နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

စက်တင်ဘာလ (၃)ရက်။

ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“ ကြားတာတော့ လူမျိုးရေးအကြောင်းပြ သီးသန့်ခွဲထွက်ပြီး တပ်ဖွဲ့ထောင်တာနဲ့ အမိန့်မနာခံလို့ဆိုပြီး HPDF(124)က ခေါင်းဆောင် စိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ကျော်ကို NUG တပ်ရင်းတွေက ဝင်ဖမ်းတာလို့ ပြောတယ်။ အသေးစိတ်တော့ သေချာမသိရသေးဘူး” လို့ ဆိုပါတယ်။

ဟုမ္မလင်း-PDF(HPDF-124)က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ခန့်ကို လူမျိုးရေးအကြောင်းပြုပြီး ရှမ်းနီ-PDF တည်ထောင်ဖို့ ကြိုးစားတာကြောင့်ဆိုကာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ကိုစိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ခန့်ကို NUG လက်အောက်ခံ အမှတ်(၁)စစ်ဒေသရဲ့ ညွှန်ကြားချက်နဲ့ ဩဂုတ်လ (၂၇)ရက်နေ့က မြို့နယ်ပကဖနဲ့ ပလဖအပါအဝင် ခရိုင်တပ်ရင်းတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ‌သူက ဆက်ပြောပါတယ်။

နောက်ပြီး ကိုစိုင်းအောင်နဲ့ တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးသလို သက်ဆိုင်ရာတပ်ဖွဲ့ဘက်ကလဲ ပြောဆိုထားတာမရှိသေးပါဘူး။

ဒါ့အပြင် HPDF-124 ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ခန္တီးခရိုင်တပ်ရင်း(၃)က ထွက်ပြေးတိမ်းရှောင်နေတဲ့ တပ်ပြေးနဲ့ ခွင့်လွန် ရဲဘော်တွေအားလုံး သိစေဖို့ဆိုပြီး သတိပေးထုတ်ပြန်စာကို မနေ့က ဖော်ပြထားပါတယ်။

အဲ့ဒီတပ်ပြေးနဲ့ ခွင့်လွန် ရဲဘော်တွေအနေနဲ့ သတိပေးစာထုတ်ပြန်တဲ့နေ့ကစပြီး စက်တင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထားကာ တပ်ရင်းကို လာရောက်သတင်းပို့ဖို့ အသိပေးထားပါတယ်။

သတ်မှတ်ရက်ထဲ လာရောက်သတင်းမပို့ရင် ဖမ်းဝရမ်းထုတ်ကာ တပ်ပြေးဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 32 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 151 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 34 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 23 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 42 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက