နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဆာဗေးဒိုး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံသားများက အမေရိကန်တရားရုံးတွင် ပြည်နှင်ဒဏ်ကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းခြင်း

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်

ရိုက်တာသတင်း။ အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စုသည် ၎င်းတို့အား ပြည်နှင်ဒဏ် ပေးခဲ့မှုအပေါ် အမေရိကန်တရားရုံးများတွင် ပြန်လည်စိန်ခေါ်ခွင့်ပြုသည့် စီရင်ချက်ကို လိုက်နာရန် အမေရိကန်အစိုးရအား သောကြာနေ့တွင် တောင်းဆိုလိုက်သည်။

အမေရိကန်တရားသူကြီး ဂျိမ်းစ်ဘိုးစ်ဘာ့ဂ် (James Boasberg) က သမ္မတ ဒေါ်နယ်ထရန့် အစိုးရအနေဖြင့် အယ်ဆာဗေးဒိုးသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည့် ရာနှင့်ချီသော ဗင်နီဇွဲလား နိုင်ငံသားများ ပြန်လည်ရောက်ရှိလာနိုင်ရေးအတွက် အရေးပေါ် စီစဉ်ပေးရမည်ဟု ယခုအပတ်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ၎င်းတို့ကို ပြည်နှင်ဒဏ်ပေးခြင်းသည် တရားဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများ (due process rights) ကို ချိုးဖောက်ရာရောက်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ပြည်နှင်ဒဏ်ပေးမှုကို တရားရုံးတွင် ပြန်လည်စိန်ခေါ်ပိုင်ခွင့်ရှိကြောင်း တရားသူကြီးက ဆိုသည်။

အဆိုပါ စီရင်ချက်အရ ထရန့်အစိုးရသည် ၎င်းတို့အား နှစ်ပတ်အတွင်း ပြန်လည်ခေါ်ယူနိုင်မည့် အစီအစဉ်တစ်ခုကို တရားရုံးသို့ တင်ပြရမည် ဖြစ်သည်။

“ တရားရုံးရဲ့ စီရင်ချက်က အခု ကျွန်တော်တို့ကို အမေရိကန်ပြည်ထောင်စုရဲ့ တည်ဆဲဥပဒေ တွေနဲ့ အညီ တရားမျှတတဲ့ ကြားနာစစ်ဆေးမှု ခံယူခွင့်ပေးဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါ တယ်” ဟု ယခင်က အကျဉ်းကျခံခဲ့ရသူ အကျဉ်းသားဟောင်း ၂၅၂ ဦးကိုယ်စား ရက်ကွီဘယ် ပန်နာလိုဇာ(Ysqueibel Peñaloza) က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့အနေနဲ့ အမေရိကန်နဲ့ အယ်ဆာဗေးဒိုး အစိုးရတွေကို တရားရုံးအမိန့်ကို အပြည့်အဝ လိုက်နာဖို့ တောင်းဆိုပါတယ်။ အဲဒီနိုင်ငံက အာဏာပိုင်တွေအနေနဲ့ ကျွန်တော်တို့ ကြားနာပွဲမှာ ပါဝင်ခွင့်ရစေမယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ တောင်းဆို ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပန်နာလိုဇာ က ၎င်းတို့၏ ခုခံချေပမှုအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ၏ အကူအညီများကို တောင်းခံခဲ့သော်လည်း မည်သည့်အကူအညီမျိုး လိုအပ်သည်ကိုမူ အသေးစိတ် ပြောကြား ခြင်း မရှိပေ။

(ဆက်စပ်ဗီဒီယို- “ မင်းတို့ ငရဲပြည်ကို ရောက်လာပြီ” – အယ်ဆာဗေးဒိုး အကျဉ်းထောင် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဖွဲ့အစည်းများက မှတ်တမ်းတင်ထားပုံ)

အဆိုပါ ဗင်နီဇွဲလားနိုင်ငံသားများသည် မတ်လအတွင်းက အမေရိကန်ပြည်ထောင်စုမှ အယ်ဆာဗေးဒိုးသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သမ္မတထရန့်သည် ထရန်ဒီ အာရာဂူရာ(“ Tren de Aragua” ) ဂိုဏ်းဝင်များအဖြစ် သတ်မှတ်ခံရသူများကို ကြားနာ စစ်ဆေး ခြင်း သို့မဟုတ် ပုံမှန်လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများ မလုပ်ဆောင်ဘဲ ပြည်နှင် ဒဏ် ပေးနိုင်ရန်အတွက် ၁၇၉၈ ခုနှစ်ကတည်းက ရှိခဲ့ပြီး စစ်မက်ဖြစ်ပွားချိန်တွင်သာ အသုံးနည်းလှသည့် “ နိုင်ငံခြားသားရန်သူ အက်ဥပဒေ” (Alien Enemy Act) ကို အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေများနှင့် မိသားစုဝင် အများအပြားကမူ အဆိုပါ အမျိုးသားများသည် ဂိုဏ်းစတားများ နှင့် မည်သည့်ပတ်သက်မှုမျှ မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး ထိန်းသိမ်းခံရသူများ မည်သည့်နေရာ သို့ ရောက်ရှိနေသည်ကိုပင် မိသားစုဝင်များ သိရှိခွင့်မရဘဲ အမှောင်ချခံထားရသည်ဟု ဆိုကြ သည်။

ယခုကဲ့သို့ ပြည်နှင်ဒဏ်ပေးမှုများသည် လူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သော ဝေဖန်မှုများကို ခံခဲ့ရပြီး ထရန့်အစိုးရနှင့် တရားဥပဒေအရ ရင်ဆိုင်တိုက်ပွဲဝင်မှုများ ပေါ်ပေါက်လာစေခဲ့သည်။

နိုင်ငံရေးအရ အတိုချုပ် သုံးသပ်ချက်။ ဤဖြစ်ရပ်သည် အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်သော မူဝါဒများနှင့် တရားစီရင်ရေးကဏ္ဍအကြား ပဋိပက္ခဖြစ်ပွားနေမှုကို မီးမောင်းထိုးပြနေသည်။ ၁၈ ရာစုက ဥပဒေဟောင်းတစ်ခုကို အသုံးပြု၍ ကြားနာစစ်ဆေးမှုမရှိဘဲ ပြည်နှင်ဒဏ်ပေးခြင်းသည် အမေရိကန် ဒီမိုကရေစီ၏ တရားမျှတမှု စံနှုန်းများနှင့် ပတ်သက်၍ ကြီးမားသော အငြင်းပွားမှုများကို ဖြစ်ပေါ်စေ ခဲ့ပါသည်။

အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စု၏သတင်းစာရှင်းလင်းပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 33 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 58 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင် သိချင်မှ သိပါလိမ့်မည်။ သို့သော် သင့်အိမ်ထဲတွင် ယင်းသတ္တု အမြောက် အမြား ရှိနေပါသည်။