နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် အပစ်အခတ်ရပ်စဲရေး ရပ်တည်ချက်ကို ပြောင်းလိုက်ပြီး ရုရှား၏ ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူရန် ယူကရိန်းကို တိုက်တွန်းခဲ့သည်။

ဘီဘီစီ- ၂၀၂၅၊ သြဂုတ်လ ၁၇ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီးနောက် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကို ကျော်လွန်၍ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက် ကိုတိုက်ရိုက်ပြုလုပ်ရန် ပြုလိုကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

အဓိက ရပ်တည်ချက် အပြောင်းအလဲတစ်ခုတွင်၊ အမေရိကန်သမတက ရုရှားနှင့် ယူကရိန်းကြား ကြောက်မက်ဖွယ်စစ်ပွဲတွင် အပစ်ရပ်စဲရေးလုပ်ခြင်းတို့သည်ကြာရှည် မတည်တံ့နိုင်သဖြင့်ထိုထက် စာလျှင်  စစ်ပွဲကို အဆုံးသတ်ရန်ကိစ္စသည် အကောင်းဆုံးနည်း လမ်းဖြစ်မည်ဟု သောကြာနေ့က ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးအပြီးတွင် Truth Social မှာ အမေရိကန်သမ္မတက ပြောကြားသည်။

ထရန့် သည် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးအား တနင်္လာနေ့တွင် ဝါရှင်တန်သို့ လာရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူရန် သူ့ကို တိုက်တွန်းခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ထရန့် နှင့် ဖုန်းခေါ်ဆိုပြီးနောက် ဇလန်းစကီးက စစ်မှန်သော၊ ထာဝရငြိမ်းချမ်းရေးရရှိရန် တောင်းဆိုခဲ့ပြီး “ ပစ်ခတ်နေမှုကိုရပ်တန့်စေရမည်” နှင့် သတ်ဖြတ်မှုများကို ရပ်တန့်ရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးမတိုင်မီ သောကြာနေ့တွင် အပစ်အခတ်ရပ်စဲရေးကို မြန်မြန်ဆန်ဆန် ပြုလုပ် လိုကြောင်း ပြောကြားခဲ့သော်လည်း အစည်းအဝေးပြီးသွားသည့်အခါ ထရန့် ၏ မှတ်ချက်များသည် စစ်ပွဲကိုအဆုံးသတ်ရန်အဖြစ်သို့ ၎င်း၏ရပ်တည်ချက်ကို သိသာ ထင်ရှားစွာ ပြောင်းလဲသွားစေခဲ့သည်။

ယူကရိန်း၏ အဓိက တောင်းဆိုချက်မှာ ရေရှည် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ မတိုင်မီ အမြန် အပစ်အခတ် ရပ်စဲရေး ဖြစ်ပြီး၊ ထိပ်သီး စည်းဝေးပွဲ အတွက် ၎င်း၏ ရည်မှန်းချက် မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန် ဖြစ်ကြောင်း ထရန့် က ဥရောပ ခေါင်းဆောင်များကို ကြိုတင် ပြောကြား ခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ပူတင်က ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို သမ္မတ ထရန့်ထံ တင်ပြခဲ့ရာတွင် ယူကရိန်းတပ်များကို Donetsk ဒေသရှိ Donbas မှ ဆုတ်ခွာပေးရန် နှင့် အပြန်အလှန်အားဖြင့် Zaporizhzhia နှင့် Kherson တွင် ရှိရုရှား၏ ရှေ့တန်းထိုးစစ်ရှိ စစ်မျက်နှာကို ရပ်တန့်လိုက်မည်ဟု တင်ပြခဲ့ကြောင်း သိရသည်။

ရုရှားသည် ခရိုင်းမီးယားကို ယူကရိန်းမှထံ ၂၀၁၄ တွင်တရားမ၀င် သိမ်းပိုက်ပြီးနောက် ရှစ်နှစ်အကြာတွင် နိုင်ငံအား အပြည့်အ၀ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၎င်းသည် Donbas ကို ရုရှားပိုင်နက်အဖြစ် တောင်းဆိုထားပြီး Luhansk အများစုနှင့် Donetsk ၏ ၇၀% ခန့်ကို ထိန်းချုပ်ထားသည်။

အမေရိကန် သမ္မတသည်ယခင်က ပြောကြားခဲ့ဖူးသည့်အတိုင်း မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်မဆို” နယ်မြေများ လဲလှယ်ခြင်း” တို့ ပါဝင်မည်ဖြစ်သည် ဟုဆိုခဲ့သည်

