နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် အပစ်အခတ်ရပ်စဲရေး ရပ်တည်ချက်ကို ပြောင်းလိုက်ပြီး ရုရှား၏ ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူရန် ယူကရိန်းကို တိုက်တွန်းခဲ့သည်။

ဘီဘီစီ- ၂၀၂၅၊ သြဂုတ်လ ၁၇ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီးနောက် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကို ကျော်လွန်၍ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက် ကိုတိုက်ရိုက်ပြုလုပ်ရန် ပြုလိုကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

အဓိက ရပ်တည်ချက် အပြောင်းအလဲတစ်ခုတွင်၊ အမေရိကန်သမတက ရုရှားနှင့် ယူကရိန်းကြား ကြောက်မက်ဖွယ်စစ်ပွဲတွင် အပစ်ရပ်စဲရေးလုပ်ခြင်းတို့သည်ကြာရှည် မတည်တံ့နိုင်သဖြင့်ထိုထက် စာလျှင်  စစ်ပွဲကို အဆုံးသတ်ရန်ကိစ္စသည် အကောင်းဆုံးနည်း လမ်းဖြစ်မည်ဟု သောကြာနေ့က ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးအပြီးတွင် Truth Social မှာ အမေရိကန်သမ္မတက ပြောကြားသည်။

ထရန့် သည် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးအား တနင်္လာနေ့တွင် ဝါရှင်တန်သို့ လာရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူရန် သူ့ကို တိုက်တွန်းခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ထရန့် နှင့် ဖုန်းခေါ်ဆိုပြီးနောက် ဇလန်းစကီးက စစ်မှန်သော၊ ထာဝရငြိမ်းချမ်းရေးရရှိရန် တောင်းဆိုခဲ့ပြီး “ပစ်ခတ်နေမှုကိုရပ်တန့်စေရမည်” နှင့် သတ်ဖြတ်မှုများကို ရပ်တန့်ရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးမတိုင်မီ သောကြာနေ့တွင် အပစ်အခတ်ရပ်စဲရေးကို မြန်မြန်ဆန်ဆန် ပြုလုပ် လိုကြောင်း ပြောကြားခဲ့သော်လည်း အစည်းအဝေးပြီးသွားသည့်အခါ ထရန့် ၏ မှတ်ချက်များသည် စစ်ပွဲကိုအဆုံးသတ်ရန်အဖြစ်သို့ ၎င်း၏ရပ်တည်ချက်ကို သိသာ ထင်ရှားစွာ ပြောင်းလဲသွားစေခဲ့သည်။

ယူကရိန်း၏ အဓိက တောင်းဆိုချက်မှာ ရေရှည် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ မတိုင်မီ အမြန် အပစ်အခတ် ရပ်စဲရေး ဖြစ်ပြီး၊ ထိပ်သီး စည်းဝေးပွဲ အတွက် ၎င်း၏ ရည်မှန်းချက် မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန် ဖြစ်ကြောင်း ထရန့် က ဥရောပ ခေါင်းဆောင်များကို ကြိုတင် ပြောကြား ခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ပူတင်က ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို သမ္မတ ထရန့်ထံ တင်ပြခဲ့ရာတွင် ယူကရိန်းတပ်များကို Donetsk ဒေသရှိ Donbas မှ ဆုတ်ခွာပေးရန် နှင့် အပြန်အလှန်အားဖြင့် Zaporizhzhia နှင့် Kherson တွင် ရှိရုရှား၏ ရှေ့တန်းထိုးစစ်ရှိ စစ်မျက်နှာကို ရပ်တန့်လိုက်မည်ဟု တင်ပြခဲ့ကြောင်း သိရသည်။

ရုရှားသည် ခရိုင်းမီးယားကို ယူကရိန်းမှထံ ၂၀၁၄ တွင်တရားမ၀င် သိမ်းပိုက်ပြီးနောက် ရှစ်နှစ်အကြာတွင် နိုင်ငံအား အပြည့်အ၀ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၎င်းသည် Donbas ကို ရုရှားပိုင်နက်အဖြစ် တောင်းဆိုထားပြီး Luhansk အများစုနှင့် Donetsk ၏ ၇၀% ခန့်ကို ထိန်းချုပ်ထားသည်။

အမေရိကန် သမ္မတသည်ယခင်က ပြောကြားခဲ့ဖူးသည့်အတိုင်း မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်မဆို”နယ်မြေများ လဲလှယ်ခြင်း”တို့ ပါဝင်မည်ဖြစ်သည် ဟုဆိုခဲ့သည်

 အမေရိကန် သမ္မတသည် ထိပ်သီးစည်းဝေးပွဲအပြီး ခေါ်ဆိုမှုတွင်ဇလန်းစကီ အား ကမ်းလှမ်းချက်ကို ထပ်လောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းကပင် ယူကရိန်းသမ္မတသည် Luhansk နှင့် Donetsk နယ်မြေများပါဝင်သည့် Donbas ပြည်နယ်ကို ရုရှားလက်သို့ မပေးနိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းအား အနာဂတ် ရုရှားတိုက်ခိုက်မှုများအတွက် ခြေကုတ်စခန်းအဖြစ် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်နှင့် ပူတင်တို့ ထိပ်သီးဆွေးနွေးပွဲတွင် သူနှင့် ပူတင်တို့ ဆွေးနွေးခဲ့သည့် စည်းကမ်းချက်များကို သဘောတူညီရန် တနင်္လာနေ့တွင် ထရန် က ဇလန်းစကီး အား ဖိအားပေးရန် ကြိုးစားမည်ကို ဥရောပသံတမန်များက စိုးရိမ်နေကြကြောင်း BBC ၏ အမေရိကန်လုပ်ဖော်ကိုင်ဖက် CBS က သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

သတင်းရင်းမြစ် များ၏ CBS သို့ပြောကြားချက်အရ ပူတင်သည် လိုက်လျောမှု အချို့ပြု လုပ်မည်ဟု ထိပ်သီးအစည်းအဝေးအပြီးတွင် ဥရောပ ခေါင်းဆောင်များအား ထရန့် မှပြောကြားခဲ့သော်လည်းအသေးစိတ်ကိုပြောကြားခဲ့ခြင်းမရှိပါ။

သောကြာနေ့ ထိပ်သီးစည်းဝေးပွဲအပြီး Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရန့်သည် ယူကရိန်းခေါင်းဆောင်အတွက် မည်ကဲ့သို့ အကြံဉာဏ်များပေးရန်ရှိသနည်းဟု မေးမြန်းခဲ့ရာ ၎င်းက “သဘောတူညီလိုက်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ရုရှားဟာ အလွန်ကြီးမားတဲ့ ပါဝါရှိပြီး သူတို့ မှာမရှိဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

စစ်ပွဲကိုအဆုံးသတ်ရန် ပူတင်မှသဘောတူခြင်းမရှိပါက ပြင်းထန်သောအကျိုးဆက်များကို ခံရမည်ဟုထရန့် က ယခင်ကခြိမ်းခြောက်ခဲ့ပြီး မော်စကိုအား အပစ်အခတ်ရပ်စဲရေးသို့ လုပ်ဆောင်လာရန် သို့မဟုတ် ဒုတိယအခွန်စည်းကြပ်မှုအပါအဝင် ပြင်းထန်သော ပိတ်ဆို့မှု အသစ်များကို ရင်ဆိုင်ရန် ပြီးခဲ့သည့်လက သတ်မှတ်ခဲ့သည်။

သောကြာနေ့ ထိပ်သီးစည်းဝေးပွဲအပြီးတွင် သမ္မတနှစ်ဦးစလုံးက သဘောတူညီချက်တစ်ခုဖြင့် အနည်းငယ်သာ ကြေညာခဲ့သော်လည်း တိုးတက်မှုရှိကြောင်း ထရမ့်က အခိုင်အမာ ပြောကြားခဲ့သည်။

