နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂုတ်ထိပ်တံတားကို TNLA မိုင်းခွဲဖျက်ဆီးတာဆိုပြီး စစ်တပ်စွပ်စွဲ

ဩဂုတ်လ (၂၅)ရက်။

မနေ့က နံနက်ပိုင်းအချိန်က နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတား မိုင်းခွဲခံရတဲ့အပေါ် TNLA ပြုလုပ်တာဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်စွပ်စွဲထားတယ်လို့ သိရပါတယ်။

“ မြန်မာနိုင်ငံရဲ့ အထင်ကရအမှတ်အသားနဲ့ ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတားကို TNLA က မိုင်းထောင်ဖျက်ဆီးခဲ့တာပါ” လို့ ဆိုပါတယ်။

ဂုတ်ထိပ်တံတား မိုင်းခွဲခံရတာကြောင့် ကျောက်မဲမြို့ဘက်ခြမ်းရှိ တံတားတိုင်အမှတ်(P-16)နဲ့ ကမ်းကပ်ခုံ(AB-2)နေရာအကြား ပေ(၆၀)အရှည်ရှိ တံတားသံပေါင်နေရာနဲ့ တံတားရဲ့ ကမ်းကပ်ခုံ(AB-2)တို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ ဂုတ်ထိပ်တံတား မိုင်းခွဲခံရတာကြောင့် ကန့်ကွက်ရှုတ်ချထားပြီး နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါသေးတယ်။

TNLA ဘက်ကတော့ ဂုတ်ထိပ်တံတားကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် ပျက်စီးခဲ့တာဖြစ်တယ်လို့ ပြောခွင့်ရလွေးယေဦးက အတည်ပြုပြောဆိုထားပါတယ်။

ဂုတ်ထိပ်တံတားဟာ နောင်ချိုနဲ့ ကျောက်မဲမြို့ကို ဆက်သွယ်ထားတဲ့ မန္တလေး-လားရှိုးရထားလမ်းပေါ် တည်ရှိပြီး ၁၈၉၉ခုနှစ်မှာ တည်ဆောက်ခဲ့ကာ ၁၉၀၀ပြည့်နှစ်မှာ ပြီးစီးခဲ့ပြီး ၁၉၀၃ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။

အဲ့ဒီတံတားက အရှည် ပေ(၂၂၆၀)ရှိပြီး ပင်လယ်ရေမျက်နှာပြင်ကနေ အမြင့်ပေ(၁၁၀၀)မှာရှိကာ နှစ်ပေါင် (၁၂၅)နှစ်သက်တမ်းရှိတဲ့ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး မီးရထားသံလမ်းတံတားဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ရှိ ကျေးရွာ(၂)ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ 

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 16 Views
ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စေတီပုထိုးနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ စက်တင်ဘာလ (၄)ရက်။ ဒီကနေ့ တရက်ထဲ ကျောက်မဲမြို့ရှိ ပန်သပြေရွာနဲ့ ပန်ကွမ်ရွာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 30 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 29 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စစ်တပ်က မတ္တရာရှိ ဆည်တော်ကြီး
မြန်မာသတင်း

KNU ရဲ့ ကော်သူးလေစာသင်ကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 24 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ ကော်သူးလေအလယ်တန်းကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီးအလယ်တန်းကျောင်းကို ကလေးတွေ
မြန်မာသတင်း

တရုတ်အနေနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုတာ ဆိုင်းငံ့ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ ငြင်းပယ်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 23 Views
စက်တင်ဘာလ (၄)ရက်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁)ရက်နေ့က တရုတ်အစိုးရထံ တိုက်တွန်းချက် (၃)ချက်ပါတဲ့ တိုက်တွန်းစာတစောင်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရထံ တိုက်တွန်းတဲ့စာကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 89 Views
စက်တင်ဘာလ (၃)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဘော်ကြိုရွာက ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့
မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 72 Views
စက်တင်ဘာလ (၃)ရက်။ ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကြားတာတော့ လူမျိုးရေးအကြောင်းပြ သီးသန့်ခွဲထွက်ပြီး တပ်ဖွဲ့ထောင်တာနဲ့ အမိန့်မနာခံလို့ဆိုပြီး
မြန်မာသတင်း

ဒီမော့ဆိုအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 68 Views
စက်တင်ဘာလ (၃)ရက်။ ဒီမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလတ်တလောကာလထဲ ဒီမော့ဆိုအနီးတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်သူတွေ