နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

တရုတ်နှင့်အိန္ဒိယတို့သည် ‘မိတ်ဖက်ဖြစ်ပြီး ပြိုင်ဖက်မဟုတ်’ ဟုဆို

++++++++

သြဂုတ်လ (၃၁) ရက်။

နှစ်ရှည်လများ ဆက်တိုက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှု အပါအဝင် နှစ်ပေါင်းများစွာ တင်းမာမှုများ ဖြစ်ပွားပြီးနောက် ယခုအခါတွင် တရုတ်နှင့် အိန္ဒိယခေါင်းဆောင်များက ၎င်းတို့ကြားတွင် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာနေပြီဟု ဆိုသည်။

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာမိုဒီတို့သည် ဆိပ်ကမ်းမြို့ တီယန်ကျင်း (Tianjin) ရှိ ရှန်ဟိုင်း ကော်ပိုရေးရှင်းအဖွဲ့အစည်း (Shanghai Co-operation Organisation) (SCO) ၏ အစည်းဝေးဘေးတွင် တွေ့ဆုံခဲ့ကြသည်။ မိုဒီသည် တရုတ်နိုင်ငံသို့ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်။

တရုတ်နှင့် အိန္ဒိယတို့သည် ပြိုင်ဖက်များ မဟုတ်ဘဲ မိတ်ဖက်များ ဖြစ်သင့်သည်ဟု ရှီက မိုဒီအား ပြောကြားခဲ့ပြီး မိုဒီကလည်း ယခုအခါ ၎င်းတို့ကြားတွင် “ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုဝန်းကျင်” ရှိနေကြောင်း မိုဒီက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည်လည်း အစည်းဝေးပွဲကို တက်ရောက်လာခဲ့သည်။ ယခုနှစ်အတွင်း အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ရင်ဆိုင်နေရသည့် ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်သည်လည်း ဤထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဒေလီ၏ ရုရှားရေနံဆက်လက်ဝယ်ယူမှုအတွက် ဒဏ်ခတ်မှုအဖြစ် အိန္ဒိယကုန်ပစ္စည်းများအပေါ် ကြီးလေးသောအခွန်စည်းကြပ်မှုများ ချမှတ်ခဲ့ပြီး ပူတင်သည် ယူကရိန်းအပေါ် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်-အိန္ဒိယ ဆက်ဆံရေးသည် အရှိန်အဟုန် ဖြင့်တင်းမာလာသည်နှင့်အမျှ မိုဒီသည် ရှီနှင့် ပိုမိုနီးကပ်လာသည်။ နှစ်နိုင်ငံစလုံးသည် လူဦးရေအများဆုံးသာမက ကမ္ဘာပေါ်တွင် စီးပွားရေး အရအကြီးဆုံးနိုင်ငံနှစ်ခုလည်းဖြစ်သည်။

အိန္ဒိယနှင့် တရုတ်ကြား ပျံသန်းမှုများသည် ၎င်းတို့၏ ဟိမဝန္တာနယ်စပ်တွင် ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဆိုင်းငံ့ထားသော လေကြောင်းခရီးစဉ်များ ပြန်လည်စတင်မည်ဖြစ်ကြောင်း အချိန်သတ်မှတ်ချက် မပေးဘဲ မိုဒီက ကြေညာခဲ့သည်။

ရှီက “နှစ်ဘက်စလုံးက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မဟာဗျူဟာကျကျနဲ့ ရေရှည်ရှုထောင့်ကနေ ချဉ်းကပ်ပြီး ကိုင်တွယ်ဖို့ လိုအပ်တယ်” ဟု ဆိုခဲ့ပြီးနောက် “ဒါဟာ နှစ်ဖက်စလုံးအတွက် မှန်ကန်တဲ့မိတ်ဆွေဖြစ်ဖို့အတွက် ရွေးချယ်မှုပဲ” လို့ ရှီက ဆက်ပြောခဲ့ပါသည်။

SCO ထိပ်သီးအစည်းအဝေး ကိုယ်တိုင်က ကြီးမားသော သင်္ကေတဖြစ်သော်လည်း ခေါင်းဆောင်များအား ဘုံမကျေနပ်ချက်များနှင့် အကျိုးစီးပွားများကို မျှဝေခံစားခွင့်ပေးမည် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပေကျင်းတွင် ကြီးမားသော စစ်ရေးပြချီတက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ဧည့်သည်များ ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့တွင် ရုရှား၊ ပါကစ္စတန်နှင့် အီရန်တို့ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိပြီး ဆွေးနွေးဖက်များနှင့် လေ့လာသူ ၁၆ နိုင်ငံရှိသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် ပူတင်သည် တနင်္ဂနွေနေ့က တီယန်ကျင်းသို့ ရောက်ရှိလာပြီးသူ့အား ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သည်။

SCO ကို တရုတ်၊ ရုရှားနှင့် ဗဟိုအာရှနိုင်ငံ လေးနိုင်ငံတို့က ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နေတိုးကဲ့သို့သော အနောက်မဟာမိတ်အဖွဲ့များ၏ သြဇာလွှမ်းမိုးမှုကို ကန့်သတ်ရန် တန်ပြန်မှုတစ်ရပ်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။

ယခုနှစ် စုဝေးပွဲသည် စတင်တည်ထောင်ချိန်မှစ၍ အကြီးမားဆုံးဖြစ်သည်။

Tianjin အတွက်၊ ထိပ်သီးအစည်းအဝေးသည် အဓိကပွဲဖြစ်လာခဲ့ပြီး မြောက်ပိုင်း ဆိပ်ကမ်းမြို့ တစ်ခွင်တွင် အလံများ၊ ကြော်ငြာဆိုင်းဘုတ်များကိုကြော်ငြာထားခြင်းဖြင့် ထိပ်သီးဆွေးနွေးပွဲဖြစ်လာသည်။

ညဘက်တွင် မျှော်စင်တုံးများပေါ်တွင် ပြသထားသည့် မီးရောင်ရှိုးများကို ကြည့်ရှုရန် ဒေသခံ သောင်းနှင့်ချီသော ဒေသခံ ပရိသတ်များသည် မြစ်ကမ်းစပ်တွင် စုဝေးနေကြသည်။

လမ်းများ သည် လူများ ထူထပ်စွာ ရှိနေပြီး အထူးသဖြင့် သမိုင်းဝင် Jiefang တံတားနှင့် အနီးတဝိုက်တွင် လူများ သွားလာရွေ့လျားရန်ပင် ခက်ခဲစေသည်။

နေ့ခင်းဘက်တွင် ကမ္ဘာ့ခေါင်းဆောင်များ၏ မော်တော်ယဉ်များ အမြန်ဖြတ်သွားနိုင်ရန် လမ်းပိတ်ဆို့မှုများ ရှိလာသည့်အတွက် လမ်းသွားလမ်းလာများက စောင့်ဆိုင်းနေ ရလေ့ရှိသည်။

မြို့လယ်ဧရိယာတွင် အငှားယာဉ်များနှင့် အခြားကားအငှားဝန်ဆောင်မှုများကို ရပ်ဆိုင်း ထားသော်လည်း ယင်းက သမိုင်းဝင်အစည်းအဝေးတစ်ခုအဖြစ် ဖော်ပြထားသည့် လူအုပ်ကြီး၏ စိတ်အားထက်သန်မှုကို မထိခိုက်စေခဲ့ပေ။

သို့သော်လည်း ရဲတပ်ဖွဲ့က တီယန်ကျင်းတွင် နေထိုင်သူ ၁၃ သန်းကျော်ကို ဖြစ်နိုင်ပါက မြို့တွင်းသို့ လာရောက်လည်ပတ်သွားလာခြင်းမှ ရှောင်ကြဉ်ရန်နှင့် သူတို့ အနီးနားရှိ စျေးဆိုင်များတွင် ချက်ချင်းလိုအပ်သည့် ပစ္စည်းများကို ဝယ်ယူကြရန် ညွှန်ကြားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက