နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် လသာရှိ KTV တခုမှာ အမျိုးသားတဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့

ဩဂငတ်လ (၁၁)ရက်။

မနေ့က နေ့လယ် (၁)နာရီအချိန် လသာမြို့နယ်ရှိ ရန်ကုန်သံလွင်ဟိုတယ်မှာ ဖွင့်ထားတဲ့ New Party KTV မှာ အမျိုးသားတစ်ဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စစ်လော်ဘီချန်‌နယ်တွေထံက သိရပါတယ်။

“ ဖြစ်တာက လသာ ရွှေတိဂုံဘုရားလမ်း ရန်ကုန်သံလွင်ဟိုတယ်မှာဖွင့်ထားတဲ့ New Party KTV မှာ အဲ့ဒီလူက သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီးသေသွားတာ။ သူ့ကိုယ်သူသတ်သေတဲ့သူက ဟိုတယ်ဒါရိုက်တာလို့ ကြားတယ်” လို့ နီးစပ်သူတဦးက ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ပြီး သေဆုံးသွားသူဟာ ဟိုတယ်ဒါရိုက်တာ ဟော်ချွန်မြင့်(ခ)အာမြင့်ဖြစ်ပြီး သူ့ကိုယ်သူ သေနတ်နဲ့ နားထင်ကို ပစ်ခတ်သေဆုံးသွားတာလို့ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

နောက်ပြီး သူဟာ ဟိုတယ်ဒုတိယထပ်ရှိ KTV ကို နံနက် (၇)နာရီအချိန်ကစပြီး ရောက်ရှိလာခဲ့ပြီးနောက် တယောက်ထဲ အရက်သောက်နေသလို အခန်းထဲကိုလဲ ဘယ်ဝန်ထမ်းမှ ဝင်ခွင့်မပြုခဲ့ဘူးလို့ ရေးသားထားပါတယ်။

အဲ့ဒီနောက် နေ့လယ်ပိုင်းအချိန်မှာ အခန်းထဲ သေနတ်သံကြားတာကြောင့် ဝန်ထမ်းတွေက ဝင်ကြည့်ရာ သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် သူ့အနီးမှာ ပစ္စတိုတလက်နဲ့ ကျည်ခွံတခု တွေ့ရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေ ပြုလုပ်နေတယ်ဆိုပြီး ထုတ်ပြန်ထားကာ ဖြစ်စဉ်ဖြစ်ပွားတဲ့ KTV ကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တမူးမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 20 Views
တိုက်ပွဲထဲ အလောင်း (၆)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန် ဩဂုတ်လ (၁၁)ရက်။ ဩဂုတ်လ (၅)ရက်နေ့ကစပြီး တမူးမြို့မှာ တော်လှန်ရေးတပ်တွေ
မြန်မာသတင်း

ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 12 Views
ဩဂုတ်လ (၁၁)ရက်။ ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
မြန်မာသတင်း

KNU တပ်မဟာ(၇)ဌာနချုပ်အနီး စစ်တပ်က လေကြောင်းကနေ ဗုံး(၂၀)လုံးကြဲချခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 16 Views
ဩဂုတ်လ (၁၁)ရက်။ မနေ့က ည (၇)နာရီ (၄၇)မိနစ်အချိန်က ကလိုယော်လေးဒေသရှိ KNU တပ်မဟာ (၇)ဌာနချုပ်အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ည (၇)နာရီခွဲကျော်မှာ KNU တပ်မဟာ(၇)ဌာနချုပ်ရဲ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၃)လုံးကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦး ထိမှန်ပြီး နေအိမ် (၇)လုံး ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 32 Views
ဩဂုတ်လ (၉)ရက်။ ဒီကနေ့ ညနေ (၄)နာရီကျော်အချိန်က သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်
မြန်မာသတင်း

နေပြည်တော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇၀)ဦးခန့် ထိခိုက်သေဆုံး

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 43 Views
ဩဂုတ်လ (၉)ရက်။ နေပြည်တော်ကနေ အင်အား (၆၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Battalion 804-Nay Pyi Taw PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်
မြန်မာသတင်း

ကရင်နီမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၃၃)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 31 Views
ဩဂုတ်လ (၉)ရက်။ အခုနှစ် ကရင်နီမှာ စစ်တပ်က လေကြောင်းပစ်ခတ်တဲ့ အကြိမ်ရေ (၃၂)ကြိမ်အထိရှိခဲ့တယ်လို့ Karenni-IEC ရဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ကရင်နီအပါအဝင် တနိုင်ငံလုံအတိုင်းအတာနဲ့ အကြမ်းဖက်စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၀)ထက်မနည်းရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 33 Views
ဩဂုတ်လ (၉)ရက်။ လယ်ဒိုမြို့နယ်မှာ (၈)ရက်တာကာလထဲ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တာ (၂၀)ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ စစ်တပ်ဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်တာတွေကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကို ကန့်ကွက်တားဆီးဖို့ KNPP တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 30 Views
ဩဂုတ်လ (၉)ရက်။ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာတွေကို ကန့်ကွက်တားဆီးဖို့ KNPP က ဒီကနေ့မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းထာားတယ်လို့ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေက အပြီးတိုင်