နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား အမေရိကန်

ရှီ၏ စစ်ရေးပြအခမ်းအနားသည် တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့အား ကြည့်ရှုရန် ဒီဇိုင်းထုတ်ထားကြောင်း ထရန့်က ပြောကြားခဲ့သည်။

CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ရက်

“ သူတို့လုပ်ရတဲ့ အကြောင်းရင်းကို ကျွန်တော် နားလည်ပါတယ်၊ သူတို့က သူတို့ပွဲကို ကျွန်တော်က ကြည့်နေမယ်လို့ မျှော်လင့်ထားပုံရပါတယ်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားသမတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့နှင့်အတူ ရပ်နေသည့် အခမ်းအနားနှင့်ပတ်သက်၍ ထရန့်က ပြောကြားခဲ့သည်။

“ သူတို့အားလုံးနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ နောက်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်အတွင်း ဘယ်လောက်ကောင်းလဲဆိုတာကို ကျွန်တော်တို့ တွေရတော့မှာပါ” ဟု ပိုလန်သမ္မတနှင့် သမတ၏ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံစဉ် ထရန့်က ပြောကြားခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့်လက အလက်စကာတွင် ရုရှားသမ္မတပူတင်ကို တွေ့ဆုံခဲ့ပြီးနောက် ယူကရိန်းတွင် ရုရှား၏စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးရန် အိမ်ဖြူတော်တွင် ဥရောပခေါင်းဆောင်များနှင့်အတူ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးတို့ တွေ့ဆုံခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အရှိန်အဟုန်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသော ထရန့် သည် သူ့အနေနှင့်မည်ကဲ့သို့ ပုဂ္ဂိုလ်ရေးအရ ပါဝင်သင့်သည်ကို ချိန်ဆနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ပူတင်သည် ယခုသီတင်းပတ်အတွင်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပွေ့ဖက်လက်ခံခြင်းကို ခံရသည်။ တရုတ်တွင် ပြသသည့်ပွဲသည် ထရန့်ကို သတိထားမိစေခဲ့သည်။ ထရန့်က အင်္ဂါနေ့က ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့ပြီး ရှီအား သူ့အနေနှင့် ပူတင်နှင့် ကင်တို့က အမေရိကန်ကို “ဆန့်ကျင်ရန်” ကြံစည်နေသော်လည်း သူက “နွေးထွေးစွာ နှုတ်ဆက်ကြောင်း” ကို ပြောပေးရန် ရေးသားခဲ့သည်။ ထရန့်က သူ့အနေနှင့် ၎င်းသည် “ လှပသောအခမ်းအနား” ဖြစ်ပြီး “ အလွန်အထင်ကြီးစရာ” ဟု သူထင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ တီနန်မင်ဂိတ်ရှေ့မှာ ကျင်းပသည့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ တရုတ်တပ်မတော်သားများက ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ Alexander Kazakov/AP (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်