ဩဂုတ်လ (၂၆)ရက်။
မရာဒေသရှိ CDF-Mara ဌာနချုပ်ဧရိယာထဲကို ချင်းညီနောင်အပါအဝင် ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မရာဒေသက CDF-Mara ဌာနချုပ်ဧရိယာထဲကို ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ AA၊ CB နဲ့ MDF တပ်ဖွဲ့တွေက အင်အား (၂၀၀)လောက်နဲ့ ထိုးစစ်ဆင်လာတာပါ။ ဒါက CDF-Mara ဌာနချုပ်ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတာ” လို့ ဆိုပါတယ်။
မရာဒေသကို ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ AA၊ CB နဲ့ MDF တပ်ဖွဲ့တွေက အင်အား (၂၀၀)ခန့်နဲ့ CDF-Mara ဌာနချုပ်ကို သိမ်းပိုက်ရှင်းလင်းဖို့ ထိုးစစ်ဆင်လာတာလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဆော်မှိုင်တောင်ကြော့ မရာဒေသရှိ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာမလုပ်ဖို့အပါအဝင် လူ (၅)ဦးထက်မပိုတဲ့ လူစုလူဝေးမလုပ်ဖို့နဲ့ ကျောင်းတွေ ပိတ်ထားကြဖို့ CDF-Mara က အသိပေးထားပါတယ်။
ဒါ့အပြင် နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်မီအချိန်အထိ ဘယ်သူမဆို လိုက်နာဆောင်ရွက်ဖို့နဲ့ မလိုက်နာပါက မိမိတာဝန်သာဖြစ်တယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။
