ဩဂုတ်လ (၇)ရက်။
ဆားလင်းကြီးမြို့ ထန်းပုရွာမှာ ရွေးကောက်ပွဲဖော်ဆောင်ဖို့နဲ့ PDF အလိုမရှိဆိုပြီး ဆန္ဒပြတဲ့ ရုပ်သံဖိုင်က သတင်းအမှားလို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီဆန္ဒပြတဲ့ ရုပ်သံဖိုင်ကို Voice of Myanmar က သတင်းဖော်ပြခဲ့ကာ ထန်းပုရွာမှာ အဲ့ဒီလိုဆန္ဒပြတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အခုလို ဆန္ဒပြတာဟာ NUG နဲ့ ဆားလင်းကြီးမြို့ရဲ့ ပုံရိပ်ကို ကျဆင်းစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး ဆန္ဒပြသူတွေဟာ ထန်းပုရွာနဲ့ အနီးရှိရွာတွေမှာ နေထိုင်သူတွေမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူတို့ အော်ဟစ်ကြွေးကြော်တဲ့ စာသားတွေဟာ စစ်ကောင်စီအကြိုက် ထောက်ခံအားပေးတဲ့စာသားတွေလို့ ရေးသားထားပါတယ်။
ဆားလင်းကြီးနယ်ဟာ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေး လွှမ်းမိုးအားကောင်းတဲ့နယ်မြေဖြစ်သလို မြို့သူ၊ မြို့သားတွေဟာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြသူတွေလို့ မြို့နယ်ပအဖက ပြောဆိုထားပါတယ်။
ဒါ့ကြောင့် သေချာမစုံစမ်းဘဲ သတင်းမီဒီယာကျင့်ဝတ်မဲ့စွာ လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေတဲ့ Voice of Myanmar ကို ကန့်ကွက်ရှုတ်ချထားသလို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့လဲ အသိပေးထားပါတယ်။
ဒါ့အပြင် ဆားလင်းကြီးနယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်ဘဲ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရစေဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


