နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

တမူးမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်

တိုက်ပွဲထဲ အလောင်း (၆)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

ဩဂုတ်လ (၁၁)ရက်။

ဩဂုတ်လ (၅)ရက်နေ့ကစပြီး တမူးမြို့မှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀)ခန့်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တမူးမြို့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို ရန်ငြိမ်းအောင်ရွာကနေ ခလရ-၂၂၈နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀)လောက်က စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

နန်မွန်းတားရွာကို စစ်တပ်ရဲ့ ခလရ-၂၂၈နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀)ခန့်က ရန်ငြိမ်းအောင်ရွာကနေ ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးတပ်တွေဘက်က ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ ဩဂုတ်လ (၈)ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးအပြင် Cluster ဗုံးတွေနဲ့ နန်မွန်းတားရွာ ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး တိုက်ပွဲထဲ စစ်‌တပ်ဘက်က OWA အသေခံဒရုန်းအမျိုးအစားတွေကိုလဲ အသုံးပြုခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက် (၉)လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး (၆)ဦးသေဆုံးကာ ‌(၂၀)ကျော် ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဘက်က (၅)ဦးကျဆုံးပြီး လက်နက် (၃)လက် ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ တမူးခရိုင်စစ်ကြောင်း၊ မော်လိုက်ခရိုင်စစ်ကြောင်း၊ ကလေးခရိုင်စစ်ကြောင်း၊ KNA(B)၊ NLA နဲ့ CNA တပ်ဖွဲ့တွေက ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 12 Views
ဩဂုတ်လ (၁၁)ရက်။ ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန် လသာရှိ KTV တခုမှာ အမျိုးသားတဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 10 Views
ဩဂငတ်လ (၁၁)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန် လသာမြို့နယ်ရှိ ရန်ကုန်သံလွင်ဟိုတယ်မှာ ဖွင့်ထားတဲ့ New Party KTV မှာ
မြန်မာသတင်း

KNU တပ်မဟာ(၇)ဌာနချုပ်အနီး စစ်တပ်က လေကြောင်းကနေ ဗုံး(၂၀)လုံးကြဲချခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 16 Views
ဩဂုတ်လ (၁၁)ရက်။ မနေ့က ည (၇)နာရီ (၄၇)မိနစ်အချိန်က ကလိုယော်လေးဒေသရှိ KNU တပ်မဟာ (၇)ဌာနချုပ်အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ည (၇)နာရီခွဲကျော်မှာ KNU တပ်မဟာ(၇)ဌာနချုပ်ရဲ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၃)လုံးကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦး ထိမှန်ပြီး နေအိမ် (၇)လုံး ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 32 Views
ဩဂုတ်လ (၉)ရက်။ ဒီကနေ့ ညနေ (၄)နာရီကျော်အချိန်က သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်
မြန်မာသတင်း

နေပြည်တော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇၀)ဦးခန့် ထိခိုက်သေဆုံး

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 43 Views
ဩဂုတ်လ (၉)ရက်။ နေပြည်တော်ကနေ အင်အား (၆၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Battalion 804-Nay Pyi Taw PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်
မြန်မာသတင်း

ကရင်နီမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၃၃)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 31 Views
ဩဂုတ်လ (၉)ရက်။ အခုနှစ် ကရင်နီမှာ စစ်တပ်က လေကြောင်းပစ်ခတ်တဲ့ အကြိမ်ရေ (၃၂)ကြိမ်အထိရှိခဲ့တယ်လို့ Karenni-IEC ရဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ကရင်နီအပါအဝင် တနိုင်ငံလုံအတိုင်းအတာနဲ့ အကြမ်းဖက်စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၀)ထက်မနည်းရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 33 Views
ဩဂုတ်လ (၉)ရက်။ လယ်ဒိုမြို့နယ်မှာ (၈)ရက်တာကာလထဲ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်တာ (၂၀)ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ စစ်တပ်ဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်တာတွေကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကို ကန့်ကွက်တားဆီးဖို့ KNPP တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 9 ရက်
  • 30 Views
ဩဂုတ်လ (၉)ရက်။ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာတွေကို ကန့်ကွက်တားဆီးဖို့ KNPP က ဒီကနေ့မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းထာားတယ်လို့ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေက အပြီးတိုင်