နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း စစ်သုံ့ပန်းကို ပစ်သတ်မှုဖြင့် ရုရှားစစ်သားအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်

ယူကရိန်း တရားရုံးတစ်ခုက ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခု၌ ယူကရိန်း စစ်သုံ့ပန်းတစ်ဦးကို သတ်ဖြတ်မှုဖြင့် ရုရှားစစ်သားတစ်ဦးကို အပြစ်ရှိကြောင်း တွေ့ရှိရပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည် ဤကဲ့သို့သော စီရင်ချက် သည် ပထမဆုံး ဖြစ်သည်။

ဒီမီထရီ ကူရာရှော့ဗ် (Dmitriy Kurashov)၊ အသက် ၂၇ နှစ်အား ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ရှား (Zaporizhzhia) မြို့ရှိ တရားရုံးတစ်ခုက ၎င်း၏ တပ်ဖွဲ့ထံ လက်နက်ချခဲ့သော ယူကရိန်းစစ်သားတစ်ဦးကို ပစ်သတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း၏ လုံခြုံရေးဝန်ဆောင်မှုဌာန (security service)ပြောကြားချက် အရ ကူရာရှော့ဗ် သည် ယခင်က ရုရှားအကျဉ်းထောင်တွင် ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ဖူး ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန်အတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်မှုထမ်းရန် စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။

တရားရုံး၏ တွေ့ရှိချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် ဇာပိုရစ်ရှားတိုင်းဒေသကြီး အတွင်းရှိ ပရီယတ်နီ (Pryiutne) ရွာအနီး တိုက်ခိုက်မှုတစ်ခုအတွင်း ကူရာရှော့ဗ်သည် ယူကရိန်းစစ်သားကို အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည်။


လက်နက်ချပြီးနောက် ပစ်သတ်ခံရခြင်း

လုံခြုံရေးဝန်ဆောင်မှုဌာန၏ ပြောကြားချက်အရ အဆိုပါစစ်သားသည် တိုက်ပွဲအတွင်း ခဲယမ်းမီးကျောက်ကုန်သွားပြီးနောက် လက်နက်ချခဲ့ခြင်းဖြစ်သည်။ အစိုးရရှေ့နေ၏ ပြောကြားချက်အရ ယူကရိန်းစစ်သားသည် မြေအောက်တူးထားသော တဲမှ လက်နက်မဲ့ဖြင့် ထွက်လာပြီး လက်နှစ်ဖက်မြှောက်ကာ လက်နက်ချကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ ရုရှားစစ်သား၏ တောင်းဆိုချက်အရ ဒူးထောက်လိုက်သော်လည်း အော်တိုမက်တစ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာမှာပင် သေဆုံးခဲ့သည် ဟု သိရသည်။

သီးခြားအမှုတစ်ခုတွင် ၂၀၂၂ ခုနှစ် မတ်လက ကိယက်ဗ်တိုင်းဒေသကြီး၊ ဘူချာခရိုင် (Bucha district) ရှိ ဘလစ်စတာဗစ်ဆီ (Blystavitsy) ရွာရှိ အိမ်တစ်လုံးကို လုယက်မှုဖြင့် စွပ်စွဲခံခဲ့ရသော ရုရှားစစ်သားတစ်ဦးမှာမူ သက်သေအထောက်အထား မလုံလောက်ခြင်း ကြောင့် အပြစ်မရှိကြောင်း တွေ့ရှိခဲ့ရသည်။

ကူရာရှော့ဗ်အား ပြစ်ဒဏ်ချမှတ်ခြင်းသည် စစ်ပွဲစတင်ကတည်းက ဖမ်းဆီးရမိသော ယူကရိန်းစစ်သားကို သတ်ဖြတ်မှုဖြင့် ရုရှားစစ်သားတစ်ဦးအားထောင်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သမိုင်းတွင် မပေါ်ပေါက်ဖူးသေးသော စီရင်ချက်ဖြစ်သည်။


စစ်သုံ့ပန်းများ သတ်ဖြတ်ခံရမှု စာရင်းဇယားများ

ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်း စစ်သုံ့ပန်း အများအပြားကို သတ်ဖြတ်ခဲ့ကြောင်း ကိယက်ဗ်က ပြောကြားသော်လည်း ယခုအချိန်အထိ ဥပဒေအရ အကျိုးဆက်များ မရှိခဲ့ ပါ။

