နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဘန့်စီ (Banksy) ၏ တရားသူကြီးက ဆန္ဒပြသူကို ရိုက်နှက်နေသည့် နံရံပန်းချီအား လန်ဒန်တရားရုံးမှ ဖျက်ပစ်

လန်ဒန်၊ AP — တရားသူကြီးတစ်ဦးက ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်နေသည့် ဘန့်စီ ၏ နံရံဆေးရေးပန်းချီကို တရားရုံးနံရံတစ်ခုပေါ်တွင် ရေးဆွဲခဲ့ရာ ၎င်းသည် ဖယ်ရှားခံရမည့် အခြေအနေဖြစ်လာခဲ့သည်။

ပဟေဠိဆန်သည့် အနုပညာရှင် ဘန့်စီ ၏ အခြားသော အငြင်းပွားဖွယ်ရာ လက်ရာများသည် တစ်ခါတစ်ရံ ခိုးယူခံရခြင်း၊ သို့မဟုတ် ဂရုတစိုက် ဖယ်ရှားကာ ပြခန်းများတွင် ပြသခြင်း သို့မဟုတ် ဒေါ်လာသန်းပေါင်းများစွာဖြင့် လေလံတင်ရောင်းချခြင်းများ ပြုလုပ်ခံရလေ့ ရှိသော်လည်း ၎င်း၏ နောက်ဆုံးလက်ရာမှာ ဗုဒ္ဓဟူးနေ့တွင် ဖျက်ပစ်ခြင်း ခံခဲ့ရသည်။

ရိုးရာဝတ်စုံနှင့် ဆံပင်တုဝတ်ထားသည့် တရားသူကြီးတစ်ဦးက ဆန္ဒပြသူတစ်ဦးကို တရားရုံး သုံးတူဖြင့် ရိုက်နှက်နေသည့် stencil ပန်းချီကားကို သင်္ကေတတစ်ခုဖြစ်သည့် တော်ဝင်တရားရုံး(Royal Courts of Justice) ၏ နံရံမှ ဖျက်ပစ်ခဲ့သည်။

ယင်းအဆောက်အအုံသည် သမိုင်းဝင် အဆောက်အအုံဖြစ်ပြီး မူလပုံစံအတိုင်း ထိန်းသိမ်း ထားရမည်ဖြစ်သောကြောင့် ယင်းပန်းချီကားကို ဖယ်ရှားရန် အမိန့်မှာ လွန်ခဲ့သည့် ၁၄၃ နှစ်က တည်ဆောက်ခဲ့သည့် ဗစ်တိုးရီးယားခေတ် gothic revival ပုံစံ အဆောက်အအုံ၏ အုပ်ချုပ်ရေးမှူးများထံမှ လာခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

ယင်းလက်ရာသည် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း တိုင်ကြားစာတစ်ခုအား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးနေသည်ဟု မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘန့်စီ ၏ ပြောရေးဆိုခွင့်ရှိသူသည် မှတ်ချက်ပေးရန် တောင်းဆိုသည့် အီးမေးလ်ကို ချက်ချင်းပြန်ကြားခဲ့ခြင်း မရှိပေ။

ယင်းလက်ရာသည် တနင်္လာနေ့တွင် ပေါ်လာခဲ့ပြီး ဘန့်စီ က ၎င်း၏ Instagram တွင် ဓာတ်ပုံတင်ပြီးနောက် ချက်ချင်းပင် ဖုံးအုပ်ထားခဲ့သည်။ ၎င်းသည် ၎င်း၏ လက်ရာကို အတည်ပြုရန် ပုံမှန်အသုံးပြုသည့် နည်းလမ်းဖြစ်သည်။

အများပြည်သူကို ၎င်းသည်မည်သူမည်ဝါဖြင့်ကြောင်းအချက်အလက်များကို တစ်ခါမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသည့် အဆိုပါလှို့ဝှက် အနုပညာရှင်သည် ပြောင်းရွှေ့ နေထိုင်မှုနှင့် စစ်ပွဲဆိုင်ရာ အစိုးရ၏ မူဝါဒများကို ဝေဖန်ခြင်းကြောင့် လူသိများသည်။

ယင်းအနုပညာလက်ရာသည် သီးခြားဖြစ်ရပ်တစ်ခု သို့မဟုတ် အကြောင်းတရားတစ်ခုကို ထင်ရှားစွာ ရည်ညွှန်းခြင်းမရှိသော်လည်း အချို့သော တက်ကြွလှုပ်ရှားသူများက ၎င်းသည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် ပါလက်စတိုင်းလှုပ်ရှားမှု(Palestine Action) အဖွဲ့အပေါ် ဗြိတိန်အစိုးရ၏ ပိတ်ပင်မှုကို ဝေဖန်ပြောဆိုခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

စနေနေ့တွင် ယင်းပိတ်ပင်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုတွင် လန်ဒန်၌ လူ ၉၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ တရားရုံးသည် အယူခံတရားရုံး(Court of Appeal) နှင့် အထက်တရားရုံး(High Court) တို့၏ ရုံးစိုက်ရာဖြစ်ပြီး Palestine Action ၏ ပိတ်ပင်မှုကို အယူခံဝင်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ၎င်းတို့နှစ်ခုစလုံးက အရေးယူဆောင်ရွက်ခဲ့သည်။ အယူခံတရားသူကြီးများက အဆိုပါ အဖွဲ့အစည်း၏ အယူခံဝင်ရန် တောင်းဆိုမှုကို မူလက ပယ်ချခဲ့သည်။ အထက်တရားရုံး တရားသူကြီးက ဆက်လက်ဆောင်ရွက်ခွင့် ပြုခဲ့သော် လည်းအစိုးရက ထိုဆုံးဖြတ်ချက်ကို စိန်ခေါ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 103 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 19 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 62 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး