နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်

ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနှင့် နယ်စပ်ဖြတ်ကျော်ဂိတ်များကို ပိတ်လိုက်ပြီဖြစ်သည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ နယ်စပ်ဂိတ်များကို နောက်ထပ် အကြောင်းကြားစာ မထွက်မချင်း ပိတ်ထားမည်ဖြစ်သည်။

ယင်းမတိုင်မီက ထိုင်းဝန်ကြီးချုပ် အနူတင် ချန်းဗီရာကူလ် က ကမ္ဘောဒီးယားသည် ၎င်း၏ တပ်ဖွဲ့အားလုံးကို ရုပ်သိမ်းပြီး မိုင်းများ ဖယ်ရှားပြီးမှသာ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မည် ဖြစ်ကြောင်း ထရန့်အား ပြောကြားခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်စလုံးက ဗုံးကြဲတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းပို့ခဲ့ပြီး၊ ထိုင်းအရာရှိများက စနေနေ့တွင် စစ်သားလေးဦး သေဆုံးခဲ့သည်ဟု ပြောသည်။ ကမ္ဘောဒီးယားကမူ ၎င်း၏ စစ်ဘက်ဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှု စာရင်းကို အပ်ဒိတ်မလုပ်သေးပါ။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းတိုက်လေယာဉ်များက ဟိုတယ် အဆောက်အအုံများနှင့် တံတားတစ်စင်းကို ဗုံးကြဲခဲ့သည်ဟု ပြောကြားခဲ့သော်လည်း၊ ထိုင်းကမူ ကမ္ဘောဒီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သတင်းပို့ခဲ့သည်။

စနေနေ့တွင် သေဆုံးခဲ့သည့် လေးဦးကြောင့် ထိုင်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ စုစုပေါင်း သေဆုံးသူအရေအတွက်သည် တနင်္လာနေ့မှစ၍ ၁၅ ဦး အထိ ရှိလာခဲ့ပြီး၊ ၂၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အရပ်သား ခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းက ထပ်လောင်းပြောသည်။

သောကြာနေ့တွင် ကမ္ဘောဒီးယားက အနည်းဆုံး အရပ်သား ၁၁ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နယ်စပ်နှစ်ဖက်စလုံးတွင် လူပေါင်း ၇၀၀,၀၀၀ ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ရှုပ်ထွေးမှု

ထရန့်သည် ယခုသီတင်းပတ်အစောပိုင်းတွင် ဖုန်းတစ်လုံးကိုင်ရုံဖြင့် တနင်္လာနေ့က စတင် ဖြစ်ပွားခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များအကြား တိုက်ပွဲများကို ရပ်တန့်နိုင်သည်ဟု ပြောဆိုခဲ့သည်။

သောကြာနေ့ညက ဝန်ကြီးချုပ်နှစ်ဦးစလုံးနှင့် စကားပြောဆိုပြီးနောက် သူက ဆိုရှယ်မီဒီယာ တွင် နှစ်နိုင်ငံသည် “ ယနေ့ညမှစ၍ ပစ်ခတ်မှုများ ရပ်စဲရန်” နှင့် ပြီးခဲ့သည့် အောက်တိုဘာ လတွင် အမေရိကန်သမ္မတရှေ့၌ လက်မှတ်ထိုးခဲ့သည့် သဘောတူညီချက်သို့ ပြန်သွားရန် သဘောတူညီခဲ့သည်ဟု ရေးသားခဲ့သည်။

နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပါပြီ” ဟု သူက ရေးသားခဲ့သည်။

သို့သော် အမေရိကန်သမ္မတနှင့် စကားပြောဆိုပြီးနောက် နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သည့် မှတ်ချက်များတွင် နီးစပ်သည့် အပစ်အခတ်ရပ်စဲရေးအကြောင်းကို မည်သူမျှ ဖော်ပြခြင်း မရှိပါ။

အနူတင်က ထိုင်းသည် ကျူးကျော်သူမဟုတ်ကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် အပစ်အခတ် ရပ်စဲရေး မဖြစ်နိုင်မီ နယ်စပ်မှ ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းပြီး မိုင်းများကို ဖယ်ရှားကြောင်း ပြသရမည်ဖြစ်ကြောင်း ထရန့်အား ပြောကြားခဲ့သည်ဟု ဆိုသည်။

သူတို့ အရင်ပြသရမယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယားခေါင်းဆောင်ပိုင်းကမူ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဆက်လက်တိုက်ပွဲဝင်ရမည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လကကဲ့သို့ နှစ်ဖက်စလုံးကို တပ်ခွဲထုတ်ရန်အတွက် အခွန်အကောက်များကို အကျိုးရှိအောင် အသုံးချခြင်း (tariffs as leverage) အကြောင်းကိုမူ ဖော်ပြခြင်း မရှိပါ။ ထိုင်းက ပဋိပက္ခကို ကုန်သွယ်မှုနှင့် ချိတ်ဆက်ခြင်း မပြုလုပ်ရန် အမေရိကန်အား သတိပေး ထားသည်။

တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား

စနေနေ့တွင် ကမ္ဘောဒီးယားက ထိုင်းလေကြောင်းတိုက်ခိုက်မှုများ ထပ်မံခံခဲ့ရကြောင်း သတင်းပို့ခဲ့သည်။

“ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းစစ်တပ်က F-16 တိုက်လေယာဉ်နှစ်စင်း ကို အသုံးပြုပြီး ပစ်မှတ်များစွာကို ဗုံးခုနစ်လုံး ကြဲချခဲ့ပါတယ်” ဟု ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက X (ယခင် Twitter) ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

“ ထိုင်းစစ်လေယာဉ်တွေဟာ ဗုံးကြဲတာကို မရပ်သေးပါဘူး” ဟုလည်း ဖော်ပြခဲ့သည်။

ထိုင်းစစ်တပ်ကလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း အတည်ပြုခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော နယ်စပ်အငြင်းပွားမှုသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံအတွင်းသို့ ဒုံးကျည်များ ပစ်ခတ်လိုက်ရာမှ အရှိန်မြှင့်လာခဲ့ပြီး၊ ထိုင်းက လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။

နှစ်နိုင်ငံစလုံးက တိုက်ခိုက်မှုများကို စတင်ခဲ့ကြောင်း တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲနေကြသည်။

ရက်ပေါင်းများစွာ ပြင်းထန်သော တိုက်ပွဲများအပြီး လူဆယ်ဂဏန်း သေဆုံးခဲ့ပြီးနောက် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများက ထရန့်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့၏ ကြားဝင်စေ့စပ်မှုဖြင့် “ ချက်ချင်း အတားအဆီးမရှိ အပစ်အခတ်ရပ်စဲရန်” သဘောတူညီခဲ့ကြသည်။ ဤသဘောတူညီချက်ကို အောက်တိုဘာလတွင် အမေရိကန် သမ္မတက ဦးဆောင်သည့် မလေးရှားနိုင်ငံမှ အခမ်းအနားတစ်ခုတွင် တရားဝင် ပြုလုပ်ခဲ့သည်။

သို့သော် နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲမှုများ ဆက်လက်ဖလှယ်ခဲ့ကြပြီး၊ ထိုင်းက ကမ္ဘောဒီးယားတပ်များက မိုင်းထောင် နေကြောင်း အထောက်အထားများ ထုတ်ပြန်ခဲ့သည်။ ယင်းမိုင်းများကြောင့် ထိုင်းစစ်သား ခုနစ်ဦး ခြေလက်များ ဆုံးရှုံးခဲ့ရသည်။ ကမ္ဘောဒီးယားကမူ ထိုမိုင်းများသည် ၁၉၈၀ ပြည့်လွန်နှစ်များက ပြည်တွင်းစစ်မှ ကျန်ရှိနေသည့် မိုင်းများဖြစ်သည်ဟု ပြောသည်။

ထိုအချိန်မှစ၍ တင်းမာမှုများ ဆက်လက်မြင့်တက်လာခဲ့သည်။ ယခုသီတင်းပတ်တွင် ထိုင်းစစ်သားနှစ်ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိတွေ့တိုက်ပွဲငယ်တစ်ခုတွင် ဒဏ်ရာရရှိ ခဲ့ပြီးနောက် ထိုင်းက ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ သည်။ ကမ္ဘောဒီးယားက ဒုံးကျည်များဖြင့် တုံ့ပြန်ခဲ့သည်။ တိုက်ပွဲများသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်ခြောက်ခုနှင့် ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပြည်နယ်ခြောက်ခုကို ထိခိုက်ခဲ့သည်။

နှစ်နိုင်ငံသည် ၎င်းတို့၏ ၈၀၀ ကီလိုမီတာ ရှည်လျားသော ကုန်းမြေနယ်နိမိတ်ကို နှစ်ပေါင်းတစ်ရာကျော်ကြာ အငြင်းပွားနေခဲ့ကြခြင်းဖြစ်သည်။ နယ်နိမိတ်ကို ၁၉၀၇ ခုနှစ်တွင် ပြင်သစ်သည် ကမ္ဘောဒီးယား၏ ကိုလိုနီအုပ်ချုပ်သူဖြစ်စဉ်က ပြင်သစ်မြေပုံဆွဲပညာရှင်များက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