက်ဆံရေးတွေ “ ပြန်လည်တည်ဆောက်ရေး” တို့အတွက် ဆောက်ရွက်ဖို့အချက်တွေ ပါဝင်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

နောက်ပြီး အဲ့ဒီစာချုပ်ကို DCI GROUP ရဲ့ စီမံခန့်ခွဲမှုမိတ်ဖက် Justin Peterson နဲ့ စစ်အုပ်စု အမြဲတမ်းအတွင်းဝန် ဝင်းကျော်အောင် ကိုယ်စားပြုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် DCI GROUP ထံ ပထမအရစ်ငွေပေးချေတာအနေနဲ့ ကန်ဒေါ်လာ (၁.၅)သန်းကို စစ်အုပ်စုက စစ်ကောင်စီကိုဖျက်သိမ်းပြီး စစ်ကော်မရှင်ကို ဖွဲ့စည်းတဲ့ ဇူလိုင်လ (၃၁)ရက်နေ့မှာ ပေးချေခဲ့တယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့