စနေနေ့တွင် ပူတင်က ထိပ်သီးဆွေးနွေးပွဲကို “အလွန်အသုံးဝင်သည်” ဟု ဖော်ပြခဲ့ပြီး ထရန့် အား “ကျွန်ုပ်တို့၏ ရပ်တည်ချက်” ကို ချပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာအခွင့်အ‌ရေးတွေရခဲ့တယ် ကျွန်တော်တို့ဟိုးအစက အခြေခံအကြောင်းအရာ တွေကို ပြောခဲ့ကြတယ် ဒီပြဿနာကို ဖြစ်စေတဲ့အကြောင်းကို ပြောခဲ့တယ်၊ ဒါဟာပြဿနာ အခြေခံရင်းမြစ်ကို ဖယ်ရှားလိုက်တာပါပဲ ဒါဟာအခြေခံကျတဲ့ဖြေရှင်းမှုပါ” ဟု ရုရှားသမတ က ဆိုသည်။

တစ်ချိန်တည်းတွင်၊ ယူကရိန်း၊ ပြင်သစ်နှင့် ဂျာမနီတို့ ပါဝင်သော ယူကရိန်းကို ထောက်ခံအားပေးမှု အားကောင်းလာစေရန် ကတိပြုထားသည့် မဟာမိတ်နိုင်ငံအုပ်စုသည် တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ ဇလန်းစကီး၏ မသွားရောက်မီ တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ခေါ်ဆိုစကားပြောကြမည်ဖြစ်သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဂျာမန်အဓိပတိ ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) နှင့် ဥရောပကော်မရှင်ဥက္ကဌ အာဇူလာဗွန်ဒါလီယန်(Ursula von der Leyen) တို့ အပါအဝင် ဥရောပခေါင်းဆောင်တစ်စုက “နောက်ထပ်လုပ်မဲ့ခြေလှမ်းကတော့ လာမဲ့ ဆွေးနွေးပွဲတွေမှာ သမ္မတဇလန်းစကီး ပါဝင်ရမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဥရောပထောက်ခံမှုဖြင့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ခေါင်းဆောင်များက ၎င်းတို့သည် “လုပ်ဆောင်ရန် အဆင်သင့်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

“ရုရှားအပေါ် ဖိအားတွေဆက်လက်ထိန်းသိမ်းထားဖို့အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းတို့က ပြောကြားပြီး “၎င်း၏ပိုင်နက်နယ်မြေအပေါ် ဆုံးဖြတ်ချက်များချရန်ကိစ္စသည် ယူကရိန်း အပေါ် မူတည်မည်ဖြစ်သည်။ နိုင်ငံတကာ နယ်နိမိတ်များကို အင်အားသုံး၍ မပြောင်းလဲရပါ” ဟုဆိုခဲ့ကြသည်။

ဗြိတိန် ဝန်ကြီးချုပ် ကီရာစတာမာ က စစ်ပွဲကို အဆုံးသတ်ရန် ထရန့် ၏ ကြိုးပမ်းအားထုတ်မှု ကို ချီးကျူးခဲ့ပြီး ၎င်းတို့သည် ယခင်ကထက် ကျွန်ုပ်တို့ကို ပိုမိုနီးကပ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

“တိုးတက်မှုတွေရှိပေမယ့် သမ္မတ ဇလန်းစကီး နဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ရမယ်။ ယူကရိန်း ငြိမ်းချမ်းရေး လမ်းကြောင်းကို သူမပါဘဲ ဆုံးဖြတ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ကိ့ဗ် တွင်၊ ယူကရိန်းနိုင်ငံသားများက အာလာစကာ မှမြင်ကွင်းများကြောင့် သူတို့၏ မျှော်လင့်ချက်များ “ကြေမွသွားသည်” ဟုထုတ်ဖော်ကြသည်။

“လက်ဆွဲနှုတ်ဆက်ဖို့၊ သူရောက်လာတဲ့အခါ ပူတင်ကို မျက်နှာကို ရိုက်ပုတ်လို့ မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကော်ဇောနီခင်းပြီး ဒူးထောက်နေတဲ့ စစ်သားတွေနဲ့ ဒီမြင်ကွင်းက ကြောက်စရာကောင်းတယ်၊ ဒါဟာအဓိပ္ပာယ်မရှိဘူး” ဟု အရှေ့ပိုင်း Donetsk ဒေသမှ အသက် ၅၀ အရွယ် စစ်မှုထမ်းဟောင်း Serhii Orlyk က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက