နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထားဝယ်မြို့ကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား(၄)ဦးကို KNLA ဖမ်းမိခဲ့

စက်တင်ဘာလ (၂)ရက်။

ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ထားဝယ်မြို့ကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား (၄)ဦးကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့ မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ ထားဝယ်ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းကနေ ခလရ(၂၈၂)တပ်ရင်းက တပ်သား (၄)ဦးကို ဝကုန်းရွာအနီးမှာ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တာ” လို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား (၄)ဦးဟာ ခလရ(၂၈၂)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)ရဲ့ တပ်ခွဲ(၄)က ဝကုန်းရွာအနီးမှာ ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖမ်းမိခဲ့တဲ့ တပ်သားတွေဆီကနေ MA-1 (၄)လက်၊ ကျည်ဆန် (၁၀၃၀)တောင့်နဲ့ ကျည်ဘောက် (၁၆)ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လဲ ဖော်ပြ‌ထားပါတယ်။

အခုအခါ စစ်မြေပြင်မှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို KNLA က စည်းမျဉ်းစည်းကမ်း၊ စစ်မြေပြင် စည်းမျဉ်းစည်းကမ်းနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ရှိ ကျေးရွာ(၂)ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ 

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 37 Views
ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စေတီပုထိုးနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ စက်တင်ဘာလ (၄)ရက်။ ဒီကနေ့ တရက်ထဲ ကျောက်မဲမြို့ရှိ ပန်သပြေရွာနဲ့ ပန်ကွမ်ရွာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 45 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 44 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စစ်တပ်က မတ္တရာရှိ ဆည်တော်ကြီး
မြန်မာသတင်း

KNU ရဲ့ ကော်သူးလေစာသင်ကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 34 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ ကော်သူးလေအလယ်တန်းကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီးအလယ်တန်းကျောင်းကို ကလေးတွေ
မြန်မာသတင်း

တရုတ်အနေနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုတာ ဆိုင်းငံ့ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ ငြင်းပယ်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 33 Views
စက်တင်ဘာလ (၄)ရက်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁)ရက်နေ့က တရုတ်အစိုးရထံ တိုက်တွန်းချက် (၃)ချက်ပါတဲ့ တိုက်တွန်းစာတစောင်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရထံ တိုက်တွန်းတဲ့စာကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 101 Views
စက်တင်ဘာလ (၃)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဘော်ကြိုရွာက ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့
မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 82 Views
စက်တင်ဘာလ (၃)ရက်။ ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကြားတာတော့ လူမျိုးရေးအကြောင်းပြ သီးသန့်ခွဲထွက်ပြီး တပ်ဖွဲ့ထောင်တာနဲ့ အမိန့်မနာခံလို့ဆိုပြီး
မြန်မာသတင်း

ဒီမော့ဆိုအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 79 Views
စက်တင်ဘာလ (၃)ရက်။ ဒီမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလတ်တလောကာလထဲ ဒီမော့ဆိုအနီးတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်သူတွေ