 အမေရိကန် သမ္မတသည် ထိပ်သီးစည်းဝေးပွဲအပြီး ခေါ်ဆိုမှုတွင်ဇလန်းစကီ အား ကမ်းလှမ်းချက်ကို ထပ်လောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းကပင် ယူကရိန်းသမ္မတသည် Luhansk နှင့် Donetsk နယ်မြေများပါဝင်သည့် Donbas ပြည်နယ်ကို ရုရှားလက်သို့ မပေးနိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းအား အနာဂတ် ရုရှားတိုက်ခိုက်မှုများအတွက် ခြေကုတ်စခန်းအဖြစ် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်နှင့် ပူတင်တို့ ထိပ်သီးဆွေးနွေးပွဲတွင် သူနှင့် ပူတင်တို့ ဆွေးနွေးခဲ့သည့် စည်းကမ်းချက်များကို သဘောတူညီရန် တနင်္လာနေ့တွင် ထရန် က ဇလန်းစကီး အား ဖိအားပေးရန် ကြိုးစားမည်ကို ဥရောပသံတမန်များက စိုးရိမ်နေကြကြောင်း BBC ၏ အမေရိကန်လုပ်ဖော်ကိုင်ဖက် CBS က သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

သတင်းရင်းမြစ် များ၏ CBS သို့ပြောကြားချက်အရ ပူတင်သည် လိုက်လျောမှု အချို့ပြု လုပ်မည်ဟု ထိပ်သီးအစည်းအဝေးအပြီးတွင် ဥရောပ ခေါင်းဆောင်များအား ထရန့် မှပြောကြားခဲ့သော်လည်းအသေးစိတ်ကိုပြောကြားခဲ့ခြင်းမရှိပါ။

သောကြာနေ့ ထိပ်သီးစည်းဝေးပွဲအပြီး Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရန့်သည် ယူကရိန်းခေါင်းဆောင်အတွက် မည်ကဲ့သို့ အကြံဉာဏ်များပေးရန်ရှိသနည်းဟု မေးမြန်းခဲ့ရာ ၎င်းက “ သဘောတူညီလိုက်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ ရုရှားဟာ အလွန်ကြီးမားတဲ့ ပါဝါရှိပြီး သူတို့ မှာမရှိဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

စစ်ပွဲကိုအဆုံးသတ်ရန် ပူတင်မှသဘောတူခြင်းမရှိပါက ပြင်းထန်သောအကျိုးဆက်များကို ခံရမည်ဟုထရန့် က ယခင်ကခြိမ်းခြောက်ခဲ့ပြီး မော်စကိုအား အပစ်အခတ်ရပ်စဲရေးသို့ လုပ်ဆောင်လာရန် သို့မဟုတ် ဒုတိယအခွန်စည်းကြပ်မှုအပါအဝင် ပြင်းထန်သော ပိတ်ဆို့မှု အသစ်များကို ရင်ဆိုင်ရန် ပြီးခဲ့သည့်လက သတ်မှတ်ခဲ့သည်။

သောကြာနေ့ ထိပ်သီးစည်းဝေးပွဲအပြီးတွင် သမ္မတနှစ်ဦးစလုံးက သဘောတူညီချက်တစ်ခုဖြင့် အနည်းငယ်သာ ကြေညာခဲ့သော်လည်း တိုးတက်မှုရှိကြောင်း ထရမ့်က အခိုင်အမာ ပြောကြားခဲ့သည်။

စနေနေ့တွင် ပူတင်က ထိပ်သီးဆွေးနွေးပွဲကို “ အလွန်အသုံးဝင်သည်” ဟု ဖော်ပြခဲ့ပြီး ထရန့် အား “ ကျွန်ုပ်တို့၏ ရပ်တည်ချက်” ကို ချပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာအခွင့်အ‌ရေးတွေရခဲ့တယ် ကျွန်တော်တို့ဟိုးအစက အခြေခံအကြောင်းအရာ တွေကို ပြောခဲ့ကြတယ် ဒီပြဿနာကို ဖြစ်စေတဲ့အကြောင်းကို ပြောခဲ့တယ်၊ ဒါဟာပြဿနာ အခြေခံရင်းမြစ်ကို ဖယ်ရှားလိုက်တာပါပဲ ဒါဟာအခြေခံကျတဲ့ဖြေရှင်းမှုပါ” ဟု ရုရှားသမတ က ဆိုသည်။

တစ်ချိန်တည်းတွင်၊ ယူကရိန်း၊ ပြင်သစ်နှင့် ဂျာမနီတို့ ပါဝင်သော ယူကရိန်းကို ထောက်ခံအားပေးမှု အားကောင်းလာစေရန် ကတိပြုထားသည့် မဟာမိတ်နိုင်ငံအုပ်စုသည် တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ ဇလန်းစကီး၏ မသွားရောက်မီ တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ခေါ်ဆိုစကားပြောကြမည်ဖြစ်သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဂျာမန်အဓိပတိ ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) နှင့် ဥရောပကော်မရှင်ဥက္ကဌ အာဇူလာဗွန်ဒါလီယန်(Ursula von der Leyen) တို့ အပါအဝင် ဥရောပခေါင်းဆောင်တစ်စုက “ နောက်ထပ်လုပ်မဲ့ခြေလှမ်းကတော့ လာမဲ့ ဆွေးနွေးပွဲတွေမှာ သမ္မတဇလန်းစကီး ပါဝင်ရမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဥရောပထောက်ခံမှုဖြင့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ခေါင်းဆောင်များက ၎င်းတို့သည် “လုပ်ဆောင်ရန် အဆင်သင့်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

“ ရုရှားအပေါ် ဖိအားတွေဆက်လက်ထိန်းသိမ်းထားဖို့အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းတို့က ပြောကြားပြီး “ ၎င်း၏ပိုင်နက်နယ်မြေအပေါ် ဆုံးဖြတ်ချက်များချရန်ကိစ္စသည် ယူကရိန်း အပေါ် မူတည်မည်ဖြစ်သည်။ နိုင်ငံတကာ နယ်နိမိတ်များကို အင်အားသုံး၍ မပြောင်းလဲရပါ” ဟုဆိုခဲ့ကြသည်။

ဗြိတိန် ဝန်ကြီးချုပ် ကီရာစတာမာ က စစ်ပွဲကို အဆုံးသတ်ရန် ထရန့် ၏ ကြိုးပမ်းအားထုတ်မှု ကို ချီးကျူးခဲ့ပြီး ၎င်းတို့သည် ယခင်ကထက် ကျွန်ုပ်တို့ကို ပိုမိုနီးကပ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

“ တိုးတက်မှုတွေရှိပေမယ့် သမ္မတ ဇလန်းစကီး နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ရမယ်။ ယူကရိန်း ငြိမ်းချမ်းရေး လမ်းကြောင်းကို သူမပါဘဲ ဆုံးဖြတ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ကိ့ဗ် တွင်၊ ယူကရိန်းနိုင်ငံသားများက အာလာစကာ မှမြင်ကွင်းများကြောင့် သူတို့၏ မျှော်လင့်ချက်များ “ ကြေမွသွားသည်” ဟုထုတ်ဖော်ကြသည်။

“ လက်ဆွဲနှုတ်ဆက်ဖို့၊ သူရောက်လာတဲ့အခါ ပူတင်ကို မျက်နှာကို ရိုက်ပုတ်လို့ မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကော်ဇောနီခင်းပြီး ဒူးထောက်နေတဲ့ စစ်သားတွေနဲ့ ဒီမြင်ကွင်းက ကြောက်စရာကောင်းတယ်၊ ဒါဟာအဓိပ္ပာယ်မရှိဘူး” ဟု အရှေ့ပိုင်း Donetsk ဒေသမှ အသက် ၅၀ အရွယ် စစ်မှုထမ်းဟောင်း Serhii Orlyk က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 20 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့်
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒီအပတ် စနေ/တနင်္ဂနွေ နိုင်ငံတကာ သတင်း အချက်အလက် အကျဉ်းချုပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 37 Views
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် အမေရိကန် (USA) အမေရိကန်-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်။ သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် တစ်ရပ်ကို တင်သွင်းခဲ့ပြီး
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 45 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်၏ ယူကရိန်းအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်တွင် မြေယာစွန့်လွှတ်မှုနှင့် စစ်ရေးလျှော့ချရေးတို့ လိုအပ်မည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 42 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၁ရက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အစိုးရအဖွဲ့သစ်ဖြစ်လာမည့် ထရမ့်၏ စီမံချက်အရ ကိ့ဗ် (Kyiv) အနေဖြင့် ရုရှားကို နယ်မြေများ စွန့်လွှတ်ပေးရမည်၊ ကရင်မလင် မှ အင်အားသုံး သိမ်းပိုက်ထားသော ခရိုင်မီးယား နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ လက်ရှိ အခြေအနေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 45 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အခုလက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ပွဲက ဆက်လက် ပြင်းထန်နေဆဲပါ။ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတိုက်ပွဲနေရာတွေမှာ အဓိက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး၊
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 46 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဖိုင်များ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ရန် ညွှန်ကြားသည့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင်
ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 53 Views
+++++++++++++++++++++ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ ++++++++++++++++++ သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းလာကို လွှတ်တော်တွင်း ဖြေကြားရာ၌ တရုတ်က တိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု