နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးမြို့မြောက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ MSRF ထုတ်ပြန်

ဩဂုတ်လ (၂၁)ရက်။

မနေ့က ရေးမြို့မြောက်ပိုင်း အောင်သပြေကျေးရွာအနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ရေးမြို့မြောက်ပိုင်း အောင်သပြေရွာအနီးကို တပ်ရင်း(၃)ရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ။ မနက်ပိုင်းမှာ တကြိမ်နဲ့ ညနေပိုင်းမှာ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ခမရ(၅၈၈)၊ ခလရ(၁၀၆)နဲ့ အမတ(၃၁၇)တပ်ရင်း (၃)ရင်းနဲ့ အောင်သပြေရွာအနီး စစ်ကြောင်းထိုးလာခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ နံနက် (၉)နာရီ (၅၀)မိနစ်ကနေ နံနက် (၁၀)နာရီဝန်းကျင်အထိ တကြိမ်နဲ့ ညနေ (၅)နာရီကနေ (၅)နာရီ (၁၅)မိနစ်အထိ တကြိမ် ဖြစ်ပွားခဲ့တာလို့ ရေးသားထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးခဲ့ပြီး ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲမှာ KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁)က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ ရာမညမွန်တပ်တော်(RMA)နဲ့ KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ KNA တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 16 Views
ဩဂုတ်လ (၂၁)ရက်။ အကြမ်းဖက်စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)က မနေ့က ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ KNA အနေနဲ့
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်မယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 13 Views
ဩဂုတ်လ (၂၁)ရက်။ အခုနှစ်ကုန်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ကျင်းပပြုလုပ်သွားမယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ယူကရိန်းက ‘အပစ်အခတ်ရပ်စဲရေး’ လိုချင်တယ်၊ ပူတင်နဲ့ ထရန့်က ‘ငြိမ်းချမ်းရေး သဘောတူညီချက်’ လိုချင်တယ်။ ဒါက ကြီးမားတဲ့ ကွာခြားချက်ပါပဲ။

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 9 Views
CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၀ရက် ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြင်းဆိုလိုက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အမြဲတမ်း ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် တွန်းအားပေးမှုကို ထောက်ခံလိုက်ပါတယ်။ အမေရိကန်သမ္မတက မလိုအပ်ဘူးလို့
မြန်မာသတင်း

မော်လိုက်မြို့ရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 46 Views
ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူစောထီးမိသားစုဝင် (၁၉၀)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန် ဩဂုတ်လ (၂၀)ရက်။ ဩဂုတ်လ (၁၅)ရက်နေ့က မော်လိုက်မြို့နယ် ထော်သာရွာပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထော်သာရွာမှာ ပျူစောထီးခေါင်းဆောင် အဲပန်
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်တပ်ရဲ့ လုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူတွေ သတိချပ်ဖို့ NUG သတိပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 36 Views
ဩဂုတ်လ (၂၀)ရက်။ အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်တပ်ရဲ့ လုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေ သတိချပ်ကြဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing မှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ CRPH
မြန်မာသတင်း

ဒီမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်လာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 31 Views
ဩဂုတ်လ (၂၀)ရက်။ မနေ့ကစပြီး ကရင်နီပြည် ဒီမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့ ဒီမော့ဆိုတဝိုက်နဲ့ ဒီမော့ဆိုမြို့ကို ပြန်ရရှိဖို့ စစ်တပ်စစ်ကြောင်းတွေက ဩဂုတ်လ (၄)ရက်နေ့ကစပြီး လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်ခဲ့တာလို့
မြန်မာသတင်း

ဆီဆိုင်မြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးနေ

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 30 Views
ဩဂုတ်လ (၂၀)ရက်။ ဆီဆိုင်မြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆီဆိုင်မြို့ နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေ မပါဝင်ဘဲ ဆန့်ကျင်ကြဖို့ ICNCC တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်
  • 23 Views
ဩဂုတ်လ (၂၀)ရက်။ စစ်ကောင်စီကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ သူတို့ရဲ့ တရားမဝင်အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ကြံစည်ထားတာလို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှက်အနေနဲ့ တရားဝင်အစိုးရမဟုတ်သလို ဘယ်လိုရွေးကောက်ပွဲကိုမဆို ကျင်းပပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ စစ်ကော်မရှင်ဟာ အာဏာသိမ်းတဲ့အချိန်ကစပြီး