ဩဂုတ်လ (၂၀)ရက်။
ဆီဆိုင်မြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဆီဆိုင်မြို့ နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့တို့က ကျေးရွာတွေကို ဆက်တိုက် မီးရှို့နေတာ” လို့ ဆိုပါတယ်။
နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့တို့ဟာ ဒီကနေ့အချိန်အထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဖော်ပြထားပါတယ်။
အခုလို PNO ပြည်သူ့စစ်တပ်ဖွဲ့က ဩဂုတ်လ (၁၈)ရက်နေ့အထိ မီးရှို့ထားတာကြောင့် မီးလောင်နေတဲ့ ဗီဒီယိုဖိုင်ကို PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းနဲ့ သက်သေရယူနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီဗီဒီယိုဖိုင်ထဲမှာ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ စစ်ကောင်စီတပ်လက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့တာကြောင့် ကျေးရွာတွေ မီးလောင်နေတာကို့ တွေ့မြင်ရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း၊ နောင်ဗိုနဲ့ တပူးထိုရွာတွေက နေအိမ် (၁၀၀)ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