ယခုနှစ် အစောပိုင်းတွင် ယူကရိန်း ရှေ့နေချုပ်ရုံးက မေလ ၅ ရက်အထိ ယူကရိန်း စစ်သုံ့ပန်း ၂၆၈ ဦးကို ကွပ်မျက်ခံခဲ့ရသည်ဟု သံသယရှိသည့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှု ၇၅ ခု ကို ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း စစ်သုံ့ပန်းများအား စွပ်စွဲသတ်ဖြတ်မှု အရေအတွက် တိုးလာနေကြောင်းလည်း ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် စစ်သား ၅၇ ဦး ပါဝင်သည့် အမှု ရှစ်မှု၊ ၂၀၂၃ ခုနှစ်တွင် စစ်သား ၁၁ ဦး ပါဝင်သည့် အမှု ရှစ်မှု၊ ၂၀၂၄ ခုနှစ်တွင် စစ်သား ၁၄၉ ဦး ပါဝင်သည့် အမှု ၃၉ မှု၊ နှင့် ယခုနှစ် မေလ ၅ ရက်အထိ စစ်သား ၅၁ ဦး ပါဝင်သည့် အမှု ၂၀ တို့ ဖြစ်သည်။

(ပုံ) ရုရှားစစ်သား ဒီမီထရီ ကူရာရှော့ဗ် (Dmitriy Kurashov)၊ အသက် ၂၇ နှစ်အားယူကရိန်းစစ်သုံ့ပန်းကိုသတ်ဖြတ်မှုဖြင့်ရုံးတင်စစ်ဆေးနေစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာပစ်မှတ်များ ဟုဆိုကာ လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ စတင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 16 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၇) ရက် အစ္စရေးစစ်တပ်သည် ကြာသပတေးနေ့က လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ ယင်းသည် စစ်သွေးကြွအဖွဲ့က ဒေသတွင်း
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 18 Views
CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင် ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ပြီးခဲ့သည့်လက အလျင်အမြန် မြင့်တက်လာ၊ ၂၂ နှစ်အတွင်း အောက်တိုဘာလတွင် အဆိုးရွားဆုံးဖြစ်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 18 Views
CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် ဝါရှင်တန်။ ဉာဏ်ရည်တု (AI)အစားထိုးသုံးစွဲမှု က အလုပ်သမားဈေးကွက်ကို ဆက်လက် ထိခိုက်စေကြောင့် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် အလျင်အမြန် မြင့်တက် လာခဲ့သည်။ ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေဇုန် (Amazon) မှ ဝန်ထမ်း ၁၄,၀၀၀ ကို ထုတ်ပယ်ခြင်းသည် ငွေကြေးကြောင့် မဟုတ်ဘဲ ‘ယဉ်ကျေးမှု’ ကြောင့် ဖြစ်သည်ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 21 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် နယူးယောက် — အမေဇုန်၏ အမှုဆောင်အရာရှိချုပ် (CEO) အန်ဒီ ဂျက်ဆီ (Andy Jassy) ၏ ကုမ္ပဏီမှ ဝန်ထမ်း ၁၄,၀၀၀ ကို အဘယ်ကြောင့် လျှော့ချရသည်
နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ ရှယ်ယာရှင်များက အီလွန် မတ်စ် (Elon Musk) ကို ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လစာသတ်မှတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 21 Views
CNN – နိုဝင်ဘာ ၇၊ ၂၀၂၅ တက်စလာ ရှယ်ယာရှင်များက ကြာသပတေးနေ့က အတည်ပြုလိုက်သော လစာသတ်မှတ် ချက်ကို ရရှိသွားသောကြောင့် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသော တက်စလာ ၏ စီအီးအို (CEO) အီလွန်
နိုင်ငံတကာသတင်း အမေရိကန်

၂၀၂၅ခုနှစ်၊ နယူးယောက်၊ နယူးဂျာစီနှင့် ဗာဂျီးနီးယား ရွေးကောက်ပွဲရလဒ်များ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 31 Views
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင် အဓိကရွေးကောက်ပွဲများ ကျင်းပခဲ့ရာ၊ ဒီမိုကရက်တစ်ပါတီဝင်များက အရေးပါသော ရာထူးနေရာများစွာကို အနိုင်ရရှိခဲ့ပါသည်။ နယူးယောက် (New York)ရာထူးအမည်။
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်၏ ထိပ်တန်းရှေ့နေဖြစ်သူ အမျိုးသမီးစစ်ဗိုလ်ချုပ် အီဖက်တိုမီယူဆလာမီ (Maj Gen Yifat Tomer-Yerushalmi) အရေးယူခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 49 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၄ရက်။ ပါလက်စတိုင်းအကျဥ်းသားများကိုလိင်မှုဆိုင်ရာအစ္စရေးစစ်တပ်မှကျူးလွန်မှုကိုဖွင့်ချလိုက်ခြင်းကြောင့် ဟုဆို။ CNN နှင့် အခြားသတင်းဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည့် သတင်းအချက် အလက်များကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြထားပါသည်။ ၁။ စွပ်စွဲချက်များနှင့် CNN ၏ ဖော်ပြချက်
နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 35 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government Shutdown) ဆက်လက် ရပ်ဆိုင်းနေပြီး၊ ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များကြား အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။ သမ္မတဟောင်း