နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူရဲ့မျက်နှာတခုထဲသာကြည့်ပြီး အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် ကျောချင်းကပ်လုပ်ရမယ့်ကာလလို့ NUG ပြော

ဩဂုတ်လ (၈)ရက်။

ပြည်သူရဲ့ မျက်နှာတခုထဲကိုသာကြည့်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းအောင် ကျောချင်းကပ် ဆောင်ရွက်ရမယ့်ကာလလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုနွေဦးတော်လှန်ရေးဟာ စစ်ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာသာမက အခုအချိန်အထိ ကျူးလွန်နေသူတွေကို အပြစ်ပေးနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်မောင်းထုတ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ သမိုင်းတလျှောက် အကြီးကျယ်ဆုံး တော်လှန်ရေးကြီးကို ဆင်နွှဲနေပြီး အရေးကြီးတဲ့ကာလကို ရောက်နေပြီလို့ ဆိုပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးဟာ ပြည်သူရဲ့ ထိန်းကျောင်းမှုနဲ့အတူ NUG အနေနဲ့ စစ်မျက်နှာပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်စေဖို့ လုပ်ဆောင်နေတဲ့ကာလလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဒေသတခုချင်းစီ လွတ်မြောက်ဖို့နဲ့အတူ ပြည်ထောင်စုတခုလုံး လွတ်မြောက်ဖို့ကို ရှေးရှုပြီး လွန်ခဲ့တဲ့ (၃၇)နှစ်ခန့်က ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ စိတ်ဝိညာဉ်ပူးကပ်ကာ အတူဆောင်ရွက်ရမယ့် သမိုင်းဝင်ကာလ ဖြစ်လာပြီလို့ ရေးသားထားပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် တော်လှန်ရေးတွေကနေ အခုနွေဦးတော်လှန်ရေးအထိ ပေးဆပ်ခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်းတို့ရဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့က ကျန်ရစ်သူတွေရဲ့ တာဝန်လို့ NUG က ပြောဆိုထားပါတယ်။

အဲ့ဒီနောက် စစ်အာဏာရှင်စနစ် ကင်းစင်ပြီး စစ်မှန်တဲ့ အမျိုးသားတန်းတူရေး ရရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အစားထိုးပြောင်းလဲနိုင်ဖို့ ရည်မှန်းချက်ပန်းတိုင်ဆီကို အတူချီတက်တည်ဆောက်ဖို့ သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ အထင်ကရနေရာတွေမှာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 12 Views
ဩဂုတ်လ (၈)ရက်။ ဒီကနေ့မှာကျရောက်တဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ရန်ကုန်ရှိ အထင်ကရနေရာတွေမှာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုကို စစ်ကောင်စီက
မြန်မာသတင်း

ချင်းညီနောင်လိုင်ဇာတွင် KIAနှင့် NUGခေါင်းဆောင်များနှင့်တွေ့ဆုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 14 Views
၂၀၂၅ခုနှစ် သြဂုတ်လ၈ရက် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းလူငယ်များ ဦးစီးသော ချင်းညီနောင်များ အဖွဲ့ (CB) မှ ခေါင်းဆောင်များသည် ကချင်ပြည်နယ်သို့
မြန်မာသတင်း

မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် စစ်ကောင်စီက ကော်မတီ (၁၁)ခုဖွဲ့စည်းထားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 20 Views
ဩဂုတ်လ (၈)ရက်။ ယာယီသမ္မတ မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခုအထိ ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီရဲ့ ဈာပနအခမ်းအနားကျင်းပရေးကော်မတီထံက သိရပါတယ်။ မြင့်ဆွေရဲ့ နာရေးအခမ်းအနားကို နိုင်ငံတော်ဈာပနအနေနဲ့ ကျင်းပနိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့က ပြလုပ်ခဲ့ပြီး ဈာပနအခမ်းအနားကျင်း‌ပရေး
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေကို ပြည်သူထင်ပြီး ပေါ်တာဆွဲဖမ်းဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 19 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန် အုတ်ဖို့မြို့ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)က အရပ်ဝတ်နဲ့
မြန်မာသတင်း

အာဆီယံရဲ့စံနှုန်းတွေကို ထိန်းသိမ်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 15 Views
ဩဂုတ်လ (၈)ရက်။ အာဆီယံရဲ့စံနှုန်းတွေကို ထိန်းသိမ်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၈)နှစ်မြောက် အာဆီယံနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ အာဆီယံရဲ့ စံနှုန်းတွေကို ထိန်းသိမ်းကြဖို့၊ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုကြဖို့နဲ့ ဒေသထဲ ကြွယ်ဝတဲ့
မြန်မာသတင်း

ဆားလင်းကြီးမှာ ရွေးကောက်ပွဲဖော်ဆောင်ဖို့နဲ့ PDF အလိုမရှိဆိုပြီး ဆန္ဒပြတဲ့ရုပ်သံဖိုင်က သတင်းအမှားလို့ မြို့နယ်ပအဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 23 Views
ဩဂုတ်လ (၇)ရက်။ ဆားလင်းကြီးမြို့ ထန်းပုရွာမှာ ရွေးကောက်ပွဲဖော်ဆောင်ဖို့နဲ့ PDF အလိုမရှိဆိုပြီး ဆန္ဒပြတဲ့ ရုပ်သံဖိုင်က သတင်းအမှားလို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆန္ဒပြတဲ့ ရုပ်သံဖိုင်ကို Voice of Myanmar က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ သကိတ်မှောက်ဖို့ သမဂ္ဂအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 24 Views
ဩဂငတ်လ (၇)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ သပိတ်မှောက်ကာ စစ်သုံးစစ်အမြစ်ဖြတ်ဖို့အတွက် ပိုမိုအားစိုက်ခြေကုန်သုတ်ကြဖို့ သမဂ္ဂအဖွဲ့တွေက မနေ့က ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ စစ်အုပ်စု ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်အပါအဝင် စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ၊ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ အမျိုးသမီးများသမဂ္ဂတို့က
မြန်မာသတင်း

စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 35 Views
ဩဂုတ်လ (၇)ရက်။ စစ်အုပ်စုက သူတို့ရဲ့ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ဆိုပြီး အမေရိကန်ရီပက်ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ သူတို့ရဲ့